အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၏ အလုပ်အမှု ဆောင်ညွှန်ကြားရေးမှူးတာဝန်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့စတင်တာဝန်ထမ်းဆောင်

0
134

(Unicode)

အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံး၏ အလုပ်အမှု ဆောင်ညွှန်ကြားရေးမှူးတာဝန်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့စတင်တာဝန်ထမ်းဆောင်

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အာဆီယံအတွင်းရေးမှူးရုံး ၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးတာဝန်အား မတ် ၃ ရက်နံနက် ၁၁ နာရီက ကမ္ဘောဒီးယားနိုင်ငံရှိ Sokha Phnom Penh ဟိုတယ်၌လက်ခံရ ယူခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲမှူးကြီးဇော်လင်းထွန်းက စင်္ကာပူနိုင်ငံရဲတပ်ဖွဲ့၊ Deputy Assistant Commissioner Jim Wee ထံမှ အလုပ်အမှု ဆောင်ညွှန်ကြားရေးမှူးတာဝန်အားလွှဲပြောင်းလက်ခံရယူခဲ့ခြင်းဖြစ်သည်။

အာဆီယံအတွင်းရေးမှူးရုံး၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးတာဝန်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိတာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မလေးရှားနိုင်ငံရဲတပ်ဖွဲ့၊စင်္ကာပူနိုင်ငံရဲတပ်ဖွဲ့တို့မှ ရဲချုပ်များနှင့်ကမ္ဘောဒီးယားနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ်တို့ အလုပ်အမှု ဆောင်ညွှန်ကြားရေးမှူးတာဝန် လွှဲပြောင်းခြင်းအ ခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်မြို့၌ မတ် ၁ ရက်မှ ၄ ရက်အထိ ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒု-ဗိုလ်ချုပ်ကြီးသန်းလှိုင်နှင့်ရဲအရာရှိကြီးများတက်ရောက်ခဲ့သည့် ၄၀ ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံအား ကျင်းပပြုလုပ်ခဲ့သည်။

(Zawgyi)

အာဆီယံရဲအဖြဲ႕အတြင္းေရးမႉး႐ုံး၏ အလုပ္အမႈ ေဆာင္ၫႊန္ၾကားေရးမႉးတာဝန္အား ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕စတင္တာဝန္ထမ္းေဆာင္

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ အာဆီယံအတြင္းေရးမႉး႐ုံး ၏ အလုပ္အမႈေဆာင္ၫႊန္ၾကားေရးမႉးတာဝန္အား မတ္ ၃ ရက္နံနက္ ၁၁ နာရီက ကေမာၻဒီးယားႏိုင္ငံရွိ Sokha Phnom Penh ဟိုတယ္၌လက္ခံရ ယူခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ရဲမႉးႀကီးေဇာ္လင္းထြန္းက စကၤာပူႏိုင္ငံရဲတပ္ဖြဲ႕၊ Deputy Assistant Commissioner Jim Wee ထံမွ အလုပ္အမႈ ေဆာင္ၫႊန္ၾကားေရးမႉးတာဝန္အားလႊဲေျပာင္းလက္ခံရယူခဲ့ျခင္းျဖစ္သည္။

အာဆီယံအတြင္းေရးမႉး႐ုံး၏ အလုပ္အမႈေဆာင္ၫႊန္ၾကားေရးမႉးတာဝန္အား ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အေနျဖင့္ ၂၀၂၂ ခုႏွစ္မွ ၂၀၂၃ ခုႏွစ္အထိတာဝန္ထမ္းေဆာင္ရမည္ျဖစ္သည္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊မေလးရွားႏိုင္ငံရဲတပ္ဖြဲ႕၊စကၤာပူႏိုင္ငံရဲတပ္ဖြဲ႕တို႔မွ ရဲခ်ဳပ္မ်ားႏွင့္ကေမာၻဒီးယားႏိုင္ငံရဲတပ္ဖြဲ႕မွ ဒုတိယရဲခ်ဳပ္တို႔ အလုပ္အမႈ ေဆာင္ၫႊန္ၾကားေရးမႉးတာဝန္ လႊဲေျပာင္းျခင္းအ ခမ္းအနားသို႔ တက္ေရာက္ခဲ့ၾကသည္။

ကေမာၻဒီးယားႏိုင္ငံ၊ဖႏြမ္းပင္ၿမိဳ႕၌ မတ္ ၁ ရက္မွ ၄ ရက္အထိ ျပည္ထဲေရးဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီး၊ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲခ်ဳပ္ ဒု-ဗိုလ္ခ်ဳပ္ႀကီးသန္းလႈိင္ႏွင့္ရဲအရာရွိႀကီးမ်ားတက္ေရာက္ခဲ့သည့္ ၄၀ ႀကိမ္ေျမာက္ အာဆီယံရဲအဖြဲ႕ညီလာခံအား က်င္းပျပဳလုပ္ခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here