မြဝတီမြို့ရှိ မီးပွိုင့်ယာဥ်ထိန်းရုံးအနီးတွင် လက်လုပ်မိုင်းပေါက်ကွဲ

0
205

မြဝတီမြို့ရှိ မီးပွိုင့်ယာဥ်ထိန်းရုံးအနီးတွင် လက်လုပ်မိုင်းပေါက်ကွဲ

ကရင်ပြည်နယ်၊မြဝတီမြို့၊ဗိုလ်ချုပ်လမ်းနှင့်ဦးအောင်ဇေယျလမ်းထောင့်ရှိ မီးပွိုင့်ယာဥ်ထိန်းရုံးအနီးတွင် မတ် ၆ ရက်ည ၉ နာရီခွဲခန့်က လက် လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

အဆိုပါ လက်လုပ်မိုင်းသည် မီးပွိုင့်ယာဥ်ထိန်းရုံးအနီးရှိ လမ်းဘေးရေမြောင်းအတွင်းမှပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“ယာဥ်ထိန်းရုံးနားက ရေမြောင်းထဲမှာပေါက်တာ ပေါက်ကွဲသံကတော့အကျယ်ကြီးပဲ ယာဥ်ထိန်းရုံးက မြဝတီရဲစခန်းနဲ့ဆိုရင် သိပ်မဝေးဘူး ပေါက်ကွဲပြီးပြီးခြင်းပဲ ရဲတွေစစ်သားတွေချက်ခြင်းရောက် လာကြတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အခင်းဖြစ်စဥ်နေရာမှ လက်လုပ်မိုင်းအပိုင်းအစများအား လုံခြုံရေးအဖွဲ့ဝင်များကသိမ်းဆည်းရမိခဲ့ပြီး အနီးပတ်ဝန်းကျင်အား စစ်ဆေးမှုများပြု လုပ်ခဲ့ကြသည်ဟု သိရသည်။

Zaw Gyi

ျမဝတီၿမိဳ႕ရွိ မီးပြိဳင့္ယာဥ္ထိန္း႐ုံးအနီးတြင္ လက္လုပ္မိုင္းေပါက္ကြဲ

ကရင္ျပည္နယ္၊ျမဝတီၿမိဳ႕၊ဗိုလ္ခ်ဳပ္လမ္းႏွင့္ဦးေအာင္ေဇယ်လမ္းေထာင့္ရွိ မီးပြိဳင့္ယာဥ္ထိန္း႐ုံးအနီးတြင္ မတ္ ၆ ရက္ည ၉ နာရီခြဲခန္႔က လက္ လုပ္မိုင္းေပါက္ကြဲမႈျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားထံမွသိရသည္။

အဆိုပါ လက္လုပ္မိုင္းသည္ မီးပြိဳင့္ယာဥ္ထိန္း႐ုံးအနီးရွိ လမ္းေဘးေရေျမာင္းအတြင္းမွေပါက္ကြဲခဲ့ျခင္းျဖစ္သည္။

“ယာဥ္ထိန္း႐ုံးနားက ေရေျမာင္းထဲမွာေပါက္တာ ေပါက္ကြဲသံကေတာ့အက်ယ္ႀကီးပဲ ယာဥ္ထိန္း႐ုံးက ျမဝတီရဲစခန္းနဲ႔ဆိုရင္ သိပ္မေဝးဘူး ေပါက္ကြဲၿပီးၿပီးျခင္းပဲ ရဲေတြစစ္သားေတြခ်က္ျခင္းေရာက္ လာၾကတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိမႈႏွင့္ပ်က္စီးဆုံးရႈံးမႈမ်ားမျဖစ္ေပၚခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

အခင္းျဖစ္စဥ္ေနရာမွ လက္လုပ္မိုင္းအပိုင္းအစမ်ားအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားကသိမ္းဆည္းရမိခဲ့ၿပီး အနီးပတ္ဝန္းက်င္အား စစ္ေဆးမႈမ်ားျပဳ လုပ္ခဲ့ၾကသည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here