မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်သို့ သယ်ဆောင်မည့် ငွေကျပ် ၁ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရန်ကုန်တွင်ဖမ်းဆီးရမိ

0
210

မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်သို့ သယ်ဆောင်မည့် ငွေကျပ် ၁ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရန်ကုန်တွင်ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်တွင် သက်နိုင်ဆိုသူ မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်ထဲမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား သိမ်းဆည်းရမိခဲ့ရာမှတဆင့် သတင်းကွင်းဆက်အနေဖြင့် ငွေကျပ်ဘီလီယံတန်ဖိုးရှိမူးယစ်ဆေးဝါးများဖမ်းဆီးရမိမှုတစ်ခု ဖြစ်ပေါ်ခဲ့ကြောင့် မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် က သက်နိုင်ဆိုသူ မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်ထဲမှမူးယစ်ဆေးဝါးများတွေ့ပြီးနောက် မွန်းလွဲ ၂ နာရီအချိန် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်း(၂/ခ)ရပ်ကွက်၊ ဘူတာလမ်းတွင် မူးယစ်ဆေးဝါးများသယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ကျော်လွင်ဆိုသူကို Beijing မော်တော်ယာဉ် နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ညနေ ၃ နာရီအချိန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၄)ရပ်ကွက်၊ ရွှေစင် (၁)လမ်း၊ အိမ်အမှတ်(၄၄/၂၂၃)၊ A-1 မြေညီထပ်ရှိ ကျော်လွင် ၏ တိုက်ခန်းအား ဆက်လက်ရှာဖွေရာ နေအိမ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၂ သိန်း နှင့် ဘိန်းဖြူဘလောက်တုံး ၇၆ တုံး၊ အလေးချိန် ၂၅ ဒသမ ၈၄ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းမိမူးယစ်ဆေးဝါးများ၏ ဒေသကာလတန်ဖိုးမှာငွေကျပ် ၁ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိကာ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၄ သိန်း၊ ဘိန်းဖြူ ၂၅ ဒသမ ၈၄ ကီလို သိမ်းဆည်းရမိခဲ့သည်ဟုသိရသည်။

စစ်ဆေးဖော်ထုတ် ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ရခိုင်ပြည်နယ်၊ မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်သို့ သယ်ဆောင်မည်ဖြစ်ကြောင်းဖမ်းမိထားသူတို့ကထွက်ဆိုထားရာ လက်ရှိတွင် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း CCDAC MYANMAR မှသိရသည်။

Zaw Gyi

ျမန္မာ-ဘဂၤလားေဒ့ရ္ွနယ္စပ္သို႔ သယ္ေဆာင္မည့္ ေငြက်ပ္ ၁ ဒသမ ၃ ဘီလီယံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ရန္ကုန္တြင္ဖမ္းဆီးရမိ

ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ ခ်စ္တီးကုန္းရပ္ကြက္တြင္ သက္ႏိုင္ဆိုသူ ေမာင္းႏွင္ လာသည့္ ေမာ္ေတာ္ဆိုင္ကယ္ထဲမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၀၀၀၀ ျပား သိမ္းဆည္းရမိခဲ့ရာမွတဆင့္ သတင္းကြင္းဆက္အေနျဖင့္ ေငြက်ပ္ဘီလီယံတန္ဖိုးရွိမူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိမႈတစ္ခု ျဖစ္ေပၚခဲ့ေၾကာင့္ မူးယစ္ရဲတပ္ဖြဲ႕မွ သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ မတ္လ ၃ ရက္ေန႔ မြန္းလြဲ ၁ နာရီခြဲအခ်ိန္ က သက္ႏိုင္ဆိုသူ ေမာင္းႏွင္ လာသည့္ ေမာ္ေတာ္ဆိုင္ကယ္ထဲမွမူးယစ္ေဆးဝါးမ်ားေတြ႕ၿပီးေနာက္ မြန္းလြဲ ၂ နာရီအခ်ိန္ မဂၤလာဒုံၿမိဳ႕နယ္၊ ခ်စ္တီးကုန္း(၂/ခ)ရပ္ကြက္၊ ဘူတာလမ္းတြင္ မူးယစ္ေဆးဝါးမ်ားသယ္ေဆာင္ေရာင္းဝယ္ရာ၌ ပူးေပါင္းပါဝင္သူ ေက်ာ္လြင္ဆိုသူကို Beijing ေမာ္ေတာ္ယာဥ္ ႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး ညေန ၃ နာရီအခ်ိန္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၄၄)ရပ္ကြက္၊ ေ႐ႊစင္ (၁)လမ္း၊ အိမ္အမွတ္(၄၄/၂၂၃)၊ A-1 ေျမညီထပ္ရွိ ေက်ာ္လြင္ ၏ တိုက္ခန္းအား ဆက္လက္ရွာေဖြရာ ေနအိမ္ အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄ ဒသမ ၂ သိန္း ႏွင့္ ဘိန္းျဖဴဘေလာက္တုံး ၇၆ တုံး၊ အေလးခ်ိန္ ၂၅ ဒသမ ၈၄ ကီလို ထပ္မံသိမ္းဆည္းရမိခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ဖမ္းမိမူးယစ္ေဆးဝါးမ်ား၏ ေဒသကာလတန္ဖိုးမွာေငြက်ပ္ ၁ ဒသမ ၃ ဘီလီယံေက်ာ္တန္ဖိုးရွိကာ စုစုေပါင္း စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄ ဒသမ ၄ သိန္း၊ ဘိန္းျဖဴ ၂၅ ဒသမ ၈၄ ကီလို သိမ္းဆည္းရမိခဲ့သည္ဟုသိရသည္။

စစ္ေဆးေဖာ္ထုတ္ ခ်က္မ်ားအရ သိမ္းဆည္းရမိ မူးယစ္ေဆးဝါးမ်ားအား ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ ရန္ကုန္တိုင္းေဒသႀကီးသို႔ သယ္ေဆာင္ၿပီး ၎မွတစ္ဆင့္ ရခိုင္ျပည္နယ္၊ ျမန္မာ-ဘဂၤလားေဒ့ရ္ွနယ္စပ္သို႔ သယ္ေဆာင္မည္ျဖစ္ေၾကာင္းဖမ္းမိထားသူတို႔ကထြက္ဆိုထားရာ လက္ရွိတြင္ ၎တို႔အား ဥပေဒအရအေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆး ေဖာ္ထုတ္ လ်က္ရွိေၾကာင္း CCDAC MYANMAR မွသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here