တိုင်းရင်းသားလက်နက်ကိုင်များအားလုံးပါဝင်တွေ့ဆုံနိုင်မည့် ထိပ်သီးညီလာခံတစ်ရပ် ကျင်းပနိုင်ရေးဆောင်ရွက်သွားမည်

0
53

(Unicode)

တိုင်းရင်းသားလက်နက်ကိုင်များအားလုံးပါဝင်တွေ့ဆုံနိုင်မည့် ထိပ်သီးညီလာခံတစ်ရပ် ကျင်းပနိုင်ရေးဆောင်ရွက်သွားမည်

NCA-S EAOအဖွဲ့များ၏ စတုတ္ထအကြိမ်မြောက်ညီလာခံမှတဆင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ ထိပ်သီးညီလာခံ ကျင်းပနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်ရှိကြောင်းငြိမ်းချမ်းရေးလုပ်ငန်စဥ်ဦးဆောင်အဖွဲ့ (PPST)၏ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ယနေ့တွင်ပြောကြားခဲ့သည်။

ယနေ့ မတ်လ ၁၁ရက် နံနက်ပိုင်းတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ(NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST)၏ ၂၅/၂၀၂၂ အစည်းအဝေးအား Vedio Conferencing ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးကို ယနေ့မှစတင်၍ကျင်းပခြင်းဖြစ်ပြီး၊ မတ်လ၁၂ ရက်အထိ နှစ်ရက်ကြာကျင်းပသွားမည်ဖြစ်သည်။

အစည်းအဝေး၌ ယခုမတ်လကုန်ပိုင်းတွင် ပြုလုပ်မည့် NCA-S EAO တို့၏ စတုတ္ထအကြိမ်မြောက်ညီလာခံ(ဒုတိယပိုင်း)ကျင်းပမည့်အပေါ် ပြင်ဆင်ထားမှုအခြေအနေများ၊ PPST၏စုဖွဲ့မှုအသစ်အနေအထားနှင့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာမှုဆိုင်ရာအထောက်အကူပြုရေး ကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။

ယနေ့တွင် အထွေထွေနိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေးအတွက် နိုင်ငံတကာကြိုးပမ်းမှုဖြစ်သော အာဆီယံအထူးကိုယ်စားလှယ်၏ ပြည်တွင်းခရီးစဥ်ကိစ္စ အပါအဝင် ဂျပန်နိုင်ငံအထူးကိုယ်စားလှယ်၏ ပြည်တွင်းခရီးစဥ်ကိစ္စအတွက်လည်း သုံးသပ်ဆွေးနွေးသွားမည်ဟုသိရသည်။

“အာဆီယံအထူးကိုယ်စာလှယ်က NCA-S EAO အဖွဲ့တွေနဲ့တွေ့ဖို့ရှိကြောင်း သိရပါတယ်။NCA-S EAO အနေနဲ့လည်း အာဆီယံအထူးကိုယ်စားလှယ်ကတွေ့ဆုံလိုခြင်းနဲ့ ပတ်သက်လို့ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ တွေ့ဆုံနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက အဖွင့်မိန့်ခွန်းတွင်ပြောကြားခဲ့သည်။

ထို့အပြင် ယခုနှစ်ရက်တာကာလအတွင်း PPST အဖွဲ့၏နိုင်ငံရေး ဦးတည်ချက် ၇ ရပ်ကို အခြေခံသော နိုင်ငံရေးလမ်းပြမြေပုံ ၇ ရပ်ကို အတည်ပြုဆွေးနွေးသွားမည်ဖြစ်ပြီး၊ ပြည်တွင်းစစ်ဘေးရှောင်များအတွက်အထူးလိုအပ်နေသော လူသားချင်းစာနာမှု ဆိုင်ရာအထောက်အပံ့များ ကို ပေးအပ်နိုင်ရေးဆွေးနွေးသွားမည်ဖြစ်သည်။

ယမန့်နေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သော ဂျပန်နိုင်အထူးသံမတန် မစ္စတာ ဆာဆာကာဝါနှင့် PPSTအဖွဲ့ကိုယ်စားပြု ပအိုဝ့် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယကဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ တွေ့ဆုံကာ စစ်ရှောင်ဒေသများအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက် ဆန်ပေးဝေရေးကိစ္စကိုအဓိကထားဆွေးနွေးခဲ့သည်။

(Zawgyi)

တိုင္းရင္းသားလက္နက္ကိုင္မ်ားအားလုံးပါဝင္ေတြ႕ဆုံႏိုင္မည့္ ထိပ္သီးညီလာခံတစ္ရပ္ က်င္းပႏိုင္ေရးေဆာင္႐ြက္သြားမည္

NCA-S EAOအဖြဲ႕မ်ား၏ စတုတၳအႀကိမ္ေျမာက္ညီလာခံမွတဆင့္ တိုင္းရင္းသားလက္နက္ကိုင္အင္အားစုမ်ား၏ ထိပ္သီးညီလာခံ က်င္းပႏိုင္ေရးအတြက္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္သြားရန္ရွိေၾကာင္းၿငိမ္းခ်မ္းေရးလုပ္ငန္စဥ္ဦးေဆာင္အဖြဲ႕ (PPST)၏ဦးေဆာင္မႈအလုပ္အဖြဲ႕ေခါင္းေဆာင္ ႏိုင္ေအာင္မင္းက ယေန႔တြင္ေျပာၾကားခဲ့သည္။

