မန္တလေးတွင် ပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုတစ်ခုဖြစ်ပွါးကာ မော်တော်ယာဉ်တစ်စီး၊ဆိုင်ကယ်များပါမီးလောင်သွား

0
215

မန္တလေးတွင် ပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုတစ်ခုဖြစ်ပွါးကာ မော်တော်ယာဉ်တစ်စီး၊ဆိုင်ကယ်များပါမီးလောင်သွား

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊(ဆ)ရပ်ကွက်၊၁၃၁(ရတနာ)လမ်း၊၅၅လမ်းနှင့်၅၆လမ်းကြားရှိ နေအိမ်တစ်အိမ်တွင် မတ်လ၆ရက်နေ့ည ၁၁နာရီ၄၃မိနစ်ကပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ၄၀’x၃၀’ သွပ်မိုးထရံကာနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

“မီးလောင်တာတော့ တစ်လုံးထဲပဲ။ဒါပေမယ့်ကား၊ဆိုင်ကယ်ပါလောင်တာ”ဟုမြို့ခံတစ်ဦးကပြောသည်။

မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မီးငြိမ်းသတ်ယာဉ် (၁၁)စီးရေသယ်ယာဉ်(၅)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၃၀)ဦး၊ အရန်တပ်ဖွဲ့ဝင် (၆၀)ဦး တို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရပြီး ည၁၁နာရီ၅၅မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ နံနက်၁၂နာရီ၁မိနစ်၌ မီးငြိမ်းသတ်နိုင်ခဲ့ကာ နေအိမ်မီးလောင်ရာတွင် နေအိမ်ပိုင်ရှင်ဖြစ်သူ အမျိုးသမီးတစ်ဦး ဘယ်ညာလက်မောင်းနှင့်ကျောကုန်း မီးဟပ်ဒဏ်ရာ(မစိုးရိမ်ရ)၊မိသားစုဝင်အမျိုးသားတစ်ဦး ဘယ်ခြေနှင့်ဘယ်ညာလက်ဖျံ မီးဟပ်ဒဏ်ရာ(မစိုးရိမ်ရ)များရရှိခဲ့ပြီး ၎င်းတို့အား လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရှိရသည်။

မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းအရင်းမှာ သွပ်မိုးထရံကာနေအိမ်အတွင်းရှိ ၈ပေပတ်လည် တက်တူးဆိုင်အတွင်းမှ Latop အားသွင်းထားသော ပလပ်ခုံ အပူလွန်ကဲရာမှ Short Circuit ဖြစ်ပြီး အနီးရှိ ဆိုဖာထိုင်ခုံပေါ် မီးပွားကျကာ မီးစတင်လောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖြစ်ပွားသော နေအိမ်မီးလောင်မှုတွင် နေအိမ်အတွင်းရှိ ဟွန်ဒါစီဗစ်အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်(125)မော်တော်ဆိုင်ကယ်လေးစီးတို့ပါ မီးလောင်ဆုံးရှုံးခဲ့ရပြီး မီးလောင်မှုဖြစ်ပွားသည့်နေအိမ်ပိုင်ရှင်
အမျိုးသမီးအား ပြည်ကြီးတံခွန်မြို့နယ်စက်မှုနယ်မြေရဲစခန်းတွင် ပ-၆၇/၂၀၂၂) ပုဒ်မ-၂၈၅ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

ဓါတ်ပုံ-မီးသတ်တပ်ဖွဲ့ /Aung Soe Oo

Zaw Gyi

မႏၲေလးတြင္ ပလပ္ခုံအပူလြန္ကဲရာမွ မီးေလာင္မႈတစ္ခုျဖစ္ပြါးကာ ေမာ္ေတာ္ယာဥ္တစ္စီး၊ဆိုင္ကယ္မ်ားပါမီးေလာင္သြား

မႏၲေလးၿမိဳ႕၊ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊(ဆ)ရပ္ကြက္၊၁၃၁(ရတနာ)လမ္း၊၅၅လမ္းႏွင့္၅၆လမ္းၾကားရွိ ေနအိမ္တစ္အိမ္တြင္ မတ္လ၆ရက္ေန႔ည ၁၁နာရီ၄၃မိနစ္ကပလပ္ခုံအပူလြန္ကဲရာမွ မီးေလာင္မႈတစ္ခုျဖစ္ပြားခဲ့ၿပီး ၄၀’x၃၀’ သြပ္မိုးထရံကာေနအိမ္တစ္လုံး မီးေလာင္ဆုံးရႈံးခဲ့ရေၾကာင္း မီးသတ္ဦးစီးဌာနမွ စုံစမ္းသိရွိရသည္။

