အာဆီယံ အထူးကိုယ်စားလှယ်အား မြန်မာ့ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျကျကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်းထားကြောင်း မစ္စတာဆာဆာကာဝါ ပြော

0
66

(Unicode)

အာဆီယံ အထူးကိုယ်စားလှယ်အား မြန်မာ့ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျကျကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်းထားကြောင်း မစ္စတာဆာဆာကာဝါ ပြော

အာဆီယံ အထူးကိုယ်စားလှယ်အား မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် လက်တွေ့ကျကျ ကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်းထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အထူးသံတမန်မစ္စတာ ယိုဟဲအိဆာဆာကာဝါက ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၀ ရက် ညနေ ၄ နာရီ အချိန်တွင် မစ္စတာ ဆာဆာကာဝါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ကိုယ်စားပြုသူများနှင့် တွေ့ဆုံစဉ် ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်ကြောင်း PPST ကိုယ်စားပြုအဖြစ် သွားရောက်တွေ့ဆုံခဲ့သော ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

PPST ကိုယ်စားပြုအဖြစ်သွားရောက်ခဲ့သူများသည် ဗိုလ်မှုးကြီးခွန်ဥက္ကာအပါအဝင် ဗိုလ်မှူးကြီးစိုင်းငင့်နှင့် ဒေါ်မိစူးပွင့်(ABSDF)တို့က သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အာဆီယံ အထူးကိုယ်စားလှယ် မြန်မာပြည်၀င်လာရင် သူရဲ့ကြိုးပမ်းမှုတွေ မြန်မာပြည်အတွက် လက်တွေ့လုပ်ပြပါဆိုပြီး သူ့အနေနဲ့ သွားပြီး တိုက်တွန်းခဲ့တယ်ဆိုတာ ကျွန်တော်တို့ကို ပြောပြတယ်။ အဲ့ဒီဟာလောက်ပါဘဲဗျ။ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စကတော့ ချက်ချင်းကြီးတော့ မဖြစ်သေးဘူးပေါ့။ မြန်မာပြည်အထူးကိုယ်စားလှယ်လာပြီးနောက်ပိုင်းမှာ လမ်းစတွေ့ဖို့ ဝိုင်းကြိုးပမ်းကြပါ ဗျာဆိုပြီး ကျွန်တော်တို့ကို တိုက်တွန်းသွားတာပေါ့ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက တွေ့ဆုံမှုတွင် ဆွေးနွေးခဲ့ကြခြင်းအပေါ် ရှင်းပြသည်။

မစ္စတာ ဆာဆာကာဝါနှင့် ယမန့်နေ့ တွေ့ဆုံပွဲသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ထက် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေးကိစ္စများအပါအ၀င် ပြည်တွင်းရှိစားနပ်ရိက္ခာလိုအပ်နေသော ဒေသများသို့ ဂျပန်အစိုးရအနေဖြင့် ဆန်ပေးဝေမည့် အစီအစဉ်များကိုသာ အဓိကဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

” ကျွန်တော်တို့ ပြည်တွင်းမှာ ဆန်ပေးဝေရေးကိစ္စ အဓိကထားဆွေးနွေးတာပါ။ လိုအပ်နေတဲ့ ဒေသမှာ ဂျပန်အစိုးရက ဆန်ပေးဝေဖို့ စီစဉ်နေတဲ့ဟာကို ဆက်လက်အကောင်အထည်ဖော်ဖို့ပေါ့ဗျာ”ဟုဆိုသည်။

ယင်းနေ့တွင်ဂျပန်အထူးသံတမန်ဆာဆာကာဝါနှင့်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်သဘောတူစာချုပ်(NCA )ချုပ်ဆိုထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ငြိမ်းချမ်းရေးအတွက် အစိုးဘက်မှ ဝင်ရောက်ဆွေးနွေးပေးသူ ဦးလှမောင်ရွှေ တို့အဖွဲ့ကလည်းတွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ပုံစာ- နိုဝင်ဘာလ ၁၃ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နစကဥက္ကဋ္ဌတို့ဆွေးနွေး စဉ်

(Zawgyi)

အာဆီယံ အထူးကိုယ္စားလွယ္အား ျမန္မာ့ၿငိမ္းခ်မ္းေရးအတြက္ လက္ေတြ႕က်က်ႀကိဳးပမ္းေဆာင္႐ြက္ေပးရန္ တိုက္တြန္းထားေၾကာင္း မစၥတာဆာဆာကာဝါ ေျပာ

အာဆီယံ အထူးကိုယ္စားလွယ္အား ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္အတြက္ လက္ေတြ႕က်က် ႀကိဳးပမ္းေဆာင္႐ြက္ေပးရန္ တိုက္တြန္းထားေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္အထူးသံတမန္မစၥတာ ယိုဟဲအိဆာဆာကာဝါက ေျပာၾကားသည္။

