ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂၆၁၀ နှစ် မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်လှစ်

0
214

(Unicode)

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂၆၁၀ နှစ် မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်လှစ်

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂၆၁၀ နှစ် မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးအား မတ် ၇ ရက်(ယနေ့)နံနက် ၉ နာရီက ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ် ရာဟုထောင့်အောင်မြေအနီးရှိ ချမ်းသာကြီးတန်ဆောင်း၌ စတင်ဖွင့်လှစ်ခဲ့သည်။

ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးအားစတင်ဖွင့်လှစ်ရာတွင် ပဋ္ဌာန်းဘာဏကဆရာတော် ဉူးကေလာသ မှ‘‘နီလာ နီလာ’’အစချီသည့် မဟာပဋ္ဌာန်း ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် မြတ်စွာဘုရားရှင်အားပင့်လျှောက်ခဲ့သည်။

ထို့နောက် ပဋ္ဌာန်းဘာဏကဆရာတော် ဘဒ္ဒန္တသောဘန မှနတ်ဗြဟ္မာအပေါင်းအား ဂါထာပါး၍ ဖိတ်ကြားခြင်းတို့ပြုလုပ်ပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒါစရိယ ဆ ရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ(ယောဆရာတော်)၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အ ပါဠိပါရဂူ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့သြဝါဒါစရိယထံမှ ဧည့်ပရိ သတ်များက ကိုးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် ၂၆၁၀ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကျင်းပခြင်းအား အလှည့်ကျသဘာ ပတိ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက လျှောက်ထားပြီး မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဉာဏ်ရောင် မြတ်တန်ဆောင်အား ပူဇော်သည့်အနေဖြင့် ရွှေတိဂုံစေတီတော်သြဝါဒါစရိယဆရာတော် ဆရာတော်ဘဒ္ဒန္တ ပဝရာဘိဝံသ၊ (ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်) နှင့်အလှည့်ကျသဘာပတိဂေါပကအဖွဲ့ဝင်ဦးဘိုးသင်း တို့ကဆီမီးများထွန်းညှိပူဇော်ခဲ့ကြသည်။

ထို့ပြင် အလှည့်ကျဘာဏကဆရာတော်မှ ပဋ္ဌာန်းဒေသနာတော်အား စတင်ရွတ်ဖတ်ပူဇော်၍ အသံမစဲမဟာပဋ္ဌာန်းဖွင့်ပွဲအားပြုလုပ်ခဲ့သည်။

(Zawgyi)

ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီး၏ ၂၆၁၀ ႏွစ္ ေျမာက္ ဗုဒၶပူဇနိယတေပါင္းပြဲေတာ္ဖြင့္လွစ္

ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီး၏ ၂၆၁၀ ႏွစ္ ေျမာက္ ဗုဒၶပူဇနိယ တေပါင္းပြဲေတာ္ႀကီးအား မတ္ ၇ ရက္(ယေန႔)နံနက္ ၉ နာရီက ေ႐ႊတိဂုံေစတီေတာ္ ရင္ျပင္ေတာ္ေပၚ ရာဟုေထာင့္ေအာင္ေျမအနီးရွိ ခ်မ္းသာႀကီးတန္ေဆာင္း၌ စတင္ဖြင့္လွစ္ခဲ့သည္။

ဗုဒၶပူဇနိယတေပါင္းပြဲေတာ္ႀကီးအားစတင္ဖြင့္လွစ္ရာတြင္ ပ႒ာန္းဘာဏကဆရာေတာ္ ဥဴးေကလာသ မွ‘‘နီလာ နီလာ’’အစခ်ီသည့္ မဟာပ႒ာန္း ေရာင္ျခည္ေတာ္ဖြင့္ဂါထာျဖင့္ ျမတ္စြာဘုရားရွင္အားပင့္ေလွ်ာက္ခဲ့သည္။

ထို႔ေနာက္ ပ႒ာန္းဘာဏကဆရာေတာ္ ဘဒၵႏၲေသာဘန မွနတ္ျဗဟၼာအေပါင္းအား ဂါထာပါး၍ ဖိတ္ၾကားျခင္းတို႔ျပဳလုပ္ၿပီး ေ႐ႊတိဂုံေစတီေတာ္ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕ ၾသဝါဒါစရိယ ဆ ရာေတာ္ ဘဒၵႏၲသီရိႏၵာဘိဝံသ(ေယာဆရာေတာ္)၊ အဂၢမဟာပ႑ိတ၊ သ.စ.အ ပါဠိပါရဂူ၊ တိပိဋကဓရ ဓမၼဘ႑ာဂါရိက၊ တိပိဋကဓရ တိပိဋကေကာဝိဒေ႐ြးခ်ယ္ေရးအဖြဲ႕ၾသဝါဒါစရိယထံမွ ဧည့္ပရိ သတ္မ်ားက ကိုးပါးသီလခံယူေဆာက္တည္ၾကသည္။

ယင္းေနာက္ ၂၆၁၀ ႏွစ္ေျမာက္ ဗုဒၶပူဇနိယ တေပါင္းပြဲေတာ္က်င္းပျခင္းအား အလွည့္က်သဘာ ပတိ ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕ဝင္ ဦးဘိုးသင္းက ေလွ်ာက္ထားၿပီး ျမတ္စြာဘုရားရွင္၏ သဗၺညဳတဉာဏ္ေရာင္ ျမတ္တန္ေဆာင္အား ပူေဇာ္သည့္အေနျဖင့္ ေ႐ႊတိဂုံေစတီေတာ္ၾသဝါဒါစရိယဆရာေတာ္ ဆရာေတာ္ဘဒၵႏၲ ပဝရာဘိဝံသ၊ (ပါဠိတကၠသိုလ္ေညာင္တုန္းေက်ာင္းတိုက္) ႏွင့္အလွည့္က်သဘာပတိေဂါပကအဖြဲ႕ဝင္ဦးဘိုးသင္း တို႔ကဆီမီးမ်ားထြန္းညႇိပူေဇာ္ခဲ့ၾကသည္။

ထို႔ျပင္ အလွည့္က်ဘာဏကဆရာေတာ္မွ ပ႒ာန္းေဒသနာေတာ္အား စတင္႐ြတ္ဖတ္ပူေဇာ္၍ အသံမစဲမဟာပ႒ာန္းဖြင့္ပြဲအားျပဳလုပ္ခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here