နေပြည်တော်အခြေစိုက်ပါတီ ၄ ပါတီအပါအဝင် နိုင်ငံရေးပါတီ ၈၁ ပါတီအား စစ်ဆေးပြီးဖြစ်ဟု UEC ထုတ်ပြန်

0
87

နေပြည်တော်အခြေစိုက်ပါတီ ၄ ပါတီအပါအဝင် နိုင်ငံရေးပါတီ ၈၁ ပါတီအား စစ်ဆေးပြီးဖြစ်ဟု UEC ထုတ်ပြန်

နိုင်ငံရေးပါတီ ၈၁ ပါတီ၏ ပါတီဝင်အင်အား၊ပါ တီပိုင်ရန်ပုံငွေ၊ပစ္စည်းများစုဆောင်းထိန်းသိမ်းခြင်း၊သုံးစွဲခြင်း၊စစ်ဆေးခြင်းနှင့်စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ပါတီဆိုင်ရာလုပ်ငန်းများအား စ နစ်တကျဆောင်ရွက်ထားခြင်းရှိ၊မရှိတို့အား ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စစ်ဆေးပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နေပြည်တော်အခြေစိုက် ၄ ပါတီ၊ကချင်ပြည်နယ်အခြေစိုက် ၅ ပါတီ၊ကရင်ပြည်နယ်အခြေစိုက် ၂ ပါတီ၊စစ်ကိုင်းတိုင်းအခြေစိုက်ပါတီ ၂ ပါတီ၊တနင်္သာရီတိုင်းအခြေစိုက် ၁ ပါတီ၊ပဲခူးတိုင်းအခြေစိုက် ၃ ပါတီ၊မန္တလေးတိုင်းအခြေစိုက် ၂ ပါတီ၊မွန်ပြည်နယ်အခြေစိုက် ၃ ပါတီ၊ရခိုင်ပြည် နယ်အခြေစိုက် ၇ ပါတီ၊ရန်ကုန်တိုင်းအခြေစိုက် ၃၆ ပါတီ၊ရှမ်းပြည်နယ်အခြေစိုက် ၁၅ ပါတီနှင့်ဧရာဝတီတိုင်းအခြေစိုက် ၁ ပါတီတို့ဖြစ်သည်။

ထို့ပြင် စစ်ဆေးရခြင်းမရှိသေးသည့် ရန်ကုန်တိုင်းအခြေစိုက် မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊လူ့ဘောင်သစ်ဒီမိုက ရက်တစ်ပါတီနှင့်ကရင်အမျိုးသားပါတီတို့အား မတ် ၇ ရက်မှ ၁၁ ရက်အထိ လာရောက်စစ်ဆေးခံရန် အကြောင်း ကြားထားသည်ဟု UEC မှသိရသည်။

အလားတူ ရခိုင်ပြည်နယ်အခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ချင်းပြည်နယ်အခြေစိုက် ခူမီး(ခမီး)အမျိုးသားပါတီတို့အား မတ် ၁၀ ရက်မှ ၁၂ ရက်အထိ ရခိုင်ပြည်နယ်၌ လာရောက်စစ် ဆေးခံရန် UEC မှအကြောင်းကြားထားသည်။

ချင်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီနှင့်ရန်ကုန်တိုင်းအခြေစိုက် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကိုလည်း ချင်း ပြည်နယ်၌ စစ်ဆေးခံရန် အကြောင်းကြားထားကြောင်း UEC မှသိရသည်။

UEC မှနိုင်ငံရေးပါတီများအားစစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှဦးဆောင်ကာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ပြည်တွင်းအခွန်များဦးစီးဌာနနှင့် စာရင်း စစ်ချုပ်ရုံးတို့မှ ကိုယ်စားလှယ်များဖြင့် စစ်ဆေးခြင်းဖြစ်သည်။

UEC မှနိုင်ငံရေးပါတီများအား စစ်ဆေးရာတွင် စစ်ဆေးခံခြင်းမရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့အား မတ် ၉ ရက်မတိုင်မီလာရောက်စစ်ဆေးခံရန် ညွှန်ကြားထားကြောင်း သိရသည်။

သတ်မှတ်ရက်အတွင်းလာရောက်စစ်ဆေးခံခြင်းမရှိပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ – ၂၄(ဂ)၊(ဃ)၊(င) တို့နှင့်အညီအရေးယူသွားမည်ဟု UEC မှထပ်မံအကြောင်းကြားထားသည်။

Zaw Gyi

ေနျပည္ေတာ္အေျခစိုက္ပါတီ ၄ ပါတီအပါအဝင္ ႏိုင္ငံေရးပါတီ ၈၁ ပါတီအား စစ္ေဆးၿပီးျဖစ္ဟု UEC ထုတ္ျပန္

