အာဆီယံ AHA Centre မှမြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးမည်

0
64

အာဆီယံ AHA Centre မှမြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးမည်

အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူ အညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန(ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre)မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်သွားမည်ဖြစ်သည်။

ပေးအပ်မည့်လူသားချင်းစာနာထောက်ထားမှုအကူအညီများအား ဖြန့်ဝေခြင်းနှင့်ပတ်သက်၍ မြန်မာလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးအား မတ် ၁၁ ရက်က လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က ဦးဆောင်၍ ပြုလုပ်ခဲ့သည်။

အစည်းအဝေး၌ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာကိစ္စများ၊လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေရာတွင် ဦးစားပေးဒေသများနှင့်ဦးစားပေးရရှိလိုသည့် အကူအညီများအား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် လူသားချင်းစာနာထောက်ထားမှု အကူအ ညီ ဒုတိယအဆင့်လုပ်ငန်းများ အဆင်ပြေစွာ အ ကောင်အထည်ဖော်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ပြည် ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊လူမှုဝန် ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်နှင့်လုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

Zaw Gyi

အာဆီယံ AHA Centre မွျမန္မာႏိုင္ငံသို႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီမ်ားေပးမည္

အာဆီယံလူသားခ်င္းစာနာေထာက္ထားမႈ အကူ အညီေပးအပ္ေရးညႇိႏႈိင္းမႈဗဟိုဌာန(ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre)မွတစ္ဆင့္ ျမန္မာႏိုင္ငံသို႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီမ်ား ေပးအပ္သြားမည္ျဖစ္သည္။

ေပးအပ္မည့္လူသားခ်င္းစာနာေထာက္ထားမႈအကူအညီမ်ားအား ျဖန္႔ေဝျခင္းႏွင့္ပတ္သက္၍ ျမန္မာလုပ္ငန္းအဖြဲ႕၏ ပၪၥမအႀကိမ္အစည္းအေဝးအား မတ္ ၁၁ ရက္က လုပ္ငန္းအဖြဲ႕ ဥကၠ႒၊အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးဦးကိုကိုလႈိင္က ဦးေဆာင္၍ ျပဳလုပ္ခဲ့သည္။

အစည္းအေဝး၌ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးအပ္ေရးဆိုင္ရာကိစၥမ်ား၊လူသားခ်င္းစာနာေထာက္ထားမႈအကူအညီမ်ား ျဖန႔္ေဝရာတြင္ ဦးစားေပးေဒသမ်ားႏွင့္ဦးစားေပးရရွိလိုသည့္ အကူအညီမ်ားအား ေဆြးေႏြးခဲ့ၾကသည္။

ထို႔ျပင္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအ ညီ ဒုတိယအဆင့္လုပ္ငန္းမ်ား အဆင္ေျပစြာ အ ေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ ျပင္ဆင္ေဆာင္႐ြက္ေနမႈမ်ားကိုလည္း ေဆြးေႏြးခဲ့ၾကသည္။

အစည္းအေဝးသို႔ က်န္းမာေရးဝန္ႀကီးဌာန၊ျပည္ ေထာင္စုဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္း၊လူမႈဝန္ ထမ္း၊ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီးေဒါက္တာသက္သက္ခိုင္ႏွင့္လုပ္ငန္းအဖြဲ႕မွ အဖြဲ႕ဝင္မ်ား တက္ေရာက္ခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here