ထားဝယ်မြို့မှနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဟိန်းမင်းကိုကို အားပုဒ်မလေးခုအတွက် အလုပ်နှင့်ထောင်ဒဏ် ၂၈ နှစ်ချမှတ်

0
91

ထားဝယ်မြို့မှနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဟိန်းမင်းကိုကို အားပုဒ်မလေးခုအတွက် အလုပ်နှင့်ထောင်ဒဏ် ၂၈ နှစ်ချမှတ်

ထားဝယ်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုဟိန်းမင်းကိုကို(ခ)ဟိန်းလွင်ထူး (၂၀)နှစ်အား ထားဝယ်အကျဥ်းထောင်တွင်းတ ရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄ ခုအတွက် အလုပ်နှင့်ထောင်ဒဏ် ၂၈ နှစ်အမိန့်ချမှတ်ခဲ့သည်ဟု ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ယက်မှ သိရသည်။

ကိုဟိန်းမင်းကိုကို(ခ)ဟိန်းလွင်ထူးအား နစက ၏ လုံခြုံရေးအဖွဲ့ဝင်များမှ ၂၀၂၁ ခုနှစ်၊မတ် ၁၁ ရက်က ဘုမ္မော်ရပ်ကွက်တွင် သပိတ်စစ်ကြောင်းတစ်ခု၌ပါဝင်ချိန်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ဖမ်းဆီးခံရချိန်မှာ လက်မောင်းနဲ့ခြေထောက်တွေမှာ ရာဘာကျည်နဲ့အနီးကပ်ပစ်ခံထားရတယ် ဒဏ် ရာတွေကပြင်းတယ် နောက်ပြီးသူက ရှေ့နေမရှိဘဲတရားရင်ဆိုင်ခဲ့ရပြီး မတ် ၄ ရက်ကအပြီး သတ်အမိန့်ချမှတ်ခံခဲ့ရတာပါ”ဟု ထားဝယ်နိုင်ငံ ရေးအကျဥ်းသားများကွန်ယက်အဖွဲ့ဝင်တစ်ဦးကပြောသည်။

ကိုဟိန်းမင်းကိုကို(ခ)ဟိန်းလွင်ထူးအား ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)အတွက် ၂ နှစ်၊ပေါက် ကွဲပုဒ်မ-၃ အတွက် ၂ နှစ်၊ ပေါက်ကွဲပုဒ်မ-၃/၆ အတွက် ၁၂ နှစ်နှင့် ပေါက်ကွဲပုဒ်မ-၃/၅ အတွက် ၁၂ နှစ်(စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် ၂၈ နှစ်) အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဒီထောင်ဒဏ် ၂၈ နှစ်ဆိုတာဟာ ထားဝယ်နိုင်ငံ ရေးအကျဥ်းသားတွေကို အမိန့်ချခံရမှုတွေထဲမှာ အမြင့်ဆုံးထောင်ဒဏ်ဖြစ်ပါတယ်”ဟုထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ယက်အဖွဲ့ဝင်တစ်ဦးကပြောသည်။

Zaw Gyi

ထားဝယ္ၿမိဳ႕မွႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ကိုဟိန္းမင္းကိုကို အားပုဒ္မေလးခုအတြက္ အလုပ္ႏွင့္ေထာင္ဒဏ္ ၂၈ ႏွစ္ခ်မွတ္

ထားဝယ္ၿမိဳ႕မွ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူတစ္ဦးျဖစ္သည့္ ကိုဟိန္းမင္းကိုကို(ခ)ဟိန္းလြင္ထူး (၂၀)ႏွစ္အား ထားဝယ္အက်ဥ္းေထာင္တြင္းတ ရား႐ုံးမွ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄ ခုအတြက္ အလုပ္ႏွင့္ေထာင္ဒဏ္ ၂၈ ႏွစ္အမိန္႔ခ်မွတ္ခဲ့သည္ဟု ထားဝယ္ႏိုင္ငံေရးအက်ဥ္းသားမ်ားကြန္ယက္မွ သိရသည္။

ကိုဟိန္းမင္းကိုကို(ခ)ဟိန္းလြင္ထူးအား နစက ၏ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားမွ ၂၀၂၁ ခုႏွစ္၊မတ္ ၁၁ ရက္က ဘုေမၼာ္ရပ္ကြက္တြင္ သပိတ္စစ္ေၾကာင္းတစ္ခု၌ပါဝင္ခ်ိန္ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

“ဖမ္းဆီးခံရခ်ိန္မွာ လက္ေမာင္းနဲ႔ေျခေထာက္ေတြမွာ ရာဘာက်ည္နဲ႔အနီးကပ္ပစ္ခံထားရတယ္ ဒဏ္ ရာေတြကျပင္းတယ္ ေနာက္ၿပီးသူက ေရွ႕ေနမရွိဘဲတရားရင္ဆိုင္ခဲ့ရၿပီး မတ္ ၄ ရက္ကအၿပီး သတ္အမိန္႔ခ်မွတ္ခံခဲ့ရတာပါ”ဟု ထားဝယ္ႏိုင္ငံ ေရးအက်ဥ္းသားမ်ားကြန္ယက္အဖြဲ႕ဝင္တစ္ဦးကေျပာသည္။

ကိုဟိန္းမင္းကိုကို(ခ)ဟိန္းလြင္ထူးအား ရာဇသတ္ႀကီးဥပေဒပုဒ္မ-၅၀၅(က)အတြက္ ၂ ႏွစ္၊ေပါက္ ကြဲပုဒ္မ-၃ အတြက္ ၂ ႏွစ္၊ ေပါက္ကြဲပုဒ္မ-၃/၆ အတြက္ ၁၂ ႏွစ္ႏွင့္ ေပါက္ကြဲပုဒ္မ-၃/၅ အတြက္ ၁၂ ႏွစ္(စုစုေပါင္း အလုပ္ႏွင့္ေထာင္ဒဏ္ ၂၈ ႏွစ္) အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

“ဒီေထာင္ဒဏ္ ၂၈ ႏွစ္ဆိုတာဟာ ထားဝယ္ႏိုင္ငံ ေရးအက်ဥ္းသားေတြကို အမိန္႔ခ်ခံရမႈေတြထဲမွာ အျမင့္ဆုံးေထာင္ဒဏ္ျဖစ္ပါတယ္”ဟုထားဝယ္ႏိုင္ငံေရးအက်ဥ္းသားမ်ားကြန္ယက္အဖြဲ႕ဝင္တစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here