ႏိုင္ငံေရးပါတီ ၈၁ ပါတီ၏ ပါတီဝင္အင္အား၊ပါ တီပိုင္ရန္ပုံေငြ၊ပစၥည္းမ်ားစုေဆာင္းထိန္းသိမ္းျခင္း၊သုံးစြဲျခင္း၊စစ္ေဆးျခင္းႏွင့္စာရင္းရွင္းလင္းဖ်က္သိမ္းျခင္း၊ပါတီဆိုင္ရာလုပ္ငန္းမ်ားအား စ နစ္တက်ေဆာင္႐ြက္ထားျခင္းရွိ၊မရွိတို႔အား ျပည္ ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ စစ္ေဆးၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့သည္။

ေနျပည္ေတာ္အေျခစိုက္ ၄ ပါတီ၊ကခ်င္ျပည္နယ္အေျခစိုက္ ၅ ပါတီ၊ကရင္ျပည္နယ္အေျခစိုက္ ၂ ပါတီ၊စစ္ကိုင္းတိုင္းအေျခစိုက္ပါတီ ၂ ပါတီ၊တနသၤာရီတိုင္းအေျခစိုက္ ၁ ပါတီ၊ပဲခူးတိုင္းအေျခစိုက္ ၃ ပါတီ၊မႏၲေလးတိုင္းအေျခစိုက္ ၂ ပါတီ၊မြန္ျပည္နယ္အေျခစိုက္ ၃ ပါတီ၊ရခိုင္ျပည္ နယ္အေျခစိုက္ ၇ ပါတီ၊ရန္ကုန္တိုင္းအေျခစိုက္ ၃၆ ပါတီ၊ရွမ္းျပည္နယ္အေျခစိုက္ ၁၅ ပါတီႏွင့္ဧရာဝတီတိုင္းအေျခစိုက္ ၁ ပါတီတို႔ျဖစ္သည္။

ထို႔ျပင္ စစ္ေဆးရျခင္းမရွိေသးသည့္ ရန္ကုန္တိုင္းအေျခစိုက္ ျမန္မာ့လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီ၊လူ႔ေဘာင္သစ္ဒီမိုက ရက္တစ္ပါတီႏွင့္ကရင္အမ်ိဳးသားပါတီတို႔အား မတ္ ၇ ရက္မွ ၁၁ ရက္အထိ လာေရာက္စစ္ေဆးခံရန္ အေၾကာင္း ၾကားထားသည္ဟု UEC မွသိရသည္။

အလားတူ ရခိုင္ျပည္နယ္အေျခစိုက္ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ခ်င္းျပည္နယ္အေျခစိုက္ ခူမီး(ခမီး)အမ်ိဳးသားပါတီတို႔အား မတ္ ၁၀ ရက္မွ ၁၂ ရက္အထိ ရခိုင္ျပည္နယ္၌ လာေရာက္စစ္ ေဆးခံရန္ UEC မွအေၾကာင္းၾကားထားသည္။

ခ်င္းျပည္နယ္အေျခစိုက္ တိုင္းရင္းသားလူမ်ိဳးစုမ်ားဖြံ႕ၿဖိဳးေရးပါတီႏွင့္ရန္ကုန္တိုင္းအေျခစိုက္ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီတို႔ကိုလည္း ခ်င္း ျပည္နယ္၌ စစ္ေဆးခံရန္ အေၾကာင္းၾကားထားေၾကာင္း UEC မွသိရသည္။

UEC မွႏိုင္ငံေရးပါတီမ်ားအားစစ္ေဆးရာတြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္မ်ားမွဦးေဆာင္ကာ အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာန၊ျပည္တြင္းအခြန္မ်ားဦးစီးဌာနႏွင့္ စာရင္း စစ္ခ်ဳပ္႐ုံးတို႔မွ ကိုယ္စားလွယ္မ်ားျဖင့္ စစ္ေဆးျခင္းျဖစ္သည္။

UEC မွႏိုင္ငံေရးပါတီမ်ားအား စစ္ေဆးရာတြင္ စစ္ေဆးခံျခင္းမရွိသည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ပါတီႏွင့္ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္တို႔အား မတ္ ၉ ရက္မတိုင္မီလာေရာက္စစ္ေဆးခံရန္ ၫႊန္ၾကားထားေၾကာင္း သိရသည္။

သတ္မွတ္ရက္အတြင္းလာေရာက္စစ္ေဆးခံျခင္းမရွိပါက ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ – ၂၄(ဂ)၊(ဃ)၊(င) တို႔ႏွင့္အညီအေရးယူသြားမည္ဟု UEC မွထပ္မံအေၾကာင္းၾကားထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here