မြန်မာနိုင်ငံသည် နိုင်ငံခြားရေးမူဝါဒများနှင့်ပတ် သက်၍ လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြား ရေးမူဝါဒကိုကျင့်သုံးသည်ဟု နစက ဥက္ကဋ္ဌပြော

0
121

(Unicode)

မြန်မာနိုင်ငံသည် နိုင်ငံခြားရေးမူဝါဒများနှင့်ပတ် သက်၍ လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြား ရေးမူဝါဒကိုကျင့်သုံးသည်ဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံခြားရေးရာမူဝါဒကော်မတီအစည်းအဝေးအ မှတ်စဉ်(၁/၂၀၂၂)အစည်းအဝေးအား မတ် ၁၀ ရက်က နေပြည်တော်၌ကျင်းပရာ နစက ဥက္ကဋ္ဌတက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ မြန်မာနိုင် ငံသည် လွတ်လပ်သည့် နိုင်ငံတစ်ခုဖြစ်ပြီး အချုပ် အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်၍ နိုင်ငံတကာဆက်ဆံရေးသည် အရေးကြီးသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

နိုင်ငံတော်၏ နိုင်ငံခြားရေးမူဝါဒများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၁ ၌လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံး သည်၊ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကိုရှေးရှုသည် နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်ဟုပါရှိပြီးဖြစ်၍ ယင်းမူဝါဒအတိုင်းရပ်တည်ဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ် သက်၍ ယခင်က ကြားနေနိုင်ငံအဖြစ်ရပ်တည်ခဲ့ပြီး လွတ်လပ်တတ်ကြွသည့် နိုင်ငံခြားရေးမူဝါဒဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဘက်မလိုက် အုပ် စုတွင်လည်းပါဝင်ခဲ့ကာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် အမြင့်ဆုံးပါဝင်ခဲ့သည်များလည်းရှိသည်ဟုပြောသည်။

ထို့ပြင် ဒေသတွင်းနိုင်ငံတကာဆက်ဆံရေးအနေ ဖြင့် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအ ဖြစ် စတင်ရောက်ရှိခဲ့ပြီး အိမ်နီးနားချင်း ၅ နိုင်ငံနှင့်လည်း နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်သည်များလည်းရှိသည်။

“နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ရွေးချယ်ခွင့်မရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တာကြောင့် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ဖို့လိုအပ်ပြီး လိုက်လျော ညီထွေဖြစ်အောင် ဆောင်ရွက်ဖို့လိုအပ်ပါတယ် အဲ့လိုဆက်ဆံဆောင်ရွက်ရာမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁ မှာပြဋ္ဌာန်းထားတဲ့ နိုင်ငံတော်ရဲ့ နိုင်ငံခြားရေးအခြေခံမူတွေအတိုင်း အကောင်းဆုံးဖြစ်အောင် ဆက်ဆံဆောင်ရွက်လျက်ရှိပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ ကုလသမဂ္ဂတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ရုံးရှိကာ နိုင်ငံတကာတွင်လည်း သံအမတ်ကြီးများခန့်အပ်၍ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ နိုင်ငံတကာဆက်ဆံရေး နှင့်ပတ်သက်၍ အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

“နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးနယ် ပယ်မှာ များစွာသက်ရောက်မှုရှိတာကြောင့် နိုင်ငံ တကာဆက်ဆံရေးနဲ့ပတ်သက်ပြီး အလေးထား ဆောင်ရွက်ကြဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံအတွက် International Law နှင့်ပတ်သက်၍ လူသားအရင်းအမြစ်များမွေးထုတ်ပေးရန်လိုအပ်ပြီး နိုင်ငံတကာကိစ္စရပ်များတွင် နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအတိုင်းကျင့်သုံးသွားမည်ဖြစ်ကာ အပြည်ပြည်ဆိုင်ရာတရားရုံးမှ မြန်မာနိုင်ငံအား မည်ကဲ့သို့ဆုံးဖြတ်သည်ဖြစ်စေ မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်အရေးယူဆောင် ရွက်ရန်လိုအပ်သည်ဟုလည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

(Zawgyi)

ျမန္မာႏိုင္ငံသည္ ႏိုင္ငံျခားေရးမူဝါဒမ်ားႏွင့္ပတ္ သက္၍ လြတ္လပ္ၿပီးတက္ႂကြသည့္ ႏိုင္ငံျခား ေရးမူဝါဒကိုက်င့္သုံးသည္ဟု နစက ဥကၠ႒ေျပာ

ႏိုင္ငံျခားေရးရာမူဝါဒေကာ္မတီအစည္းအေဝးအ မွတ္စဥ္(၁/၂၀၂၂)အစည္းအေဝးအား မတ္ ၁၀ ရက္က ေနျပည္ေတာ္၌က်င္းပရာ နစက ဥကၠ႒တက္ေရာက္၍ အမွာစကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံတကာဆက္ဆံေရးႏွင့္ပတ္သက္၍ ျမန္မာႏိုင္ ငံသည္ လြတ္လပ္သည့္ ႏိုင္ငံတစ္ခုျဖစ္ၿပီး အခ်ဳပ္ အျခာအာဏာပိုင္ႏိုင္ငံတစ္ခုျဖစ္၍ ႏိုင္ငံတကာဆက္ဆံေရးသည္ အေရးႀကီးသည္ဟု နစက ဥကၠ႒ကေျပာသည္။

