မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ယနေ့ တွေဆုံ

0
150

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ယနေ့ တွေဆုံ

ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား တွေ့ဆုံမှုတစ်ရပ်ကို ယနေ့ မတ်လ ၁၀ရက်တွင် ချင်းမိုင်မြို့၌ တွေ့ဆုံလျက်ရှိကြောင်းသိရသည်။

လက်ရှိအချိန်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် KNPPနှင့် KNU တို့ တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။

ယနေ့ တွေဆုံပွဲ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းအလိုက်မည်သည့်အကြောင်းအရာကို ဆွေးနွေးသွားမည်ဆိုသည်ကိုမသိရှိရသေးချေ။

သို့သော်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)အနေဖြင့် စစ်ရှောင်အရေးကိစ္စနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီရရှိကိုသာဦးစားပေးဆွေးနွေးသွားခဲ့ကြောင်း ချင်းမိုင်အခြေစိုက် သတင်းမီဒီယာတစ်ခု၏ရေးသားချက်အရ သိရသည်။

မစ္စတာ ဆာဆာကာဝါသည် ကရင်အမျိုးသားအစည်းအရုံး(ဗဟို)( KNU) နှင့် တွေ့ဆုံအပြီးတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့နှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ပုံစာ – 18-11-2021 မစ္စတာဆာဆာကာဝါ မြန်မာပြည်ခရီးစဉ် သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် မှတ်တမ်းဓါတ်ပုံ။

 


LEAVE A REPLY

Please enter your comment!
Please enter your name here