ပြည်သူ့ရှေ့ဆောင်ပါတီ၏ တာဝန်များအား ယနေ့မှစ၍ အနားယူပြီ ဖြစ်ကြောင်းဦးကျော်ဇေယျအသိပေးကြော်ငြ

0
121

ပြည်သူ့ရှေ့ဆောင်ပါတီ၏ တာဝန်များအား ယနေ့မှစ၍ အနားယူပြီ ဖြစ်ကြောင်းဦးကျော်ဇေယျအသိပေးကြော်ငြ

ပြည်သူ့ရှေ့ဆောင်ပါတီတွင် ဒုတိယဥက္ကဌတာဝန်ယူထားသည့် ဦးကျော်ဇေယျသည် ၄င်းအနေဖြင့် ယနေ့မတ်လ၁၂ရက်ကစပြီးပါတီတာဝန်များအား အနားယူလိုက်ပြီဟုအသိပေးကြော်ငြာသည်။

ပါတီမှလည်း မတ်လ၁၁ရက်ရက်စွဲပါ ရုံးတွင်းအမိန့်စာဖြင့် ပါတီတာဝန်မှ ဆိုင်းငံ့ ပြစ်ဒဏ်ချကြောင်းစာအား လက်ခံရရှိထားသည်ဟုလည်း ဦးကျော်ဇေယျကဆိုသည်။

တပ်မတော်သားဟောင်းတစ်ဦးလည်းဖြစ်သည့် ဦးကျော်ဇေယျသည် ယခင်က NLDပါတီဝင်တစ်ဦးလည်းဖြစ်ခဲ့ပြီး ပါတီကိုယ်စားပြုတိုင်းအမတ်တစ်ဦးအဖြစ်ရွေးချယ်ခြင်းခံခဲ့ရကာ နောက်ပိုင်းတွင် ပြည်သူ့ရှေ့ဆောင်ပါတီသို့ကူးပြောင်းဝင်ရောက်ခဲ့သူဖြစ်သည်။

ဦးကျော်ဇေယျက “အမှန်တကယ်တော့ NLD ပါတီမှာရှိစဉ်ကပင် အသက်ကြီး
ပြီဖြစ်၍၂၀၂၀ရွေးကောက်ပွဲတွင် မပါဝင်တော့ဘဲ လူငယ်များကိုသာ နေရာပေးသင့်သည်ဟု ယူဆသောကြောင့် မီဒီယာများတွင် အောက်ပါအတိုင်း ပြောခဲ့ပြီးသားပါ၊သို့သော် မျှော်မှန်း၍မထားသောအခြေအနေအရ PPP ပါတီမှ‌ ၂၀၂၀တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပြိုင်မည့်သူ မရှိသောကြောင့်သာ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပါသည် ခင်ဗျား”ဟု အသိပေးသည်။

ယင်းအပြင် ယခု ၂၀၂၂ခုနှစ်အတွင်းတွင်လည်း မီဒီယာများသို့ မိမိ အသက်ကြီးပြီဖြစ်၍ နစက မှပြုလုပ်မည့် ရွေးကောက်ပွဲတွင်လည်း မပါဝင်ချင်ကြောင်း ပြောခဲ့သူလည်းဖြစ်သည်။

Zaw Gyi

ျပည္သူ႔ေရွ႕ေဆာင္ပါတီ၏ တာဝန္မ်ားအား ယေန႔မွစ၍ အနားယူၿပီ ျဖစ္ေၾကာင္းဦးေက်ာ္ေဇယ်အသိေပးေၾကာ္ျငာ

ျပည္သူ႔ေရွ႕ေဆာင္ပါတီတြင္ ဒုတိယဥကၠဌတာဝန္ယူထားသည့္ ဦးေက်ာ္ေဇယ်သည္ ၄င္းအေနျဖင့္ ယေန႔မတ္လ၁၂ရက္ကစၿပီးပါတီတာဝန္မ်ားအား အနားယူလိုက္ၿပီဟုအသိေပးေၾကာ္ျငာသည္။

ပါတီမွလည္း မတ္လ၁၁ရက္ရက္စြဲပါ ႐ုံးတြင္းအမိန႔္စာျဖင့္ ပါတီတာဝန္မွ ဆိုင္းငံ့ ျပစ္ဒဏ္ခ်ေၾကာင္းစာအား လက္ခံရရွိထားသည္ဟုလည္း ဦးေက်ာ္ေဇယ်ကဆိုသည္။

တပ္မေတာ္သားေဟာင္းတစ္ဦးလည္းျဖစ္သည့္ ဦးေက်ာ္ေဇယ်သည္ ယခင္က NLDပါတီဝင္တစ္ဦးလည္းျဖစ္ခဲ့ၿပီး ပါတီကိုယ္စားျပဳတိုင္းအမတ္တစ္ဦးအျဖစ္ေ႐ြးခ်ယ္ျခင္းခံခဲ့ရကာ ေနာက္ပိုင္းတြင္ ျပည္သူ႔ေရွ႕ေဆာင္ပါတီသို႔ကူးေျပာင္းဝင္ေရာက္ခဲ့သူျဖစ္သည္။

ဦးေက်ာ္ေဇယ်က “အမွန္တကယ္ေတာ့ NLD ပါတီမွာရွိစဥ္ကပင္ အသက္ႀကီး
ၿပီျဖစ္၍၂၀၂၀ေ႐ြးေကာက္ပြဲတြင္ မပါဝင္ေတာ့ဘဲ လူငယ္မ်ားကိုသာ ေနရာေပးသင့္သည္ဟု ယူဆေသာေၾကာင့္ မီဒီယာမ်ားတြင္ ေအာက္ပါအတိုင္း ေျပာခဲ့ၿပီးသားပါ၊သို႔ေသာ္ ေမွ်ာ္မွန္း၍မထားေသာအေျခအေနအရ PPP ပါတီမွ‌ ၂၀၂၀တြင္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ၿပိဳင္မည့္သူ မရွိေသာေၾကာင့္သာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ျခင္း ျဖစ္ပါသည္ ခင္ဗ်ား”ဟု အသိေပးသည္။

ယင္းအျပင္ ယခု ၂၀၂၂ခုႏွစ္အတြင္းတြင္လည္း မီဒီယာမ်ားသို႔ မိမိ အသက္ႀကီးၿပီျဖစ္၍ နစက မွျပဳလုပ္မည့္ ေ႐ြးေကာက္ပြဲတြင္လည္း မပါဝင္ခ်င္ေၾကာင္း ေျပာခဲ့သူလည္းျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here