နိုင်ငံတော်အဆင့်ဇီဝလုံခြုံမှုအဆင့်ဓာတ်ခွဲခန်းကို ၂၀၂၃ ခုနှစ်အတွင်း အပြီး တည်ဆောက်မည်

0
159

နိုင်ငံတော်အဆင့်ဇီဝလုံခြုံမှုအဆင့်ဓာတ်ခွဲခန်းကို ၂၀၂၃ ခုနှစ်အတွင်း အပြီး တည်ဆောက်မည်

နိုင်ငံတော်အဆင့်ဇီဝလုံခြုံမှုအဆင့်ဓာတ်ခွဲခန်းကို ၂၀၂၃ ခုနှစ်အတွင်း အပြီး တည်ဆောက်မည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သိရသည်။

အဆိုပါ ဓာတ်ခွဲခန်းကို နေပြည်တော်၌ တည်ဆောက်နေခြင်း ဖြစ်ပြီး ဓာတ်ခွဲခန်းအပါအဝင် ကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများလေ့ကျင့်ရေးဌာနလည်းပါဝင်မည် ဖြစ်ကြောင်း၊လက်ရှိတွင် ယာယီတည်ဆောက်မှု၊ မြေပြန်ဖို့မှုများတည်ဆောက်ပြီးဖြစ်ကာ ဆောက်လုပ်ရေးပိုင်တိုင်နှင့် အခြေခံဆောက်လုပ်ရေးလုပ်ငန်းများကို မေလအတွင်း အပြီး လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်းမှာ နိုင်ငံတကာ အဆင့်မှီ စီမံကိန်းတစ်ခုဖြစ်ပြီး တန်ဖိုး ယွမ်သန်း (၄၀၀)ခန့် ရှိကြောင်း၊ စီမံကိန်းတွင် (၂)ထပ် အုပ်ချုပ်မှုဆောင် (၁)ဆောင်၊ (၃)ထပ် ရောဂါနှိမ်နင်းရေး အဆောက်အဦနှင့် နိုင်ငံတကာအဆင့်မှီ Biosafety level (3) နှင့် Biosafety level (2) ရှိသော ဓာတ်ခွဲခန်းများ၊ (၄)ထပ် သင်တန်းကျောင်းဆောင်တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

“စီမံကိန်းပြီးရင် မြန်မာနိုင်ငံရဲ့ အကျွမ်းကျင်ဆုံး ၊ ခေတ်အမီဆုံး ရောဂါကာကွယ်ရေးစင်တာ ဖြစ်လာမှာပါ။ဒီစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ကုသရေးအများကြီးမြှင့်တင်ပေးနိုင်ပြီး မြန်မာပြည်သူတွေရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်အာမခံချက် ရှိစေမှာပါ”ဟု ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများလေ့ကျင့်ရေးဌာန စီမံကိန်းမြေဧရိယာမှာ စတုရန်းမီတာ ၈ သောင်းခန့်ရှိပြီး အဆောက်အအုံဧရိယာမှာ စတုရန်းမီတာ ၁၈၀၀၀ ရှိကာ စီမံကိန်းကို၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Zaw Gyi

ႏိုင္ငံေတာ္အဆင့္ဇီဝလုံၿခဳံမႈအဆင့္ဓာတ္ခြဲခန္းကို ၂၀၂၃ ခုႏွစ္အတြင္း အၿပီး တည္ေဆာက္မည္

ႏိုင္ငံေတာ္အဆင့္ဇီဝလုံၿခဳံမႈအဆင့္ဓာတ္ခြဲခန္းကို ၂၀၂၃ ခုႏွစ္အတြင္း အၿပီး တည္ေဆာက္မည္ ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက သိရသည္။

အဆိုပါ ဓာတ္ခြဲခန္းကို ေနျပည္ေတာ္၌ တည္ေဆာက္ေနျခင္း ျဖစ္ၿပီး ဓာတ္ခြဲခန္းအပါအဝင္ ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးဗဟိုဌာန (CDC) ႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားေလ့က်င့္ေရးဌာနလည္းပါဝင္မည္ ျဖစ္ေၾကာင္း၊လက္ရွိတြင္ ယာယီတည္ေဆာက္မႈ၊ ေျမျပန္ဖို႔မႈမ်ားတည္ေဆာက္ၿပီးျဖစ္ကာ ေဆာက္လုပ္ေရးပိုင္တိုင္ႏွင့္ အေျခခံေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို ေမလအတြင္း အၿပီး လုပ္ေဆာင္မည္ ျဖစ္ေၾကာင္း သိရသည္။

စီမံကိန္းမွာ ႏိုင္ငံတကာ အဆင့္မွီ စီမံကိန္းတစ္ခုျဖစ္ၿပီး တန္ဖိုး ယြမ္သန္း (၄၀၀)ခန႔္ ရွိေၾကာင္း၊ စီမံကိန္းတြင္ (၂)ထပ္ အုပ္ခ်ဳပ္မႈေဆာင္ (၁)ေဆာင္၊ (၃)ထပ္ ေရာဂါႏွိမ္နင္းေရး အေဆာက္အဦႏွင့္ ႏိုင္ငံတကာအဆင့္မွီ Biosafety level (3) ႏွင့္ Biosafety level (2) ရွိေသာ ဓာတ္ခြဲခန္းမ်ား၊ (၄)ထပ္ သင္တန္းေက်ာင္းေဆာင္တို႔ ပါဝင္မည္ ျဖစ္ေၾကာင္း သိရသည္။

“စီမံကိန္းၿပီးရင္ ျမန္မာႏိုင္ငံရဲ႕ အကြၽမ္းက်င္ဆုံး ၊ ေခတ္အမီဆုံး ေရာဂါကာကြယ္ေရးစင္တာ ျဖစ္လာမွာပါ။ဒီစီမံကိန္းဟာ ျမန္မာႏိုင္ငံရဲ႕ က်န္းမာေရး၊ကုသေရးအမ်ားႀကီးျမႇင့္တင္ေပးႏိုင္ၿပီး ျမန္မာျပည္သူေတြရဲ႕ က်န္းမာေရးကို ပိုမိုေကာင္းမြန္အာမခံခ်က္ ရွိေစမွာပါ”ဟု က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူက ေျပာသည္။

ျမန္မာႏိုင္ငံကူးစက္ေရာဂါထိန္းခ်ဳပ္ေရးဗဟိုဌာန (CDC) ႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားေလ့က်င့္ေရးဌာန စီမံကိန္းေျမဧရိယာမွာ စတုရန္းမီတာ ၈ ေသာင္းခန႔္ရွိၿပီး အေဆာက္အအုံဧရိယာမွာ စတုရန္းမီတာ ၁၈၀၀၀ ရွိကာ စီမံကိန္းကို၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ ၁၀ ရက္က စတင္တည္ေဆာက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here