ယေန႔ မတ္လ ၁၁ရက္ နံနက္ပိုင္းတြင္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ား(NCA-S EAO)၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST)၏ ၂၅/၂၀၂၂ အစည္းအေဝးအား Vedio Conferencing ျဖင့္ က်င္းပခဲ့ျခင္းျဖစ္သည္။

အဆိုပါ အစည္းအေဝးကို ယေန႔မွစတင္၍က်င္းပျခင္းျဖစ္ၿပီး၊ မတ္လ၁၂ ရက္အထိ ႏွစ္ရက္ၾကာက်င္းပသြားမည္ျဖစ္သည္။

အစည္းအေဝး၌ ယခုမတ္လကုန္ပိုင္းတြင္ ျပဳလုပ္မည့္ NCA-S EAO တို႔၏ စတုတၳအႀကိမ္ေျမာက္ညီလာခံ(ဒုတိယပိုင္း)က်င္းပမည့္အေပၚ ျပင္ဆင္ထားမႈအေျခအေနမ်ား၊ PPST၏စုဖြဲ႕မႈအသစ္အေနအထားႏွင့္ လက္ရွိ ႏိုင္ငံေရး၊ စစ္ေရး၊ ၿငိမ္းခ်မ္းေရး၊ လူသားခ်င္းစာနာမႈဆိုင္ရာအေထာက္အကူျပဳေရး ကိစၥရပ္မ်ားကို အဓိကထားေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ယေန႔တြင္ အေထြေထြႏိုင္ငံေရးအက်ပ္အတည္းေျဖရွင္းေရးအတြက္ ႏိုင္ငံတကာႀကိဳးပမ္းမႈျဖစ္ေသာ အာဆီယံအထူးကိုယ္စားလွယ္၏ ျပည္တြင္းခရီးစဥ္ကိစၥ အပါအဝင္ ဂ်ပန္ႏိုင္ငံအထူးကိုယ္စားလွယ္၏ ျပည္တြင္းခရီးစဥ္ကိစၥအတြက္လည္း သုံးသပ္ေဆြးေႏြးသြားမည္ဟုသိရသည္။

“အာဆီယံအထူးကိုယ္စာလွယ္က NCA-S EAO အဖြဲ႕ေတြနဲ႔ေတြ႕ဖို႔ရွိေၾကာင္း သိရပါတယ္။NCA-S EAO အေနနဲ႔လည္း အာဆီယံအထူးကိုယ္စားလွယ္ကေတြ႕ဆုံလိုျခင္းနဲ႔ ပတ္သက္လို႔ဝမ္းေျမာက္စြာ ႀကိဳဆိုပါတယ္။ ေတြ႕ဆုံႏိုင္ေရးအတြက္လည္း ႀကိဳးပမ္းေဆာင္႐ြက္ေနပါတယ္”ဟု ဦးေဆာင္မႈအလုပ္အဖြဲ႕ေခါင္းေဆာင္ ႏိုင္ေအာင္မင္းက အဖြင့္မိန္႔ခြန္းတြင္ေျပာၾကားခဲ့သည္။

ထို႔အျပင္ ယခုႏွစ္ရက္တာကာလအတြင္း PPST အဖြဲ႕၏ႏိုင္ငံေရး ဦးတည္ခ်က္ ၇ ရပ္ကို အေျခခံေသာ ႏိုင္ငံေရးလမ္းျပေျမပုံ ၇ ရပ္ကို အတည္ျပဳေဆြးေႏြးသြားမည္ျဖစ္ၿပီး၊ ျပည္တြင္းစစ္ေဘးေရွာင္မ်ားအတြက္အထူးလိုအပ္ေနေသာ လူသားခ်င္းစာနာမႈ ဆိုင္ရာအေထာက္အပံ့မ်ား ကို ေပးအပ္ႏိုင္ေရးေဆြးေႏြးသြားမည္ျဖစ္သည္။

ယမန္႔ေန႔က ထိုင္းႏိုင္ငံခ်င္းမိုင္ၿမိဳ႕တြင္ ျပဳလုပ္ခဲ့ေသာ ဂ်ပန္ႏိုင္အထူးသံမတန္ မစၥတာ ဆာဆာကာဝါႏွင့္ PPSTအဖြဲ႕ကိုယ္စားျပဳ ပအိုဝ့္ အမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ နာယကဗိုလ္မႉးႀကီး ခြန္ဥကၠာတို႔ ေတြ႕ဆုံကာ စစ္ေရွာင္ေဒသမ်ားအတြင္း လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးအပ္ႏိုင္ေရးအတြက္ ဆန္ေပးေဝေရးကိစၥကိုအဓိကထားေဆြးေႏြးခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here