ႏိုင္ငံေတာ္၏ ႏိုင္ငံျခားေရးမူဝါဒမ်ားသည္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ-၄၁ ၌လြတ္လပ္ၿပီးတက္ႂကြသည့္ ႏိုင္ငံျခားေရးမူဝါဒကိုက်င့္သုံး သည္၊ကမာၻ႔ၿငိမ္းခ်မ္းေရးႏွင့္ႏိုင္ငံအခ်င္းခ်င္းမိတ္ဝတ္မပ်က္ ေပါင္းဖက္ဆက္ဆံေရးကိုေရွးရႈသည္ ႏိုင္ငံအခ်င္းခ်င္းၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရးမူမ်ားကို ေစာင့္ထိန္းသည္ဟုပါရွိၿပီးျဖစ္၍ ယင္းမူဝါဒအတိုင္းရပ္တည္ေဆာင္႐ြက္လ်က္ရွိသည္ဟု နစက ဥကၠ႒ကေျပာသည္။

ျမန္မာႏိုင္ငံသည္ ႏိုင္ငံတကာဆက္ဆံေရးႏွင့္ပတ္ သက္၍ ယခင္က ၾကားေနႏိုင္ငံအျဖစ္ရပ္တည္ခဲ့ၿပီး လြတ္လပ္တတ္ႂကြသည့္ ႏိုင္ငံျခားေရးမူဝါဒျဖင့္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ကာ ဘက္မလိုက္ အုပ္ စုတြင္လည္းပါဝင္ခဲ့ကာ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံအေနျဖင့္ ႏိုင္ငံတကာဆက္ဆံေရးတြင္ အျမင့္ဆုံးပါဝင္ခဲ့သည္မ်ားလည္းရွိသည္ဟုေျပာသည္။

ထို႔ျပင္ ေဒသတြင္းႏိုင္ငံတကာဆက္ဆံေရးအေန ျဖင့္ ၁၉၉၇ ခုႏွစ္တြင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအ ျဖစ္ စတင္ေရာက္ရွိခဲ့ၿပီး အိမ္နီးနားခ်င္း ၅ ႏိုင္ငံႏွင့္လည္း ႏွစ္ႏိုင္ငံဆက္ဆံေရး ေကာင္းမြန္သည္မ်ားလည္းရွိသည္။

“နယ္နိမိတ္ခ်င္းထိစပ္လ်က္ရွိၿပီး ေ႐ြးခ်ယ္ခြင့္မရွိတဲ့ အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တာေၾကာင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးေကာင္းမြန္ဖို႔လိုအပ္ၿပီး လိုက္ေလ်ာ ညီေထြျဖစ္ေအာင္ ေဆာင္႐ြက္ဖို႔လိုအပ္ပါတယ္ အဲ့လိုဆက္ဆံေဆာင္႐ြက္ရာမွာလည္း ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္) ပုဒ္မ ၄၁ မွာျပ႒ာန္းထားတဲ့ ႏိုင္ငံေတာ္ရဲ႕ ႏိုင္ငံျခားေရးအေျခခံမူေတြအတိုင္း အေကာင္းဆုံးျဖစ္ေအာင္ ဆက္ဆံေဆာင္႐ြက္လ်က္ရွိပါတယ္”ဟု နစက ဥကၠ႒ကေျပာသည္။

အလားတူ ကုလသမဂၢတြင္ ျမန္မာကိုယ္စားလွယ္အဖြဲ႕႐ုံးရွိကာ ႏိုင္ငံတကာတြင္လည္း သံအမတ္ႀကီးမ်ားခန႔္အပ္၍ ေဆာင္႐ြက္လ်က္ရွိၿပီး ႏိုင္ငံ ျခားေရးဝန္ႀကီးဌာနမွ ႏိုင္ငံတကာဆက္ဆံေရး ႏွင့္ပတ္သက္၍ အဓိကတာဝန္ယူေဆာင္႐ြက္လ်က္ရွိသည္ဟု နစက ဥကၠ႒ကေျပာသည္။

“ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေဆာင္႐ြက္ခ်က္ေတြဟာ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံတကာဆက္ဆံေရးနယ္ ပယ္မွာ မ်ားစြာသက္ေရာက္မႈရွိတာေၾကာင့္ ႏိုင္ငံ တကာဆက္ဆံေရးနဲ႔ပတ္သက္ၿပီး အေလးထား ေဆာင္႐ြက္ၾကဖို႔လိုပါတယ္”ဟု နစက ဥကၠ႒ကေျပာသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံအတြက္ International Law ႏွင့္ပတ္သက္၍ လူသားအရင္းအျမစ္မ်ားေမြးထုတ္ေပးရန္လိုအပ္ၿပီး ႏိုင္ငံတကာကိစၥရပ္မ်ားတြင္ ႏိုင္ငံ၏ ႏိုင္ငံျခားေရးမူဝါဒအတိုင္းက်င့္သုံးသြားမည္ျဖစ္ကာ အျပည္ျပည္ဆိုင္ရာတရား႐ုံးမွ ျမန္မာႏိုင္ငံအား မည္ကဲ့သို႔ဆုံးျဖတ္သည္ျဖစ္ေစ မိမိတို႔အေနျဖင့္ ႀကိဳတင္ျပင္ဆင္အေရးယူေဆာင္ ႐ြက္ရန္လိုအပ္သည္ဟုလည္း နစက ဥကၠ႒ကေျပာၾကားခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here