CNG ဆိုင်၌တန်းစီနေသည့် ကားတန်းအား ကွန်တိန်နာကားမှဝင်တိုက် တစ်ဦးသေဆုံး

0
127

(Unicode)

CNG ဆိုင်၌တန်းစီနေသည့် ကားတန်းအား ကွန်တိန်နာကားမှဝင်တိုက် တစ်ဦးသေဆုံး

ရန်ကုန်မြို့၊ဒဂုံတောင်ပိုင်း၊ ၁၈ ရပ်ကွက်၊မောင်းမကန်လမ်းမကြီးပေါ်ရှိ CNG ဆိုင်၌ဂတ်စ်ဖြည့်ရန်စောင့်ဆိုင်းနေသည့် ကားတန်းအား ကွန်တိန်နာကားမှဝင်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်ပတ်ဝန်းကျင်အနီးနေသူများထံမှ သိရသည်။

ဖြစ်စဥ်တွင် ယနေ့နံနက် ၆ နာရီခန့်က ကွန်တိန်နာကားမှာ အရှိန်မထိန်းနိုင်ဘဲ ဂတ်စ်ထည့်ရန် တန်းစီစောင့်ဆိုင်းနေသည့် ကားတန်းအားဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

“အရှိန်နဲ့ဝင်လာပြီးတိုက်သွားတာ ကားတွေဆိုရင်တိုက်မိပြီး ထပ်ကုန်တာတွေရှိတယ် အတော်ပြင်းပြင်းထန်ထန်ကိုတိုက်မိသွားတာ ၈ စီးကျော်လောက်ကိုတိုက်သွားတာ သိရသလောက်ဆိုရင် ကွန်တိန်နာမောင်းတဲ့လူကအိပ်ငိုက်သွားတာ”ဟုဖြစ်စဥ်အားကူညီပေးခဲ့သူကိုဇေယျာဝင်းကပြောသည်။

ကွန်တိန်နာမှဝင်တိုက်မိ၍ အမျိုးသားတစ်ဦးမှာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး အမျိုးသား ၅ ဦးမှာထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံသို့ စိုးရိမ်ရနှင့်မစိုးရိမ်ရလူနာများအဖြစ်တင်ပို့ခဲ့ရသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“မျက်မြင်အရဆိုရင် သေတဲ့လူကော ဒဏ်ရာရတဲ့လူကောများတယ် တိုက်မိတဲ့ကားအများစုက Taxi ကားတွေပဲ”ဟုကိုဇေယျာဝင်းကပြောသည်။

ဖြစ်စဥ်မှကွန်တိန်နာကားမောင်းသူအား ဥပဒေအရအရေးယူရန် ဒဂုံတောင်ပိုင်းမြို့မရဲစခန်းမှဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

(Zawgyi)

CNG ဆိုင္၌တန္းစီေနသည့္ ကားတန္းအား ကြန္တိန္နာကားမွဝင္တိုက္ တစ္ဦးေသဆုံး

ရန္ကုန္ၿမိဳ႕၊ဒဂုံေတာင္ပိုင္း၊ ၁၈ ရပ္ကြက္၊ေမာင္းမကန္လမ္းမႀကီးေပၚရွိ CNG ဆိုင္၌ဂတ္စ္ျဖည့္ရန္ေစာင့္ဆိုင္းေနသည့္ ကားတန္းအား ကြန္တိန္နာကားမွဝင္တိုက္မိခဲ့ျခင္းျဖစ္သည္ဟု ျမန္မာနိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္ႏွင့္ပတ္ဝန္းက်င္အနီးေနသူမ်ားထံမွ သိရသည္။

ျဖစ္စဥ္တြင္ ယေန႔နံနက္ ၆ နာရီခန့္က ကြန္တိန္နာကားမွာ အရွိန္မထိန္းနိုင္ဘဲ ဂတ္စ္ထည့္ရန္ တန္းစီေစာင့္ဆိုင္းေနသည့္ ကားတန္းအားဝင္တိုက္မိခဲ့ျခင္းျဖစ္သည္။

“အရွိန္နဲ႔ဝင္လာၿပီးတိုက္သြားတာ ကားေတြဆိုရင္တိုက္မိၿပီး ထပ္ကုန္တာေတြရွိတယ္ အေတာ္ျပင္းျပင္းထန္ထန္ကိုတိုက္မိသြားတာ ၈ စီးေက်ာ္ေလာက္ကိုတိုက္သြားတာ သိရသေလာက္ဆိုရင္ ကြန္တိန္နာေမာင္းတဲ့လူကအိပ္ငိုက္သြားတာ”ဟုျဖစ္စဥ္အားကူညီေပးခဲ့သူကိုေဇယ်ာဝင္းကေျပာသည္။

ကြန္တိန္နာမွဝင္တိုက္မိ၍ အမ်ိဳးသားတစ္ဦးမွာ အခင္းျဖစ္ေနရာ၌ေသဆုံးသြားခဲ့ၿပီး အမ်ိဳးသား ၅ ဦးမွာထိခိုက္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ စိုးရိမ္ရႏွင့္မစိုးရိမ္ရလူနာမ်ားအျဖစ္တင္ပို႔ခဲ့ရသည္ဟု ျမန္မာနိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ သိရသည္။

“မ်က္ျမင္အရဆိုရင္ ေသတဲ့လူေကာ ဒဏ္ရာရတဲ့လူေကာမ်ားတယ္ တိုက္မိတဲ့ကားအမ်ားစုက Taxi ကားေတြပဲ”ဟုကိုေဇယ်ာဝင္းကေျပာသည္။

ျဖစ္စဥ္မွကြန္တိန္နာကားေမာင္းသူအား ဥပေဒအရအေရးယူရန္ ဒဂုံေတာင္ပိုင္းၿမိဳ႕မရဲစခန္းမွေဆာင္ရြက္လ်က္ရွိသည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here