ကော့ကရိတ်မြို့နယ်ရှိ အာရှလမ်းမကြီး၌ ကုန်တင်ကား ၂ စီးနှင့်ခရီးသည်တင်ကားတစ်စီးမီးရှို့ဖျက်ဆီးခံရ

0
168

ကော့ကရိတ်မြို့နယ်ရှိ အာရှလမ်းမကြီး၌ ကုန်တင်ကား ၂ စီးနှင့်ခရီးသည်တင်ကားတစ်စီးမီးရှို့ဖျက်ဆီးခံရ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိ မြဝတီ- ကော့ကရိတ်သွား အာရှလမ်းမကြီးတွင် ကုန်တင်ကား ၂ စီးနှင့်ခရီးသည်တင်ကားတစ်စီး ယနေ့နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။

အာရှလမ်းမကြီး၏ ကော့နွဲ့တံတားအနီးတွင် ၁၂ ဘီးကုန်တင်ကားတစ်စီး၊တောနော်ရေတံခွန်အနီးတွင် ခရီးသည်တင်ကားတစ်စီးနှင့်ကုန်တင်တွဲကားတစ်စီးတို့ နံနက် ၈ နာရီကျော်ခန့်က မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ကုန်တင်ကား ၂ စီးနှင့်ခရီးသည်တင်ကားအား အမည်မသိလက်နက်ကိုင်အဖွဲ့မှ မီးရှို့ဖျက် ဆီးခဲ့ခြင်းဖြစ်ကြောင်း ခရီးသည်တင်ကားမောင်းသူများထံမှ သိရသည်။

“၁၂ ဘီးနဲ့ခရီးသည်တင်ကားကိုအရင်ရှို့တယ်လို့ကြားတယ် နောက်ပြီးတော့မှ ခရီးသည်တင်ကားနားက တွဲကားကိုထပ်ရှို့တာ ကြားရသလောက်ကတော့ ကား ၄ စီးမီးရှို့ခံရတယ် ဒါပေမယ့်အ တည်ပြုချက်ယူလို့ရတာက ၃ စီးပဲရှိသေးတယ်ကျန်တစ်စီးကတော့စုံစမ်းဆဲပဲ ထိခိုက်ဒဏ်ရာရတာရှိမရှိကိုလည်း မသိရသေးဘူး”ဟုသင်္ဃန်းညီ နောင်(မြို့သစ်)လူမှုကူညီရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

မီးရှို့ဖျက်ဆီးခံရသည့် ကုန်တင်ကား ၂ စီးအနက် တောနော်ရေတံခွန်အနီးမှကုန်တင်ကားတွင် ကုန် ပစ္စည်းများပါရှိကာ ၁၂ ဘီးကုန်တင်ကားပေါ်၌မူ ကုန်ပစ္စည်းများပါဝင်ခြင်းမရှိကြောင်း သိရသည်။

ခရီးသည်တင်ကားအား မီးရှို့ဖျက်ဆီးချိန် ၌ ကားပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များအား ကားပေါ်မှဆင်းစေ၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

Zaw Gyi

ေကာ့ကရိတ္ၿမိဳ႕နယ္ရွိ အာရွလမ္းမႀကီး၌ ကုန္တင္ကား ၂ စီးႏွင့္ခရီးသည္တင္ကားတစ္စီးမီးရႈိ႕ဖ်က္ဆီးခံရ

ကရင္ျပည္နယ္၊ေကာ့ကရိတ္ၿမိဳ႕နယ္ရွိ ျမဝတီ- ေကာ့ကရိတ္သြား အာရွလမ္းမႀကီးတြင္ ကုန္တင္ကား ၂ စီးႏွင့္ခရီးသည္တင္ကားတစ္စီး ယေန႔နံနက္ပိုင္းက မီးရႈိ႕ဖ်က္ဆီးခံခဲ့ရသည္ဟု သိရသည္။

အာရွလမ္းမႀကီး၏ ေကာ့ႏြဲ႕တံတားအနီးတြင္ ၁၂ ဘီးကုန္တင္ကားတစ္စီး၊ေတာေနာ္ေရတံခြန္အနီးတြင္ ခရီးသည္တင္ကားတစ္စီးႏွင့္ကုန္တင္တြဲကားတစ္စီးတို႔ နံနက္ ၈ နာရီေက်ာ္ခန္႔က မီးရႈိ႕ဖ်က္ဆီးခံခဲ့ရျခင္းျဖစ္သည္။

အဆိုပါ ကုန္တင္ကား ၂ စီးႏွင့္ခရီးသည္တင္ကားအား အမည္မသိလက္နက္ကိုင္အဖြဲ႕မွ မီးရႈိ႕ဖ်က္ ဆီးခဲ့ျခင္းျဖစ္ေၾကာင္း ခရီးသည္တင္ကားေမာင္းသူမ်ားထံမွ သိရသည္။

“၁၂ ဘီးနဲ႔ခရီးသည္တင္ကားကိုအရင္ရႈိ႕တယ္လို႔ၾကားတယ္ ေနာက္ၿပီးေတာ့မွ ခရီးသည္တင္ကားနားက တြဲကားကိုထပ္ရႈိ႕တာ ၾကားရသေလာက္ကေတာ့ ကား ၄ စီးမီးရႈိ႕ခံရတယ္ ဒါေပမယ့္အ တည္ျပဳခ်က္ယူလို႔ရတာက ၃ စီးပဲရွိေသးတယ္က်န္တစ္စီးကေတာ့စုံစမ္းဆဲပဲ ထိခိုက္ဒဏ္ရာရတာရွိမရွိကိုလည္း မသိရေသးဘူး”ဟုသဃၤန္းညီ ေနာင္(ၿမိဳ႕သစ္)လူမႈကူညီေရးအဖြဲ႕မွတာဝန္ရွိသူတစ္ဦးကေျပာသည္။

မီးရႈိ႕ဖ်က္ဆီးခံရသည့္ ကုန္တင္ကား ၂ စီးအနက္ ေတာေနာ္ေရတံခြန္အနီးမွကုန္တင္ကားတြင္ ကုန္ ပစၥည္းမ်ားပါရွိကာ ၁၂ ဘီးကုန္တင္ကားေပၚ၌မူ ကုန္ပစၥည္းမ်ားပါဝင္ျခင္းမရွိေၾကာင္း သိရသည္။

ခရီးသည္တင္ကားအား မီးရႈိ႕ဖ်က္ဆီးခ်ိန္ ၌ ကားေပၚတြင္လိုက္ပါလာသည့္ ခရီးသည္မ်ားအား ကားေပၚမွဆင္းေစ၍ မီးရႈိ႕ဖ်က္ဆီးခဲ့ျခင္းျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here