တစ်ပတ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းမှစစ်ဘေးရှောင်ဦးရေ ၅ သောင်းကျော်တိုးမြင့်လာဟု UNHCR ထုတ်ပြန်

0
129

တစ်ပတ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းမှစစ်ဘေးရှောင်ဦးရေ ၅ သောင်းကျော်တိုးမြင့်လာဟု UNHCR ထုတ်ပြန်

UNHCR ၏နောက်ဆုံးရအရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်မှုများအစီရင်ခံစာ၌ ထုတ်ပြန်ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှမ်း၌ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှစတင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် ၂၀၂၂ ခုနှစ်၊မတ် ၁ ရက်အထိ စစိဘေးရှောင်ဦးရေ ၅၀၃၀၀၀ ဦးရှိခဲ့သဖြင့် တစ်ပတ်အတွင်း စစ်ဘေးရှောင်ဦးရေ ၅ သောင်းကျော်တိုးမြင့်လာခဲ့သည်ဟု ရေးသားထားသည်။

အဆိုပါ စစ်ဘေးရှောင်များအနက် ရှမ်းပြည်နယ်သို့ တိမ်းရှောင်နေရသည့် ကယားပြည်နယ်မှစစ်ဘေးရှောင်အချို့သည် ခိုလှုံစရာနေရာ၊အစားအ စာ၊သောက်သုံးရေနှင့်ဆောင်းရာသီသုံးပစ္စည်းများ လုံလောက်စွာမရရှိနိုင်သဖြင့် နေရပ်များသို့ပြန်လည်ထွက်ခွာမှုများရှိသည်ဟု သိရသည်။

အဆိုပါ နေရပ်ပြန်စစ်ဘေးရှောင်များသည် က ယားပြည်နယ်အတွင်း၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ၍ ထပ်မံစစ်ဘေးရှောင်ရမှုများဖြစ်ပေါ်လာနိုင်သည်ကို ခန့်မှန်းထားသည်ဟု UNHCR မှထုတ်ပြန်ရေးသားထားသည်။အလားတူ ကချင် ပြည်နယ်၊မိုးမောက်မြို့နယ်၌ တိုက်ပွဲများဖြစ်ပွားနေ၍ လူဦးရေ ၁၀၀၀ ခန့်မှာစစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်နေရပြီး ချင်းပြည်နယ်တွင်လည်း စစ်ဘေးရှောင်ဦးရေမြင့်တက်လာလျက်ရှိသည်ဟု သိရသည်။

ထို့ပြင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွင် သီးနှံရိတ်သိမ်းမှုများနှင့်အခြားသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ် ငန်းများမှာ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

အဆိုပါ ဖြစ်စဥ်များကြောင့် စစ်ဘေးရှောင်များအတွက် အစားအစာ၊ကျန်းမာရေးစောင့်ရှောက်မှု နှင့်အခြားအခြေခံလိုအပ်ချက် အကူအညီများ အရေးတကြီးလိုအပ်လျက်ရှိကာ ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်နှင့်ပေါက်တောမြို့နယ်တို့ရှိ စစ်ဘေးရှောင်စခန်းများ၌ နေထိုင်နေသူများတွင် ကျန်းမာရေးဆိုင်ရာကူညီမှုများ မလုံလောက်၍ ဝမ်းရောဂါဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

UNHCR ၏နောက်ဆုံးရအရေးပေါ်အခြေအနေတုံ့ပြန်ဆောင်ရွက်မှုများအစီရင်ခံစာ၌ ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်တို့မှ စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ပေးမှုများပြု လုပ်ပေးခဲ့သည်ဟု အစီရင်ခံစာ၌ရေးသားထားသည်။

Zaw Gyi

တစ္ပတ္အတြင္း ျမန္မာႏိုင္ငံတစ္ဝွမ္းမွစစ္ေဘးေရွာင္ဦးေရ ၅ ေသာင္းေက်ာ္တိုးျမင့္လာဟု UNHCR ထုတ္ျပန္

UNHCR ၏ေနာက္ဆုံးရအေရးေပၚအေျခအေန တုံ႔ျပန္ေဆာင္႐ြက္မႈမ်ားအစီရင္ခံစာ၌ ထုတ္ျပန္ေဖာ္ျပထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတစ္ဝွမ္း၌ ၂၀၂၁ ခုႏွစ္၊ေဖေဖာ္ဝါရီ ၁ ရက္မွစတင္ျဖစ္ေပၚခဲ့သည့္ ႏိုင္ငံေရးအေျခအေနမ်ားေၾကာင့္ ၂၀၂၂ ခုႏွစ္၊မတ္ ၁ ရက္အထိ စစိေဘးေရွာင္ဦးေရ ၅၀၃၀၀၀ ဦးရွိခဲ့သျဖင့္ တစ္ပတ္အတြင္း စစ္ေဘးေရွာင္ဦးေရ ၅ ေသာင္းေက်ာ္တိုးျမင့္လာခဲ့သည္ဟု ေရးသားထားသည္။

