ထိုင်းနိုင်ငံက မြန်မာပြည်သူများအတွက် ကိုဗစ်ကာကွယ်ဆေး ပေးလှူ

0
240

ထိုင်းနိုင်ငံက မြန်မာပြည်သူများအတွက် ကိုဗစ်ကာကွယ်ဆေး ပေးလှူ

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများတွင်အသုံးပြုရန် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ပြည်သူများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca အမှတ်တံဆိပ် (၁)သန်း doses အနက် ပထမအသုတ် ကာကွယ်ဆေး(၅)သိန်း Doses နှင့် ဆေးထိုးအပ် (၅)သိန်းသည် မတ်လ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။

နစကကျန်းမာရေးဝန်ကြီးဌာနက ယခုလှူဒါန်းမှုမှ ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နယ်စပ်ဒေသများ အပါအဝင် ကာကွယ်ဆေး လွှမ်းခြုံမှုနည်းပါးလျက်ရှိသည့်ဒေသများတွင် ဦးစားပေး၍ ထိုးနှံပေး မည်ဟုပြောဆိုသည်။

လက်ရှိတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် (၁၂-၃-၂၀၂၂) ရက်နေ့ အထိ လူဦးရေ စုစုပေါင်း (၂၄.၇)သန်း အား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကာ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ (၂၁.၄)သန်း နှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၃.၃)သန်း ရှိပြီဖြစ်သည်။

Zaw Gyi

ထိုင္းႏိုင္ငံက ျမန္မာျပည္သူမ်ားအတြက္ ကိုဗစ္ကာကြယ္ေဆး ေပးလႉ

ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးထိုးလုပ္ငန္းမ်ားတြင္အသုံးျပဳရန္ ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံ ျပည္သူမ်ားသို႔ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းမွတဆင့္ လႉဒါန္းသည့္ ကိုဗစ္-၁၉ ကာကြယ္ေဆး AstraZeneca အမွတ္တံဆိပ္ (၁)သန္း doses အနက္ ပထမအသုတ္ ကာကြယ္ေဆး(၅)သိန္း Doses ႏွင့္ ေဆးထိုးအပ္ (၅)သိန္းသည္ မတ္လ (၁၂)ရက္ေန႔ နံနက္ပိုင္းတြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ေရာက္ရွိလာသည္။

နစကက်န္းမာေရးဝန္ႀကီးဌာနက ယခုလႉဒါန္းမႈမွ ရရွိလာသည့္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးမ်ားကို နယ္စပ္ေဒသမ်ား အပါအဝင္ ကာကြယ္ေဆး လႊမ္းၿခဳံမႈနည္းပါးလ်က္ရွိသည့္ေဒသမ်ားတြင္ ဦးစားေပး၍ ထိုးႏွံေပး မည္ဟုေျပာဆိုသည္။

လက္ရွိတြင္ ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္ႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္မ်ားတြင္ (၁၂-၃-၂၀၂၂) ရက္ေန႔ အထိ လူဦးေရ စုစုေပါင္း (၂၄.၇)သန္း အား ကိုဗစ္ကာကြယ္ေဆးထိုးႏွံေပးၿပီးျဖစ္ကာ ကာကြယ္ေဆးႏွစ္ႀကိမ္ အျပည့္ ထိုးႏွံၿပီးစီးသူ (၂၁.၄)သန္း ႏွင့္ ပထမအႀကိမ္ထိုးႏွံၿပီးစီးသူ (၃.၃)သန္း ရွိၿပီျဖစ္သည္။

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here