ရှမ်းပြည်နယ်ရှိ မြို့နယ်နှစ်ခုတွင် ပြည်ပသို့ပို့မည့် ငွေကျပ် ၅ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ ICE နှင့်စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

0
202

ရှမ်းပြည်နယ်ရှိ မြို့နယ်နှစ်ခုတွင် ပြည်ပသို့ပို့မည့် ငွေကျပ် ၅ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ ICE နှင့်စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

ရှမ်းပြည်နယ်၊ကွန်ဟိန်းမြို့နယ်နှင့်မိုင်းပျဉ်းမြို့ နယ်တို့၌ ကုန်တင်ကားနှစ်စီးပေါ်တွင် ပြောင်းအိတ်များဖြင့်ဖုံးအုပ်သယ်ဆောင်လာသည့် ICE နှင့်စိတ်ကြွဆေးပြာများအား မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ကွမ်ဟိန်းမြို့နယ်၊တောင်ကြီး-တာချီလိတ်သွားကားလမ်း၏ တာကော်တံတားပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကာလိဘက်မှမိုင်းပျဥ်းဘက်သို့ စိုင်းပေါင်းနွံခမ်း(ခ)ခမ်းဟန်စင့်(၃၀)နှစ် မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီးကုန်တင်ကားအား ရှာဖွေစစ်ဆေးခဲ့ကြသည်။

ကားပေါ်တွင် ပြောင်းအိတ်များဖြင့်ဖုံးအုပ်သယ် ဆောင်လာသည့် ICE ၁၅၀ ကီလိုနှင့်စိတ်ကြွဆေးပြား ၉ သိန်းပြားအား ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ကွင်း ဆက်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းပျဉ်းမြို့နယ်၊တောင်ကြီး-တာချီလိတ် သွားကားလမ်း ၏ မိုင်တိုင်အမှတ် ၂၈၄ အနီး၌ ရပ်ထားသည့် NISSAN DIESEL ၁၂ ဘီးကုန်တင်ကားအား စစ် ဆေးရာ ပြောင်းအိတ်များဖြင့် ဖုံးအုပ်သယ် ဆောင်လာသည့် ICE ၄၀၀ ကီလိုအား ထပ်မံသိမ်း ဆည်းရမိခဲ့သည်။

အဆိုပါ ICE နှင့်စိတ်ကြွဆေးပြာများအား ရှမ်း ပြည်နယ်(အရှေ့ပိုင်း)နယ်စပ်မှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥ ပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zaw Gyi

ရွမ္းျပည္နယ္ရွိ ၿမိဳ႕နယ္ႏွစ္ခုတြင္ ျပည္ပသို႔ပို႔မည့္ ေငြက်ပ္ ၅ ဒသမ ၅ ဘီလီယံေက်ာ္တန္ဖိုးရွိ ICE ႏွင့္စိတ္ႂကြေဆးျပားမ်ားဖမ္းဆီးရမိ

ရွမ္းျပည္နယ္၊ကြန္ဟိန္းၿမိဳ႕နယ္ႏွင့္မိုင္းပ်ဥ္းၿမိဳ႕ နယ္တို႔၌ ကုန္တင္ကားႏွစ္စီးေပၚတြင္ ေျပာင္းအိတ္မ်ားျဖင့္ဖုံးအုပ္သယ္ေဆာင္လာသည့္ ICE ႏွင့္စိတ္ႂကြေဆးျပာမ်ားအား မူးယစ္ေဆးဝါးတား ဆီးႏွိမ္နင္းေရးတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ကြမ္ဟိန္းၿမိဳ႕နယ္၊ေတာင္ႀကီး-တာခ်ီလိတ္သြားကားလမ္း၏ တာေကာ္တံတားပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ကာလိဘက္မွမိုင္းပ်ဥ္းဘက္သို႔ စိုင္းေပါင္းႏြံခမ္း(ခ)ခမ္းဟန္စင့္(၃၀)ႏွစ္ ေမာင္းႏွင္လာသည့္ NISSAN DIESEL ၁၂ ဘီးကုန္တင္ကားအား ရွာေဖြစစ္ေဆးခဲ့ၾကသည္။

ကားေပၚတြင္ ေျပာင္းအိတ္မ်ားျဖင့္ဖုံးအုပ္သယ္ ေဆာင္လာသည့္ ICE ၁၅၀ ကီလိုႏွင့္စိတ္ႂကြေဆးျပား ၉ သိန္းျပားအား ဖမ္းဆီးရမိခဲ့သည္။

ထိုသို႔ ဖမ္းဆီးရမိခဲ့ၿပီး စစ္ေဆးခ်က္အရ ကြင္း ဆက္အျဖစ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊မိုင္းပ်ဥ္းၿမိဳ႕နယ္၊ေတာင္ႀကီး-တာခ်ီလိတ္ သြားကားလမ္း ၏ မိုင္တိုင္အမွတ္ ၂၈၄ အနီး၌ ရပ္ထားသည့္ NISSAN DIESEL ၁၂ ဘီးကုန္တင္ကားအား စစ္ ေဆးရာ ေျပာင္းအိတ္မ်ားျဖင့္ ဖုံးအုပ္သယ္ ေဆာင္လာသည့္ ICE ၄၀၀ ကီလိုအား ထပ္မံသိမ္း ဆည္းရမိခဲ့သည္။

အဆိုပါ ICE ႏွင့္စိတ္ႂကြေဆးျပာမ်ားအား ရွမ္း ျပည္နယ္(အေရွ႕ပိုင္း)နယ္စပ္မွတစ္ဆင့္ ျပည္ပသို႔ သယ္ေဆာင္ျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရွိခဲ့ရသည္။

ထို႔ေၾကာင့္ ဖမ္းဆီးရမိသူအား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥ ပေဒအရအေရးယူကာ ဆက္စပ္ျပစ္မႈက်ဴးလြန္သူမ်ားအားဖမ္းဆီးရမိေရးအတြက္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here