လျှပ်စစ်ဖြန့်ဝေမှုတစ်ပတ်ရပ်နားမှာမဟုတ်ဘဲ အချိန်ပိုင်းလိုက်ခွဲပေးမှာသာဖြစ်

0
264

လျှပ်စစ်ဖြန့်ဝေမှုတစ်ပတ်ရပ်နားမှာမဟုတ်ဘဲ အချိန်ပိုင်းလိုက်ခွဲပေးမှာသာဖြစ်

လျှပ်စစ်ဖြန့်ဝေမှုတစ်ပတ်ရပ်နားမယ်ဆိုပြီး သတင်းများထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ လျှပ်စစ်ကိုအချိန်ပိုင်းအလိုက်ခွဲပေးမှသာဖြစ်ကြောင်း လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။

လျှပ်စစ်ဖြန့်ဝေမှုတစ်ပတ်ရပ်မယ့်ကိစ္စနဲ့ပတ်သက်ပြီးမည်သည့်ပုံစံနဲ့ မီးဖြန့်ဝေမည်ဆိုတာကို ပြည်သူများမှမေးခွန်းထုတ်နေကြတဲ့အပေါ် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ယခုကဲ့သို့ပြန်လည်ဖြေကြားထားခြင်းဖြစ်သည်။

လျှပ်စစ်မီးမှာ အများထင်သကဲ့သို့ တစ်ပတ်လုံးပျက်မည်မှာ မဟုတ်ဘဲ ပိုက်လိုင်းပြုပြင်ချိန်သာ တစ်ပတ်ကြမည်ဖြစ်သောကြောင့် လျှပ်စစ်မီးကိုအချိန်ပိုင်းအလိုက်ခွဲပေးသွားရန်စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။

သဘာ၀ဓာတ်ငွေ့တွင်းသစ် ၂ ခုကနေ ဓာတ်အားထုတ်လုပ်နိုင်ရေး အတွက်ရေအောက်ပိုက်လိုင်းအသစ်ချိတ်ဆက်တာတွေဆောင်ရွက်ဖို့ရှိတာကြောင့် လာမယ့် မတ်လ ၁၂ရက်နေ့ကနေ ၁၈ရက်အထိ နိုင်ငံတ၀န်း ၀န်အားလျှော့ချတာတွေလုပ်မှာဖြစ်လို့ နေရာအချို့မှာ ၂၄နာရီ ဝန်အားလျှော့ချတာတွေလုပ်ဖို့ရှိတယ်လို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်အသိပေးထားသည်။

လက်ရှိမှာ နိုင်ငံတဝန်း လျှပ်စစ်မီးပြတ်တောက်တာမှုတွေဖြစ်နေပြီး ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံကနေ ထွက်ရှိတဲ့ဓာတ်အားတွေကိုပို့လွှတ်တဲ့ တာဝါတိုင်အချို့ဖောက်ခွဲခံခဲ့ရခြင်း၊ LNG ဓာတ်အားပေးစက်ရုံဆိုလည်း LNG စျေးနှုန်းမြင့်တက်လို့ မဝယ်ဘဲ ရပ်တန့်ထားရလို့ မီးပျက်တာဖြစ်ကြောင်းလျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here