ရခိုင်ပြည်နယ်ရှိ လူစည်ကားသောဈေးများမှ ဈေးရောင်းသူများ ကိုဗစ်ကာကွယ်ဆေးမထိုးထားလျှင် ဈေးရောင်းခွင့်ရမည်မဟုတ်

0
228

ရခိုင်ပြည်နယ်ရှိ လူစည်ကားသောဈေးများမှ ဈေးရောင်းသူများ ကိုဗစ်ကာကွယ်ဆေးမထိုးထားလျှင် ဈေးရောင်းခွင့်ရမည်မဟုတ်

ရခိုင်ပြည်နယ်ရှိ လူစည်ကားသောဈေးများမှ ဈေးရောင်းသူများ ကိုဗစ်ကာကွယ်ဆေးမထိုးထားလျှင် ဈေးရောင်းခွင့်ရမည်မဟုတ်ကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက သိရသည်။

ယင်းကြောင့် အဆိုပါ ဈေးသည်များအနေဖြင့် ကိုဗစ်ကာကွယ် ဆေးထိုးထားခြင်းရှိ၊မရှိ အထွေထွေအုပ်ချုပ်ရေးရုံး ၊ စည်ပင်သာယာရေးအဖွဲ့ ၊ ရဲတပ်ဖွဲ့နှင့် အခြား သက်ဆိုင်ရာ ဌာနဆိုင်ရာများပူးပေါင်း၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။

“အစည်းအဝေးမှာ ဆုံးဖြတ်တာပါ။လူစည်းကားတဲ့ဈေးတွေ အပြင် Super Market တွေမှာ ရှိတဲ့ အရောင်းဝန်ထမ်းတွေလည်း ပါမှာပေါ့။ပြီးတော့ တချို့တွေက အိမ်တွေမှာ ဖွင့်ထားတဲ့ စတိုးဆိုင်ကြီးတွေမှာ ဝန်ထမ်းတွေ ရှိတယ် ။သူတို့လည်း ပါတယ်။ ကိုဗစ်ဆေးနှစ်ကြိမ်ထိုးနှံပြီးပြီလားဆိုတာကို စစ်ဆေးမယ်။ ကပ်ပြားကို ပြရမယ်။မထိုးရသေးရင် ထိုးရမယ်။မထိုးရသေးသူတွေ ထိုးရမယ်။မထိုးရသေးသူတွေ စာရင်းကောက်ပြီးတော့ ထိုးပေးမယ်။ဒါတွေက ကိုဗစ် ကူစက်မှုကို ကာကွယ်တဲ့သဘောနဲ့ လုပ်တာပါ”ဟု ယင်းကပြောသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ရာနှုန်းပြည့် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးရေးကို မြို့နယ်အလိုက် စီမံချက်များကိုရေးဆွဲလုပ်ဆောင်နေခြင်းဖြစ်ပြီး ယခုအခါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားသူ ၈၄ ရာခိုင်နှုန်းရှိပြီ ဖြစ်ကြောင်း သိရသည်။

Zaw Gyi

ရခိုင္ျပည္နယ္ရွိ လူစည္ကားေသာေဈးမ်ားမွ ေဈးေရာင္းသူမ်ား ကိုဗစ္ကာကြယ္ေဆးမထိုးထားလွ်င္ ေဈးေရာင္းခြင့္ရမည္မဟုတ္

ရခိုင္ျပည္နယ္ရွိ လူစည္ကားေသာေဈးမ်ားမွ ေဈးေရာင္းသူမ်ား ကိုဗစ္ကာကြယ္ေဆးမထိုးထားလွ်င္ ေဈးေရာင္းခြင့္ရမည္မဟုတ္ေၾကာင္း ရခိုင္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီက သိရသည္။

ယင္းေၾကာင့္ အဆိုပါ ေဈးသည္မ်ားအေနျဖင့္ ကိုဗစ္ကာကြယ္ ေဆးထိုးထားျခင္းရွိ၊မရွိ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံး ၊ စည္ပင္သာယာေရးအဖြဲ႕ ၊ ရဲတပ္ဖြဲ႕ႏွင့္ အျခား သက္ဆိုင္ရာ ဌာနဆိုင္ရာမ်ားပူးေပါင္း၍ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း အဆိုပါေကာင္စီမွ ေျပာေရးဆိုခြင့္ရွိသူ ျပည္နယ္ဥပေဒခ်ဳပ္ ဦးလွသိန္းကေျပာသည္။

“အစည္းအေဝးမွာ ဆုံးျဖတ္တာပါ။လူစည္းကားတဲ့ေဈးေတြ အျပင္ Super Market ေတြမွာ ရွိတဲ့ အေရာင္းဝန္ထမ္းေတြလည္း ပါမွာေပါ့။ၿပီးေတာ့ တခ်ိဳ႕ေတြက အိမ္ေတြမွာ ဖြင့္ထားတဲ့ စတိုးဆိုင္ႀကီးေတြမွာ ဝန္ထမ္းေတြ ရွိတယ္ ။သူတို႔လည္း ပါတယ္။ ကိုဗစ္ေဆးႏွစ္ႀကိမ္ထိုးႏွံၿပီးၿပီလားဆိုတာကို စစ္ေဆးမယ္။ ကပ္ျပားကို ျပရမယ္။မထိုးရေသးရင္ ထိုးရမယ္။မထိုးရေသးသူေတြ ထိုးရမယ္။မထိုးရေသးသူေတြ စာရင္းေကာက္ၿပီးေတာ့ ထိုးေပးမယ္။ဒါေတြက ကိုဗစ္ ကူစက္မႈကို ကာကြယ္တဲ့သေဘာနဲ႔ လုပ္တာပါ”ဟု ယင္းကေျပာသည္။

ရခိုင္ျပည္နယ္တစ္ခုလုံးတြင္ ရာႏႈန္းျပည့္ ကိုဗစ္ကာကြယ္ေဆးထိုးႏွံၿပီးစီးေရးကို ၿမိဳ႕နယ္အလိုက္ စီမံခ်က္မ်ားကိုေရးဆြဲလုပ္ေဆာင္ေနျခင္းျဖစ္ၿပီး ယခုအခါ ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးႏွံထားသူ ၈၄ ရာခိုင္ႏႈန္းရွိၿပီ ျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here