“မီးေလာင္တာေတာ့ တစ္လုံးထဲပဲ။ဒါေပမယ့္ကား၊ဆိုင္ကယ္ပါေလာင္တာ”ဟုၿမိဳ႕ခံတစ္ဦးကေျပာသည္။

မီးေလာင္ရာသို႔ မႏၲေလးတိုင္းေဒသႀကီးမီးသတ္ဦးစီးမႉး ဦးေဇာ္ဝင္းထြန္း ဦးေဆာင္၍ မီးၿငိမ္းသတ္ယာဥ္ (၁၁)စီးေရသယ္ယာဥ္(၅)စီး၊ အုပ္ခ်ဳပ္မႈယာဥ္(၃)စီး၊ သေႏၶတပ္ဖြဲ႕ဝင္ (၃၀)ဦး၊ အရန္တပ္ဖြဲ႕ဝင္ (၆၀)ဦး တို႔ျဖင့္ သြားေရာက္ၿငိမ္းသတ္ခဲ့ရၿပီး ည၁၁နာရီ၅၅မိနစ္တြင္ မီးထိန္းႏိုင္ခဲ့ကာ နံနက္၁၂နာရီ၁မိနစ္၌ မီးၿငိမ္းသတ္ႏိုင္ခဲ့ကာ ေနအိမ္မီးေလာင္ရာတြင္ ေနအိမ္ပိုင္ရွင္ျဖစ္သူ အမ်ိဳးသမီးတစ္ဦး ဘယ္ညာလက္ေမာင္းႏွင့္ေက်ာကုန္း မီးဟပ္ဒဏ္ရာ(မစိုးရိမ္ရ)၊မိသားစုဝင္အမ်ိဳးသားတစ္ဦး ဘယ္ေျခႏွင့္ဘယ္ညာလက္ဖ်ံ မီးဟပ္ဒဏ္ရာ(မစိုးရိမ္ရ)မ်ားရရွိခဲ့ၿပီး ၎တို႔အား လူမႈကူညီ
ေရာအသင္းယာဥ္ျဖင့္ ပုဂၢလိကေဆး႐ုံတစ္ခုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္းလည္း သိရွိရသည္။

မီးေလာင္မႈျဖစ္ပြားရျခင္း အေၾကာင္းအရင္းမွာ သြပ္မိုးထရံကာေနအိမ္အတြင္းရွိ ၈ေပပတ္လည္ တက္တူးဆိုင္အတြင္းမွ Latop အားသြင္းထားေသာ ပလပ္ခုံ အပူလြန္ကဲရာမွ Short Circuit ျဖစ္ၿပီး အနီးရွိ ဆိုဖာထိုင္ခုံေပၚ မီးပြားက်ကာ မီးစတင္ေလာင္ကြၽမ္းခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ယခုျဖစ္ပြားေသာ ေနအိမ္မီးေလာင္မႈတြင္ ေနအိမ္အတြင္းရွိ ဟြန္ဒါစီဗစ္အမ်ိဳးအစား ေမာ္ေတာ္ယာဥ္တစ္စီးႏွင့္(125)ေမာ္ေတာ္ဆိုင္ကယ္ေလးစီးတို႔ပါ မီးေလာင္ဆုံးရႈံးခဲ့ရၿပီး မီးေလာင္မႈျဖစ္ပြားသည့္ေနအိမ္ပိုင္ရွင္အမ်ိဳးသမီးအား ျပည္ႀကီးတံခြန္ၿမိဳ႕နယ္စက္မႈနယ္ေျမရဲစခန္းတြင္ ပ-၆၇/၂၀၂၂) ပုဒ္မ-၂၈၅ ျဖင့္အမႈဖြင့္ အေရးယူထားေၾကာင္း သိရွိရသည္။

ဓါတ္ပုံ-မီးသတ္တပ္ဖြဲ႕ /Aung Soe Oo


LEAVE A REPLY

Please enter your comment!
Please enter your name here