ယမန္ေန႔ မတ္လ ၁၀ ရက္ ညေန ၄ နာရီ အခ်ိန္တြင္ မစၥတာ ဆာဆာကာဝါက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕(PPST)ကိုယ္စားျပဳသူမ်ားႏွင့္ ေတြ႕ဆုံစဥ္ ယင္းသို႔ေျပာၾကားလိုက္ျခင္းျဖစ္ေၾကာင္း PPST ကိုယ္စားျပဳအျဖစ္ သြားေရာက္ေတြ႕ဆုံခဲ့ေသာ ပအိုဝ့္အမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ နာယကျဖစ္သူ ဗိုလ္မႉးႀကီး ခြန္ဥကၠာက ဆိုသည္။

PPST ကိုယ္စားျပဳအျဖစ္သြားေရာက္ခဲ့သူမ်ားသည္ ဗိုလ္မႈးႀကီးခြန္ဥကၠာအပါအဝင္ ဗိုလ္မႉးႀကီးစိုင္းငင့္ႏွင့္ ေဒၚမိစူးပြင့္(ABSDF)တို႔က သြားေရာက္ေတြ႕ဆုံခဲ့ျခင္းျဖစ္သည္။

အာဆီယံ အထူးကိုယ္စားလွယ္ ျမန္မာျပည္၀င္လာရင္ သူရဲ႕ႀကိဳးပမ္းမႈေတြ ျမန္မာျပည္အတြက္ လက္ေတြ႕လုပ္ျပပါဆိုၿပီး သူ႔အေနနဲ႔ သြားၿပီး တိုက္တြန္းခဲ့တယ္ဆိုတာ ကြၽန္ေတာ္တို႔ကို ေျပာျပတယ္။ အဲ့ဒီဟာေလာက္ပါဘဲဗ်။ ျမန္မာျပည္ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္တဲ့ ကိစၥကေတာ့ ခ်က္ခ်င္းႀကီးေတာ့ မျဖစ္ေသးဘူးေပါ့။ ျမန္မာျပည္အထူးကိုယ္စားလွယ္လာၿပီးေနာက္ပိုင္းမွာ လမ္းစေတြ႕ဖို႔ ဝိုင္းႀကိဳးပမ္းၾကပါ ဗ်ာဆိုၿပီး ကြၽန္ေတာ္တို႔ကို တိုက္တြန္းသြားတာေပါ့ဟု ဗိုလ္မႉးႀကီး ခြန္ဥကၠာက ေတြ႕ဆုံမႈတြင္ ေဆြးေႏြးခဲ့ၾကျခင္းအေပၚ ရွင္းျပသည္။

မစၥတာ ဆာဆာကာဝါႏွင့္ ယမန္႔ေန႔ ေတြ႕ဆုံပြဲသည္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ထက္ လူသားခ်င္းစာနာမႈ ဆိုင္ရာ အကူအညီေပးေရးကိစၥမ်ားအပါအ၀င္ ျပည္တြင္းရွိစားနပ္ရိကၡာလိုအပ္ေနေသာ ေဒသမ်ားသို႔ ဂ်ပန္အစိုးရအေနျဖင့္ ဆန္ေပးေဝမည့္ အစီအစဥ္မ်ားကိုသာ အဓိကေဆြးေႏြးခဲ့ၾကသည္ဟုဆိုသည္။

” ကြၽန္ေတာ္တို႔ ျပည္တြင္းမွာ ဆန္ေပးေဝေရးကိစၥ အဓိကထားေဆြးေႏြးတာပါ။ လိုအပ္ေနတဲ့ ေဒသမွာ ဂ်ပန္အစိုးရက ဆန္ေပးေဝဖို႔ စီစဥ္ေနတဲ့ဟာကို ဆက္လက္အေကာင္အထည္ေဖာ္ဖို႔ေပါ့ဗ်ာ”ဟုဆိုသည္။

ယင္းေန႔တြင္ဂ်ပန္အထူးသံတမန္ဆာဆာကာဝါႏွင့္တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္သေဘာတူစာခ်ဳပ္(NCA )ခ်ဳပ္ဆိုထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တို႔သြားေရာက္ေတြ႕ဆုံေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

ထို႔အျပင္ ၿငိမ္းခ်မ္းေရးအတြက္ အစိုးဘက္မွ ဝင္ေရာက္ေဆြးေႏြးေပးသူ ဦးလွေမာင္ေ႐ႊ တို႔အဖြဲ႕ကလည္းေတြ႕ဆုံခဲ့ၾကေၾကာင္း သိရသည္။

ပုံစာ- ႏိုဝင္ဘာလ ၁၃ရက္ေန႔တြင္ ျမန္မာႏိုင္ငံအမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရ၏ အထူးကိုယ္စားလွယ္ႏွင့္ နစကဥကၠ႒တို႔ေဆြးေႏြး စဥ္


LEAVE A REPLY

Please enter your comment!
Please enter your name here