အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒသမအစည်းအဝေးကျင်းပ

0
343

(Unicode)

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒသမအစည်းအဝေးကျင်းပ

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒသမအစည်းအဝေး(ပထမနေ့)အဖြစ် မတ် ၈ ရက်နံနက် ၈ နာရီက သီရိမင်္ဂလာကမ္ဘာအေးကုန်း မြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပခဲ့သည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊မန္တ လေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မှသဘာပတိအဖြစ်ဆောင်ရွက်တော်မူပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြသည်။

အစည်းအဝေး၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ ကအစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာကို မြွတ်ကြားခဲ့ပြီး သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးကိုကို က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ တတိယအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းအား တာဝန်ကျအဖွဲ့ခွဲ(ကိုယ်စား)တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိ တ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသေဋ္ဌိလ နှင့်အဖွဲ့ဝင်ဆရာတော်များက ကဏ္ဍအလိုက်တင်သွင်းလျှောက်ထားခဲ့ကြသည်။

ထို့ပြင် ဝိနိစ္ဆယဆိုင်ရာကိစ္စများ၊ သာသနာ့ရေးရာကိစ္စများကို တင်ပြလျှောက်ထားရာ တာဝန်ကျအဖွဲ့ခွဲဆရာတော်များက ဝေဖန်ဆွေးနွေးတော်မူခဲ့ကြသည်။

(Zawgyi)

အ႒မအႀကိမ္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ၄၇ ပါးစုံညီ ဒသမအစည္းအေဝးက်င္းပ

ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ၄၇ ပါးစုံညီ ဒသမအစည္းအေဝး(ပထမေန႔)အျဖစ္ မတ္ ၈ ရက္နံနက္ ၈ နာရီက သီရိမဂၤလာကမာၻေအးကုန္း ေျမရွိ မဟာပါသာဏလိုဏ္ဂူသိမ္ေတာ္ႀကီး၌ က်င္းပခဲ့သည္။

ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဥကၠ႒၊မႏၲ ေလးၿမိဳ႕ ဗန္းေမာ္ေက်ာင္းတိုက္ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက ေဒါက္တာဘဒၵႏၲကုမာရာဘိဝံသ မွသဘာပတိအျဖစ္ေဆာင္႐ြက္ေတာ္မူၿပီး ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဝင္ ဆရာေတာ္ႀကီးမ်ားႂကြေရာက္ေတာ္မူခဲ့ၾကသည္။

အစည္းအေဝး၌ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဥကၠ႒ဆရာေတာ္ ေဒါက္တာဘဒၵႏၲ ကုမာရာဘိဝံသ ကအစည္းအေဝးဖြင့္ သာရဏီယ ၾသဝါဒကထာကို ႁမြတ္ၾကားခဲ့ၿပီး သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး ဦးကိုကို က သာသနာေရးဆိုင္ရာမ်ား ေလွ်ာက္ထားခဲ့သည္။

အ႒မအႀကိမ္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ (ပထမအဖြဲ႕ခြဲ)၏ တတိယအႀကိမ္ တာဝန္က်ရာကာလအတြင္း ေဆာင္႐ြက္ခ်က္အစီရင္ခံစာအက်ဥ္းအား တာဝန္က်အဖြဲ႕ခြဲ(ကိုယ္စား)တြဲဖက္အက်ိဳးေတာ္ေဆာင္ဆရာေတာ္ အဂၢမဟာပ႑ိ တ၊ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၲေသ႒ိလ ႏွင့္အဖြဲ႕ဝင္ဆရာေတာ္မ်ားက က႑အလိုက္တင္သြင္းေလွ်ာက္ထားခဲ့ၾကသည္။

ထို႔ျပင္ ဝိနိစၦယဆိုင္ရာကိစၥမ်ား၊ သာသနာ့ေရးရာကိစၥမ်ားကို တင္ျပေလွ်ာက္ထားရာ တာဝန္က်အဖြဲ႕ခြဲဆရာေတာ္မ်ားက ေဝဖန္ေဆြးေႏြးေတာ္မူခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here