အချို့သောနေရာတို့တွင်၂၄နာရီ ဝန်အားလျော့ချခြင်းများ ဆက်လက်ဆောင်ရွက်မည်ဟု လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနထုတ်ပြန်

0
189

(Unicode)

အချို့သောနေရာတို့တွင်၂၄နာရီ ဝန်အားလျော့ချခြင်းများ ဆက်လက်ဆောင်ရွက်မည်ဟု လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနထုတ်ပြန်

သဘာ၀ဓာတ်ငွေ့တွင်းသစ် ၂ ခုကနေ ဓာတ်အားထုတ်လုပ်နိုင်ရေး အတွက်ရေအောက်ပိုက်လိုင်းအသစ်ချိတ်ဆက်တာတွေဆောင်ရွက်ဖို့ရှိတာကြောင့် လာမယ့် မတ်လ ၁၂ရက်နေ့ကနေ ၁၈ရက်အထိ နိုင်ငံတ၀န်း ၀န်အားလျှော့ချတာတွေလုပ်မှာဖြစ်လို့ နေရာအချို့မှာ ၂၄နာရီ ဝန်အားလျှော့ချတာတွေလုပ်ဖို့ရှိတယ်လို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်အသိပေးပါတယ်။

ပြည်သူတွေအနေနဲ့ အဆင်မပြေဖြစ်ခဲ့ရင် နားလည်ပေးဖို့နဲ့ လျော့နည်းလျှပ်စစ်အားတွေကို အမြန်ဆုံးဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်နေတဲ့အကြောင်းပါ တစ်ပါတည်းအသိပေးခဲ့တာလည်းတွေ့ရပါတယ်။

လက်ရှိမှာ နိုင်ငံတဝန်း လျှပ်စစ်မီးပြတ်တောက်တာတွေဖြစ်နေပါတယ်။ ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံကနေ ထွက်ရှိတဲ့ဓာတ်အားတွေကိုပို့လွှတ်တဲ့ တာဝါတိုင်အချို့ဖောက်ခွဲခံခဲ့ရလို့၊LNG ဓာတ်အားပေးစက်ရုံဆိုလည်း LNG စျေးနှုန်းမြင့်တက်လို့ မဝယ်ဘဲ ရပ်တန့်ထားရလို့ မီးပျက်တာလို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်အသိပေးထားတာရှိပါတယ်။

(Zawgyi)

အခ်ိဳ႕ေသာေနရာတို႔တြင္၂၄နာရီ ဝန္အားေလ်ာ့ခ်ျခင္းမ်ား ဆက္လက္ေဆာင္႐ြက္မည္ဟု လွ်ပ္စစ္စြမ္းအင္ဝန္ႀကီးဌာနထုတ္ျပန္

သဘာ၀ဓာတ္ေငြ႕တြင္းသစ္ ၂ ခုကေန ဓာတ္အားထုတ္လုပ္ႏိုင္ေရး အတြက္ေရေအာက္ပိုက္လိုင္းအသစ္ခ်ိတ္ဆက္တာေတြေဆာင္႐ြက္ဖို႔ရွိတာေၾကာင့္ လာမယ့္ မတ္လ ၁၂ရက္ေန႔ကေန ၁၈ရက္အထိ ႏိုင္ငံတ၀န္း ၀န္အားေလွ်ာ့ခ်တာေတြလုပ္မွာျဖစ္လို႔ ေနရာအခ်ိဳ႕မွာ ၂၄နာရီ ဝန္အားေလွ်ာ့ခ်တာေတြလုပ္ဖို႔ရွိတယ္လို႔ လွ်ပ္စစ္စြမ္းအင္ဝန္ႀကီးဌာနကထုတ္ျပန္အသိေပးပါတယ္။

ျပည္သူေတြအေနနဲ႔ အဆင္မေျပျဖစ္ခဲ့ရင္ နားလည္ေပးဖို႔နဲ႔ ေလ်ာ့နည္းလွ်ပ္စစ္အားေတြကို အျမန္ဆုံးျဖည့္ဆည္းႏိုင္ဖို႔ ေဆာင္႐ြက္ေနတဲ့အေၾကာင္းပါ တစ္ပါတည္းအသိေပးခဲ့တာလည္းေတြ႕ရပါတယ္။

လက္ရွိမွာ ႏိုင္ငံတဝန္း လွ်ပ္စစ္မီးျပတ္ေတာက္တာေတြျဖစ္ေနပါတယ္။ ဘီလူးေခ်ာင္းေရအားလွ်ပ္စစ္စက္႐ုံကေန ထြက္ရွိတဲ့ဓာတ္အားေတြကိုပို႔လႊတ္တဲ့ တာဝါတိုင္အခ်ိဳ႕ေဖာက္ခြဲခံခဲ့ရလို႔၊LNG ဓာတ္အားေပးစက္႐ုံဆိုလည္း LNG ေစ်းႏႈန္းျမင့္တက္လို႔ မဝယ္ဘဲ ရပ္တန႔္ထားရလို႔ မီးပ်က္တာလို႔ လွ်ပ္စစ္စြမ္းအင္ဝန္ႀကီးဌာနကထုတ္ျပန္အသိေပးထားတာရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here