ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့များ ကျေးရွားများအရောက်အိမ်တိုင်ရာရောက် ကွင်းဆင်း ဆေးထိုးနှံ

0
76

(Unicode)

ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့များ ကျေးရွားများအရောက်အိမ်တိုင်ရာရောက် ကွင်းဆင်း ဆေးထိုးနှံ

မြို့နယ်အသီးသီးရှိ ရပ်ကွက်များတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီးမှု ရှိ၊မရှိ လိုက်လံစာရင်းကောက်ယူနေပြီး ထိုးနှံမှုမရှိသေးပါက ကာကွယ်ဆေးထိုးရန် လိုက်လံနှိုးဆော်လျက်ရှိနေသည်။

မကွေးတိုင်း၊သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ်၊ထိန်အင်းကျေးရွာ အုပ်စုတွင်လည်း တာဝန်ရှိသူများက ကွင်းဆင်း၍ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးမထိုးနှံရသေးသောပြည်သူများအား အိမ် တိုင်ရာရောက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယခုရက်ထဲမှာပင် ထိန်အင်းကျေးရွာအုပ်စုအတွင်းရှိ ထိန်အင်းကျေးရွာ၊ကလန်စင်ကျေးရွာ၊ယင်းအိုင်ကျေးရွာ၊ကုတင်ကြီးကျေးရွာများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးနှံရသေးသောပြည်သူများအား အိမ်တိုင်ရာရောက်လိုက်လံထိုးနှံပေးခဲ့သည်ဟု မကွေးတိုင်းအစိုးရအဖွဲ့ကပြောသည်။

အလားတူ ဖွဲ့စည်းတာဝန်ပေးထားသော အခြားကာကွယ်ဆေးထိုးအဖွဲ့များလည်း တာဝန်ကျ ကျေးရွာများအထိ ဆက်လက်သွားရောက်ပြီး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများအား ညအိပ်သွားရောက်၍ ထိုးနှံပေးလျှက်ရှိနေသည်ဟုသိရသည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here