ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အဂတိအမှုများအတွက် ပယ်ဖျက်ပေးရန်လျောက်ထားမှု ကြားနာ မည်

0
250

(Unicode)

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အဂတိအမှုများအတွက် ပယ်ဖျက်ပေးရန်လျောက်ထားမှု ကြားနာ မည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာင်း ဖြစ်သူဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အဂတိအမှုများအတွက် ပယ်ဖျက်ပေးရန် လျောက်ထားမှုကို မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ကြားနာသွားရန်ရှိကြောင်း တရားရုံးနှင့်နီးစပ်သူအသိုင်းအဝိုင်းအချို့ထံမှသိရသည်။

အဆိုပါ လျောက်ထားမှုအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အဆင့်တွင် ကြားနာသွားမည်ဖြစ်ကာ ယင်းအတွက်ပယ်ဖျက်ပေးရန်လက်ခံသင့်/မသင့် ကိုဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဂတိမှုပုဒ်မ ၁၁မှုဖြင့် တရားရင်ဆိုင်နေရသော်လည်း မည့်သည့် ပုဒ်မများအတွက် ပယ်ဖျက်ပေးရန်လျောက်ထားခြင်းဆိုသည်ကိုမူ မသိရသေးပေ။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ပင် ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးနိုင်ငံလင်းတို့အပေါ် စွဲဆိုထားသော အဂတိအမှုများအတွက်လည်း ပယ်ဖျက်ပေးရန် ပူးတွဲလျောက်ထားကြောင်း သိရသည်။

အဆိုပါ လျောက်ထားမှုများကို ပြီးခဲ့သော ဖေဖော်ဝါရီလ ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့လေး ဦးအတွက် စုစုပေါင်း အဂတိမှု ၂၀ မှုအားပယ်ဖျက်ပေးရန် အဆိုပါနေ့တွင်ရှေ့နေများက လျှောက်လဲချက် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

(Zawgyi)

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားေသာ အဂတိအမႈမ်ားအတြက္ ပယ္ဖ်က္ေပးရန္ေလ်ာက္ထားမႈ ၾကားနာမည္

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ဟာင္း ျဖစ္သူေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားေသာ အဂတိအမႈမ်ားအတြက္ ပယ္ဖ်က္ေပးရန္ ေလ်ာက္ထားမႈကို မတ္လ ၁၅ ရက္ေန႔တြင္ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္တြင္ ၾကားနာသြားရန္ရွိေၾကာင္း တရား႐ုံးႏွင့္နီးစပ္သူအသိုင္းအဝိုင္းအခ်ိဳ႕ထံမွသိရသည္။

အဆိုပါ ေလ်ာက္ထားမႈအတြက္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္အဆင့္တြင္ ၾကားနာသြားမည္ျဖစ္ကာ ယင္းအတြက္ပယ္ဖ်က္ေပးရန္လက္ခံသင့္/မသင့္ ကိုဆုံးျဖတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ အဂတိမႈပုဒ္မ ၁၁မႈျဖင့္ တရားရင္ဆိုင္ေနရေသာ္လည္း မည့္သည့္ ပုဒ္မမ်ားအတြက္ ပယ္ဖ်က္ေပးရန္ေလ်ာက္ထားျခင္းဆိုသည္ကိုမူ မသိရေသးေပ။

ထို႔အျပင္ ေဒၚေအာင္ဆန္းစုၾကည္ ကဲ့သို႔ပင္ ေဒါက္တာမ်ိဳးေအာင္၊ ဦးရဲမင္းဦး၊ ဦးႏိုင္ငံလင္းတို႔အေပၚ စြဲဆိုထားေသာ အဂတိအမႈမ်ားအတြက္လည္း ပယ္ဖ်က္ေပးရန္ ပူးတြဲေလ်ာက္ထားေၾကာင္း သိရသည္။

အဆိုပါ ေလ်ာက္ထားမႈမ်ားကို ၿပီးခဲ့ေသာ ေဖေဖာ္ဝါရီလ ေဖေဖာ္ဝါရီ ေနာက္ဆုံးပတ္အတြင္းက ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္သို႔ တင္သြင္းခဲ့ျခင္းျဖစ္ၿပီး ၎တို႔ေလး ဦးအတြက္ စုစုေပါင္း အဂတိမႈ ၂၀ မႈအားပယ္ဖ်က္ေပးရန္ အဆိုပါေန႔တြင္ေရွ႕ေနမ်ားက ေလွ်ာက္လဲခ်က္ ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here