မန္တလေး ပုသိမ်ကြီးမြို့နယ်တွင် အမျိုးသားတစ်ဦး လက်ဘရည်ဆိုင်ထိုင်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရ

0
137

(Unicode)

မန္တလေး ပုသိမ်ကြီးမြို့နယ်တွင် အမျိုးသားတစ်ဦး လက်ဘရည်ဆိုင်ထိုင်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးခရိုင်၊ပုသိမ်ကြီးမြို့နယ်၊ရွှေစာရံကျေးရွာအုပ်စု၊ကျွဲနဖားကျေးရွာရှိ..လက်ဘရည်ဆိုင်တွင် မတ်လ၇ရက် မွန်းလွဲ၂နာရီ၂၀မိနစ်က အမျိုးသားတစ်ဦး လက်ဘရည်ဆိုင်ထိုင်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“သေသွားတဲ့သူက ကုလားကြီးခြံရွာက ကိုဝင်းကြိုင်ပါ။ရဲတော့မဟုတ်ဘူးဗျ။ရဲဝန်ထမ်းဟောင်းတစ်ယောက်လားမသိဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ကျွဲနဖားကျေးရွာရှိ …လက်ဖက်ရည်ဆိုင်တွင် ပုသိမ်ကြီးမြို့နယ်‌၊ ငွေတောင်ကျေးရွာအုပ်စု၊ကုလားကြီး
ခြံကျေးရွာနေသူဦးတိုးကြိုင်သည် လက်ဘရည်ထိုင်သောက်နေစဉ် အမည်မသိ အမျိုးသား လူငယ် ၂ ဦး သည် ဆိုင်ကယ်အနက်ရောင်ဖြင့် ရောက်ရှိလာပြီး အနောက်တွင် ထိုင်လိုက်လာသူ အမျိုးသားလူငယ်မှ လက်ဘက်ရည်ဆိုင်အတွင်းသို့ ဝင်ရောက်ပြီး ဦးတိုးကြိုင်အား ပစ္စတိုသေနတ်ဖြင့် ၂ ချက်ပစ်ခတ်၍ ကျွဲနဖားကျေးရွာလမ်းမှ မန္တလေး-ပြင်ဦးလွင် အဆင်းလမ်းအတိုင်း အနောက်ဘက်သို့ ဆိုင်ကယ်ဖြင့်မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟုလုံခြုံရေးတပ်ဖွဲ့ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ဦးတိုးကြိုင်မှာ ဝဲဘက်နောက်စေ့ ဖောက်ဝင်ဒဏ်ရာဖြင့် ထိုင်ခုံပေါ်တွင် ထိုင်လျက်သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသူ၏ ဆိုင်ကယ်ထဲတွင် ကော်သေနတ်တစ်လက်နှင့် လက်ထိပ်တစ်ခုတို့ကို တွေ့ရှိခဲ့သည်ဟုလည်းသိရသည်။

(Zawgyi)

မႏၲေလး ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး လက္ဘရည္ဆိုင္ထိုင္ေနစဥ္ ေသနတ္ျဖင့္ ပစ္သတ္ခံရ

မႏၲေလးခ႐ိုင္၊ပုသိမ္ႀကီးၿမိဳ႕နယ္၊ေ႐ႊစာရံေက်း႐ြာအုပ္စု၊ကြၽဲနဖားေက်း႐ြာရွိ..လက္ဘရည္ဆိုင္တြင္ မတ္လ၇ရက္ မြန္းလြဲ၂နာရီ၂၀မိနစ္က အမ်ိဳးသားတစ္ဦး လက္ဘရည္ဆိုင္ထိုင္ေနစဥ္ ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ စုံစမ္းသိရွိရသည္။

“ေသသြားတဲ့သူက ကုလားႀကီးၿခံ႐ြာက ကိုဝင္းႀကိဳင္ပါ။ရဲေတာ့မဟုတ္ဘူးဗ်။ရဲဝန္ထမ္းေဟာင္းတစ္ေယာက္လားမသိဘူး”ဟု ေဒသခံတစ္ဦးကေျပာသည္။

ျဖစ္စဥ္မွာ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေ႐ႊစာရံေက်း႐ြာအုပ္စု၊ ကြၽဲနဖားေက်း႐ြာရွိ …လက္ဖက္ရည္ဆိုင္တြင္ ပုသိမ္ႀကီးၿမိဳ႕နယ္‌၊ ေငြေတာင္ေက်း႐ြာအုပ္စု၊ကုလားႀကီး
ၿခံေက်း႐ြာေနသူဦးတိုးႀကိဳင္သည္ လက္ဘရည္ထိုင္ေသာက္ေနစဥ္ အမည္မသိ အမ်ိဳးသား လူငယ္ ၂ ဦး သည္ ဆိုင္ကယ္အနက္ေရာင္ျဖင့္ ေရာက္ရွိလာၿပီး အေနာက္တြင္ ထိုင္လိုက္လာသူ အမ်ိဳးသားလူငယ္မွ လက္ဘက္ရည္ဆိုင္အတြင္းသို႔ ဝင္ေရာက္ၿပီး ဦးတိုးႀကိဳင္အား ပစၥတိုေသနတ္ျဖင့္ ၂ ခ်က္ပစ္ခတ္၍ ကြၽဲနဖားေက်း႐ြာလမ္းမွ မႏၲေလး-ျပင္ဦးလြင္ အဆင္းလမ္းအတိုင္း အေနာက္ဘက္သို႔ ဆိုင္ကယ္ျဖင့္ေမာင္းႏွင္ထြက္ေျပးသြားခဲ့သည္ဟုလုံၿခဳံေရးတပ္ဖြဲ႕ အသိုင္းအဝိုင္းမွ စုံစမ္းသိရွိရသည္။

ဦးတိုးႀကိဳင္မွာ ဝဲဘက္ေနာက္ေစ့ ေဖာက္ဝင္ဒဏ္ရာျဖင့္ ထိုင္ခုံေပၚတြင္ ထိုင္လ်က္ေသဆုံးခဲ့ျခင္းျဖစ္သည္။

ေသဆုံးသြားသူ၏ ဆိုင္ကယ္ထဲတြင္ ေကာ္ေသနတ္တစ္လက္ႏွင့္ လက္ထိပ္တစ္ခုတို႔ကို ေတြ႕ရွိခဲ့သည္ဟုလည္းသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here