မြန်မာကျပ်ငွေနှင့်ထိုင်းဘတ်ငွေ တိုက်ရိုက်ပေး ချေနိုင်မှုကြောင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများပိုမိုတိုးတက်ကောင်မွန်လာမည်

0
125

မြန်မာကျပ်ငွေနှင့်ထိုင်းဘတ်ငွေ တိုက်ရိုက်ပေး ချေနိုင်မှုကြောင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများပိုမိုတိုးတက်ကောင်မွန်လာမည်

နစက ဥက္ကဋ္ဌမှ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mrs Suphatra Srimaitreephithak အား နေပြည်တော်၌ မတ် ၉ ရက်(ယနေ့)တွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။

ထို့အတူ မြန်မာ-ထိုင်းနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့်ချစ်ကြည်ရေးဆိုင်ရာကိစ္စများ၊ ကုန်သွယ်မှုလုပ်ငန်းများတွင် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေများကို တိုက်ရိုက်ပေးချေနိုင်မှုကြောင့် နှစ်နိုင်ငံကုန်သွယ်မှု လုပ်ငန်းများပိုမိုတိုးတက်ကောင်မွန်လာမည့်အခြေအနေနှင့်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ဒုတိယလှိုင်းကာလအတွင်း ကုသမှုအတွက်လိုအပ်သည့် အောက်စီဂျင်ရရှိရေး ထိုင်းနိုင်ငံမှကူညီဆောင် ရွက်ပေးမှုနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရေးဆောင်ရွက်လျက်ရှိသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးတို့က အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

တွေ့ဆုံပွဲအား နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီရဲဝင်းဦးနှင့်နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ခဲ့ကြသည်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့်အတူ သံရုံးမှတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

Zaw Gyi

ျမန္မာက်ပ္ေငြႏွင့္ထိုင္းဘတ္ေငြ တိုက္႐ိုက္ေပး ေခ်ႏိုင္မႈေၾကာင့္ ႏွစ္ႏိုင္ငံကုန္သြယ္မႈလုပ္ငန္းမ်ားပိုမိုတိုးတက္ေကာင္မြန္လာမည္

နစက ဥကၠ႒မွ တာဝန္ၿပီးဆုံး၍ ျပန္လည္ထြက္ခြာမည့္ ထိုင္းႏိုင္ငံသံအမတ္ႀကီး H.E Mrs Suphatra Srimaitreephithak အား ေနျပည္ေတာ္၌ မတ္ ၉ ရက္(ယေန႔)ေတြ႕ဆုံစဥ္ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္ သည္။

ထို႔အတူ ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံေရးႏွင့္ခ်စ္ၾကည္ေရးဆိုင္ရာကိစၥမ်ား၊ ကုန္သြယ္မႈလုပ္ငန္းမ်ားတြင္ ျမန္မာက်ပ္ေငြႏွင့္ ထိုင္းဘတ္ေငြမ်ားကို တိုက္႐ိုက္ေပးေခ်ႏိုင္မႈေၾကာင့္ ႏွစ္ႏိုင္ငံကုန္သြယ္မႈ လုပ္ငန္းမ်ားပိုမိုတိုးတက္ေကာင္မြန္လာမည့္အေျခအေနႏွင့္ရင္းႏွီး ျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ႀကိဳးပမ္းေဆာင္႐ြက္လွ်က္ရွိသည့္ အေျခအေနမ်ားအား ေဆြးေႏြးခဲ့ၾကသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံ၌ ကိုဗစ္(၁၉)ေရာဂါ ဒုတိယလႈိင္းကာလအတြင္း ကုသမႈအတြက္လိုအပ္သည့္ ေအာက္စီဂ်င္ရရွိေရး ထိုင္းႏိုင္ငံမွကူညီေဆာင္ ႐ြက္ေပးမႈႏွင့္လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ားရရွိေရးေဆာင္႐ြက္လ်က္ရွိသည္တို႔ကိုလည္း ေဆြးေႏြးခဲ့ၾကသည္။

ထို႔ေနာက္ နစက ဥကၠ႒ႏွင့္ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းသံအမတ္ႀကီးတို႔က အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

ေတြ႕ဆုံပြဲအား နစက ဥကၠ႒ႏွင့္အတူ ေကာင္စီတြဲဖက္အတြင္းေရးမႉးဒုတိယဗိုလ္ခ်ဳပ္ႀကီရဲဝင္းဦးႏွင့္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး ဦးဝဏၰေမာင္လြင္တို႔ တက္ေရာက္ခဲ့ၾကသည္။

အလားတူ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းသံအမတ္ႀကီးႏွင့္အတူ သံ႐ုံးမွတာဝန္ရွိသူမ်ားလည္း တက္ေရာက္ခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here