မြောက်ဥက္ကလာပမြို့နယ်တွင် အမျိုးသားတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ

0
118

မြောက်ဥက္ကလာပမြို့နယ်တွင် အမျိုးသားတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်၊(ည)ရပ် ကွက်တွင် မတ် ၆ ရက်(ယနေ့)နံနက်ပိုင်းက အ မျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

(ည)ရပ်ကွက်ရှိ ဧရာ(၁၅)လမ်း၌ နံနက် ၁၀ နာရီခန့်က ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကာ ကျည်ထိမှန်ဒဏ် ရာများရရှိခဲ့သည်ဟု သိရသည်။

“ပစ်ခံရတဲ့လူရဲ့နာမည်အရင်းကတော့မသိဘူး ဒီမှာသူ့ကိုခေါ်နေကြတာက ငမိုး လို့ပဲခေါ်တယ် သေနတ်နဲ့ပစ်ခံရပြီး ဒဏ်ရာတွေရသွားတယ် မသေပါဘူး”ဟုရပ်ကွက်နေသူတစ်ဦးကပြော သည်။

သေနတ်ဖြင့်ပစ်ခံရသည့် ငမိုး ဆိုသူအား အမည်မသိလက်နက်ကိုင်အမျိုးသားများက သေနတ်ဖြင့် နှစ်ချက်ခန့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ကျည်ထိမှန်ဒဏ်ရာရပြီးနောက် ငမိုး အားလုံခြုံရေးအဖွဲ့ဝင်များက ခေါ်ဆောင်သွားကာ ဖြစ်စဥ်အနီးတဝိုက်အား စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

Zaw Gyi








LEAVE A REPLY

Please enter your comment!
Please enter your name here