အဆိုပါ စစ္ေဘးေရွာင္မ်ားအနက္ ရွမ္းျပည္နယ္သို႔ တိမ္းေရွာင္ေနရသည့္ ကယားျပည္နယ္မွစစ္ေဘးေရွာင္အခ်ိဳ႕သည္ ခိုလႈံစရာေနရာ၊အစားအ စာ၊ေသာက္သုံးေရႏွင့္ေဆာင္းရာသီသုံးပစၥည္းမ်ား လုံေလာက္စြာမရရွိႏိုင္သျဖင့္ ေနရပ္မ်ားသို႔ျပန္လည္ထြက္ခြာမႈမ်ားရွိသည္ဟု သိရသည္။

အဆိုပါ ေနရပ္ျပန္စစ္ေဘးေရွာင္မ်ားသည္ က ယားျပည္နယ္အတြင္း၌ တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားေန၍ ထပ္မံစစ္ေဘးေရွာင္ရမႈမ်ားျဖစ္ေပၚလာႏိုင္သည္ကို ခန္႔မွန္းထားသည္ဟု UNHCR မွထုတ္ျပန္ေရးသားထားသည္။အလားတူ ကခ်င္ ျပည္နယ္၊မိုးေမာက္ၿမိဳ႕နယ္၌ တိုက္ပြဲမ်ားျဖစ္ပြားေန၍ လူဦးေရ ၁၀၀၀ ခန႔္မွာစစ္ေဘးေရွာင္မ်ားအျဖစ္ တိမ္းေရွာင္ေနရၿပီး ခ်င္းျပည္နယ္တြင္လည္း စစ္ေဘးေရွာင္ဦးေရျမင့္တက္လာလ်က္ရွိသည္ဟု သိရသည္။

ထို႔ျပင္ တိုက္ပြဲမ်ားျဖစ္ပြားေနသျဖင့္ ျမန္မာႏိုင္ငံ အေနာက္ေျမာက္ပိုင္းေဒသတြင္ သီးႏွံရိတ္သိမ္းမႈမ်ားႏွင့္အျခားသက္ေမြးဝမ္းေၾကာင္းဆိုင္ရာ လုပ္ ငန္းမ်ားမွာ နစ္နာဆုံးရႈံးမႈမ်ားျဖစ္ေပၚလ်က္ရွိသည္ဟု ထုတ္ျပန္ခ်က္၌ေရးသားထားသည္။

အဆိုပါ ျဖစ္စဥ္မ်ားေၾကာင့္ စစ္ေဘးေရွာင္မ်ားအတြက္ အစားအစာ၊က်န္းမာေရးေစာင့္ေရွာက္မႈ ႏွင့္အျခားအေျခခံလိုအပ္ခ်က္ အကူအညီမ်ား အေရးတႀကီးလိုအပ္လ်က္ရွိကာ ရခိုင္ျပည္နယ္၊စစ္ေတြၿမိဳ႕နယ္ႏွင့္ေပါက္ေတာၿမိဳ႕နယ္တို႔ရွိ စစ္ေဘးေရွာင္စခန္းမ်ား၌ ေနထိုင္ေနသူမ်ားတြင္ က်န္းမာေရးဆိုင္ရာကူညီမႈမ်ား မလုံေလာက္၍ ဝမ္းေရာဂါျဖစ္ပြားလ်က္ရွိသည္ဟု သိရသည္။

UNHCR ၏ေနာက္ဆုံးရအေရးေပၚအေျခအေနတုံ႔ျပန္ေဆာင္႐ြက္မႈမ်ားအစီရင္ခံစာ၌ ၎၏ မိတ္ဖက္အဖြဲ႕အစည္းမ်ားမွ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ရခိုင္ျပည္နယ္၊ကခ်င္ျပည္နယ္တို႔မွ စစ္ေဘးေရွာင္မ်ားအား ကူညီေထာက္ပံ့ေပးမႈမ်ားျပဳ လုပ္ေပးခဲ့သည္ဟု အစီရင္ခံစာ၌ေရးသားထား သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here