အာဆီယံအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံဆွေးနွေးရေး အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား နစကဖိတ်ကြားစာပို့

0
169

အာဆီယံအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံဆွေးနွေးရေး အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား နစကဖိတ်ကြားစာပို့

မြန်မာနိုင်ငံသို့ မတ်လ၂၀ရက်တွင် လာရောက်မည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သည့် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ Prak Sokhonnနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ရန် နစကဘက်က ဖိတ်ကြားစာများအား ပေးပို့ထားသည်ဟုသိရသည်။

အပစ်ရပ်လက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ (PPST)မှတဆင့် ဖိတ်ကြားထားခြင်းဖြစ်သည်ဟု ဖိတ်ကြားစာရအဖွဲ့များကပြောသည်။

နိုင်ငံတွင် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့ရှိနေသည်။

“အာဆီယံအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံဖို့ဖိတ်တာပါ”ဟု ဖိတ်ကြားစာရအဖွဲ့တစ်ခုကပြောသည်။

မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်မည့် အာဆီယံသံတမန်တစ်ဦးအနေဖြင့် နိုင်ငံတွင်းရှိ အဖွဲ့စုံဖြင့် တွေ့ဆုံဆွေးနွေးရန်ရှိနေသည်။

နစကဘက်ကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခွင့်ပေးမည်ဟု ပြောဆိုထားပြီး တရားရင်ဆိုင်နေရသူများ၊အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသူများနှင့်မူ တွေ့ဆုံခွင့်ပေးဖို့ရန် ခဲယဉ်းကြောင်း ပြောဆိုထားမှုရှိထားသည်။

အာဆီယံခေါင်းဆောင်အချို့ကမူအာဆီယံအထူးကိုယ်စားလှယ်အား ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီအရေးတက်ကြွသူများနှင့်တွေ့ဆုံရန် တိုက်တွန်းထားမှုရှိသည်။

Zaw Gyi

အာဆီယံအထူးကိုယ္စားလွယ္ႏွင့္ေတြ႕ဆုံေဆြးေႏြးေရး အပစ္ရပ္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအား နစကဖိတ္ၾကားစာပို႔

ျမန္မာႏိုင္ငံသို႔ မတ္လ၂၀ရက္တြင္ လာေရာက္မည့္ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ျဖစ္သည့္ ကေမာၻဒီးယား ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ မစၥတာ Prak Sokhonnႏွင့္ အပစ္ရပ္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားၾကား ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ႏိုင္ရန္ နစကဘက္က ဖိတ္ၾကားစာမ်ားအား ေပးပို႔ထားသည္ဟုသိရသည္။

အပစ္ရပ္လက္မွတ္ေရးထိုးထားေသာတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST)မွတဆင့္ ဖိတ္ၾကားထားျခင္းျဖစ္သည္ဟု ဖိတ္ၾကားစာရအဖြဲ႕မ်ားကေျပာသည္။

ႏိုင္ငံတြင္ အပစ္ရပ္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၁၀ဖြဲ႕ရွိေနသည္။

“အာဆီယံအထူးကိုယ္စားလွယ္နဲ႔ေတြ႕ဆုံဖို႔ဖိတ္တာပါ”ဟု ဖိတ္ၾကားစာရအဖြဲ႕တစ္ခုကေျပာသည္။

ျမန္မာႏိုင္ငံသို႔ ပထမဆုံးလာေရာက္မည့္ အာဆီယံသံတမန္တစ္ဦးအေနျဖင့္ ႏိုင္ငံတြင္းရွိ အဖြဲ႕စုံျဖင့္ ေတြ႕ဆုံေဆြးေႏြးရန္ရွိေနသည္။

နစကဘက္ကမူ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အပါအဝင္ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေတြ႕ဆုံခြင့္ေပးမည္ဟု ေျပာဆိုထားၿပီး တရားရင္ဆိုင္ေနရသူမ်ား၊အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ခံထားရသူမ်ားႏွင့္မူ ေတြ႕ဆုံခြင့္ေပးဖို႔ရန္ ခဲယဥ္းေၾကာင္း ေျပာဆိုထားမႈရွိထားသည္။

အာဆီယံေခါင္းေဆာင္အခ်ိဳ႕ကမူအာဆီယံအထူးကိုယ္စားလွယ္အား ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ဒီမိုကေရစီအေရးတက္ႂကြသူမ်ားႏွင့္ေတြ႕ဆုံရန္ တိုက္တြန္းထားမႈရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here