တရုတ်-မြန်မာ နယ်စပ်ကိစ္စများချောမွေ့စေရေး ညှိနှိုင်း

0
183

တရုတ်-မြန်မာ နယ်စပ်ကိစ္စများချောမွေ့စေရေး ညှိနှိုင်း

မတ်လ ၈ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၊ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနနှင့် မြန်မာဖက်မှ အစိုးရဌာနများက နယ်စပ် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ နယ်စပ်ကုန်သွယ်မှု ချောမွေ့စေရေး ကိစ္စများကို ဗီဒီယိုစနစ်ဖြင့် လုပ်ငန်းအစည်းအဝေး ကျင်းပခဲ့သည်။

နှစ်နိုင်ငံနယ်စပ် ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေးတွင် တိုးတက်မှုများရှိ​နေ​ကြောင်း၊ အိုမီခရွန်ပြန့်ပွားနေမှု နှင့်နယ်စပ်ဒေသအပေါ် အကျိုးသက်ရောက်မှုများကို ဆွေးနွေးခဲ့ကြသည်။

နှစ်ဖက် ပူးတွဲကာကွယ်ထိန်းချုပ်ရေးကို ထပ်ဆင့်မြှင့်တင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုအင်အား တိုးမြှင့်ခြင်း၊ ဂိတ်ပေါက် ရှေ့သို့ရွှေ့ခြင်း၊ အကာအကွယ် တည်ဆောက်ခြင်းတို့ လုပ်​ဆောင်ရန် နှစ်ဖက် သဘောတူခဲ့ကြသည်။

ကပ်ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်၍ နယ်စပ်ဂိတ်ကုန်သွယ်မှု စနစ်တကျ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားပြီး နယ်စပ်ကုန်သွယ်ရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်​အောင်လုပ်မည်ဟု ​သ​ဘောတူခဲ့ကြသည်။

တရုတ်ဘက်က နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရေး၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုရောင်းဝယ်မှု၊ လောင်းကစားမှု၊ ဆက်သွယ်ရေးလိမ်လည်မှု စသည့် တရားမဝင်လှုပ်ရှားမှုများ တိုက်ဖျက်ရေး တို့နှင့်စပ်လျဉ်း၍ ရပ်တည်ချက်များရှင်းလင်းပြောကြားခဲ့သည်။

မြန်မာဘက်ကလည်း တရုတ်နိုင်ငံနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက် ၍ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံမှုကို ထိန်းသိမ်းမည်ဟု ပြောကြားခဲ့သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး သံမှူးကြီး Ms. Li Xiaoyan ၊ စီးပွားရေးသံမှူး Mr. Tan Shufu ၊ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန ဌာနမှူး Mr. Li Chenyang နှင့် မြန်မာနိုင်ငံဖက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန စသည့်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Zaw Gyi

တ႐ုတ္-ျမန္မာ နယ္စပ္ကိစၥမ်ားေခ်ာေမြ႕ေစေရး ညႇိႏႈိင္း

မတ္လ ၈ ရက္ေန႔က ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံး၊ ယူနန္ျပည္နယ္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဦးစီးဌာနႏွင့္ ျမန္မာဖက္မွ အစိုးရဌာနမ်ားက နယ္စပ္ ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး၊ နယ္စပ္ကုန္သြယ္မႈ ေခ်ာေမြ႕ေစေရး ကိစၥမ်ားကို ဗီဒီယိုစနစ္ျဖင့္ လုပ္ငန္းအစည္းအေဝး က်င္းပခဲ့သည္။

ႏွစ္ႏိုင္ငံနယ္စပ္ ကပ္ေရာဂါ ပူးတြဲကာကြယ္ထိန္းခ်ဳပ္ေရးတြင္ တိုးတက္မႈမ်ားရွိ​ေန​ေၾကာင္း၊ အိုမီခ႐ြန္ျပန႔္ပြားေနမႈ ႏွင့္နယ္စပ္ေဒသအေပၚ အက်ိဳးသက္ေရာက္မႈမ်ားကို ေဆြးေႏြးခဲ့ၾကသည္။

ႏွစ္ဖက္ ပူးတြဲကာကြယ္ထိန္းခ်ဳပ္ေရးကို ထပ္ဆင့္ျမႇင့္တင္ရန္အတြက္ ပူးေပါင္းေဆာင္႐ြက္မႈအင္အား တိုးျမႇင့္ျခင္း၊ ဂိတ္ေပါက္ ေရွ႕သို႔ေ႐ႊ႕ျခင္း၊ အကာအကြယ္ တည္ေဆာက္ျခင္းတို႔ လုပ္​ေဆာင္ရန္ ႏွစ္ဖက္ သေဘာတူခဲ့ၾကသည္။

ကပ္ေရာဂါကို ထိေရာက္စြာ ကာကြယ္ထိန္းခ်ဳပ္၍ နယ္စပ္ဂိတ္ကုန္သြယ္မႈ စနစ္တက် အဆင္ေျပေခ်ာေမြ႕စြာ ေဆာင္႐ြက္သြားၿပီး နယ္စပ္ကုန္သြယ္ေရး တည္ၿငိမ္စြာ ဖြံ႕ၿဖိဳးတိုးတက္​ေအာင္လုပ္မည္ဟု ​သ​ေဘာတူခဲ့ၾကသည္။

တ႐ုတ္ဘက္က နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းမႈကို ထိန္းသိမ္းေရး၊ နယ္စပ္ျဖတ္ေက်ာ္ ေမွာင္ခိုေရာင္းဝယ္မႈ၊ ေလာင္းကစားမႈ၊ ဆက္သြယ္ေရးလိမ္လည္မႈ စသည့္ တရားမဝင္လႈပ္ရွားမႈမ်ား တိုက္ဖ်က္ေရး တို႔ႏွင့္စပ္လ်ဥ္း၍ ရပ္တည္ခ်က္မ်ားရွင္းလင္းေျပာၾကားခဲ့သည္။

ျမန္မာဘက္ကလည္း တ႐ုတ္ႏိုင္ငံႏွင့္အတူ ဆက္လက္ပူးေပါင္းေဆာင္႐ြက္ ၍ နယ္စပ္ေဒသတည္ၿငိမ္ေရးႏွင့္ လုံၿခဳံမႈကို ထိန္းသိမ္းမည္ဟု ေျပာၾကားခဲ့သည္။

အစည္းအေဝးတြင္ ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံး သံမႉးႀကီး Ms. Li Xiaoyan ၊ စီးပြားေရးသံမႉး Mr. Tan Shufu ၊ ယူနန္ျပည္နယ္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဦးစီးဌာန ဌာနမႉး Mr. Li Chenyang ႏွင့္ ျမန္မာႏိုင္ငံဖက္မွ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္ထဲေရးဝန္ႀကီးဌာန စသည့္ဌာနမ်ားမွ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here