ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စာစစ်ဌာန ၁၂၈ ခုဖွင့်လှစ်ထားရှိ

0
139

(Unicode)

ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စာစစ်ဌာန ၁၂၈ ခုဖွင့်လှစ်ထားရှိ

ရခိုင်ပြည်နယ်အတွင်းရှိ ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအားဝင်ရောက်ဖြေဆိုမည့် ကျောင်း သား၊ကျောင်းသူများအတွက် စာစစ်ဌာန ၁၂၈ ခုဖွင့်လှစ်ထားရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထို့အတူ ရခိုင်ပြည်နယ်အတွင်း၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူပေါင်း ၄၅၅၉၂ ဦးရှိကြောင်း သိရသည်။

“မနှစ်က ရခိုင်ပြည်နယ်မှာ စာစစ်ဌာနပေါင်းက ၁၂၆ ခုရှိခဲ့တယ် ဒီနှစ်မှာတော့ မောင်တောမြို့နယ်မှာ စာစစ်ဌာနတစ်ခုနဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ စာစစ်ဌာနတစ်ခုထပ်တိုးလိုက်တဲ့အတွက် စာစစ်ဌာနပေါင်း ၁၂၈ ခုဖြစ်သွားတာပါ”ဟုပြည်နယ်ပညာ ရေးမှူးရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

မောင်တောမြို့နယ်ရှိ တောင်ပြိုစာစစ်ဌာနနှင့်ပု ဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းတောင်စာစစ်ဌာနတို့အား ထပ်မံတိုးချဲ့ခဲ့ခြင်းမှာ ယင်းနေရာများမှ ကျောင်းသား၊ကျောင်းသူများ သွားလာရေးလွယ် ကူအဆင်ပြေစေရန်အတွက် ထပ်မံတိုးချဲ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စာစစ်ဌာန နှစ်ခုထပ်မံတိုးချဲ့ထားသော် လည်း ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ အရေအတွက်မှာ ယမန်နှစ်ထက် ကျောင်းသား၊ကျောင်းသူ သုံးထောင်ကျော်လျော့ နည်းသွားကြောင်း သိရသည်။

ယမန်နှစ်က ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်း သား၊ကျောင်းသူ ၄၉၁၈၃ ဦးမှာ တက္ကသိုလ်ဝင်စာမေးပွဲအားဝင်ရောက်ဖြေဆိုခဲ့သဖြင့် ၂၀၂၂ ခုနှစ်တွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူအရေအတွက်ထက် ၃၅၀၀ ဦးခန့်လျော့နည်းသွားကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏စာရင်းများအရ သိရသည်။

(Zawgyi)

ရခိုင္ျပည္နယ္တြင္ တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုရန္ စာစစ္ဌာန ၁၂၈ ခုဖြင့္လွစ္ထားရွိ

ရခိုင္ျပည္နယ္အတြင္းရွိ ၂၀၂၂ ခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲအားဝင္ေရာက္ေျဖဆိုမည့္ ေက်ာင္း သား၊ေက်ာင္းသူမ်ားအတြက္ စာစစ္ဌာန ၁၂၈ ခုဖြင့္လွစ္ထားရွိသည္ဟု ျပည္နယ္ပညာေရးမႉး႐ုံးမွ သိရသည္။

ထို႔အတူ ရခိုင္ျပည္နယ္အတြင္း၌ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသား၊ေက်ာင္းသူေပါင္း ၄၅၅၉၂ ဦးရွိေၾကာင္း သိရသည္။

“မႏွစ္က ရခိုင္ျပည္နယ္မွာ စာစစ္ဌာနေပါင္းက ၁၂၆ ခုရွိခဲ့တယ္ ဒီႏွစ္မွာေတာ့ ေမာင္ေတာၿမိဳ႕နယ္မွာ စာစစ္ဌာနတစ္ခုနဲ႔ ပုဏၰားကြၽန္းၿမိဳ႕နယ္မွာ စာစစ္ဌာနတစ္ခုထပ္တိုးလိုက္တဲ့အတြက္ စာစစ္ဌာနေပါင္း ၁၂၈ ခုျဖစ္သြားတာပါ”ဟုျပည္နယ္ပညာ ေရးမႉး႐ုံးမွတာဝန္ရွိသူတစ္ဦးကေျပာသည္။

ေမာင္ေတာၿမိဳ႕နယ္ရွိ ေတာင္ၿပိဳစာစစ္ဌာနႏွင့္ပု ဏၰားကြၽန္းၿမိဳ႕နယ္ရွိ ကြမ္းေတာင္စာစစ္ဌာနတို႔အား ထပ္မံတိုးခ်ဲ႕ခဲ့ျခင္းမွာ ယင္းေနရာမ်ားမွ ေက်ာင္းသား၊ေက်ာင္းသူမ်ား သြားလာေရးလြယ္ ကူအဆင္ေျပေစရန္အတြက္ ထပ္မံတိုးခ်ဲ႕ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ စာစစ္ဌာန ႏွစ္ခုထပ္မံတိုးခ်ဲ႕ထားေသာ္ လည္း ဝင္ေရာက္ေျဖဆိုမည့္ ေက်ာင္းသား၊ေက်ာင္းသူ အေရအတြက္မွာ ယမန္ႏွစ္ထက္ ေက်ာင္းသား၊ေက်ာင္းသူ သုံးေထာင္ေက်ာ္ေလ်ာ့ နည္းသြားေၾကာင္း သိရသည္။

ယမန္ႏွစ္က ရခိုင္ျပည္နယ္အတြင္းရွိ ေက်ာင္း သား၊ေက်ာင္းသူ ၄၉၁၈၃ ဦးမွာ တကၠသိုလ္ဝင္စာေမးပြဲအားဝင္ေရာက္ေျဖဆိုခဲ့သျဖင့္ ၂၀၂၂ ခုႏွစ္တြင္ ဝင္ေရာက္ေျဖဆိုမည့္ ေက်ာင္းသား၊ေက်ာင္းသူအေရအတြက္ထက္ ၃၅၀၀ ဦးခန္႔ေလ်ာ့နည္းသြားေၾကာင္း ျပည္နယ္ပညာေရးမႉး႐ုံး၏စာရင္းမ်ားအရ သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here