ရန်ကုန် လှိုင်မြို့နယ်ရှိ ရပ်ကျေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍သေဆုံး

0
100

ရန်ကုန် လှိုင်မြို့နယ်ရှိ ရပ်ကျေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍သေဆုံ

ရန်ကုန်မြို့၊လှိုင်မြို့နယ်၊ ၁ ရပ်ကွက်၏ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးပြုံးချိုသည် မတ် ၁၂ ရက်ညပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

၁ ရပ်ကွက်၏ ရာအိမ်မှူးဖြစ်သည့် ဦးပြုံးချိုအား ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် အမည်မသိအမျိုး သားများမှသေနတ်ဖြင့် ပစ်သတ်ခဲ့ကြခြင်းဖြစ် သည်ဟု သိရသည်။

“အနီးကပ်ပစ်ခံရတယ်လို့ကြားတယ် သေနတ်သံ တွေတော့ကြားလိုက်တယ် ဘယ်နေရာမှာပစ်ခံရတာလဲဆိုတာတော့မသိဘူး ထွက်မကြည့်ရဲဘူးလေ မနက်ကမှသိတာ ရာအိမ်မှူးပစ်ခံရတယ်ဆိုတာကို”ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်သတ်ခံရမှုကြောင့် ရာအိမ်မှူးဦးပြုံးချို၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်း ဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်ပွားသည့်နေ ရာ၊ရပ်ကွက်အတွင်းနှင့်ဖြတ်သန်းသွားလာနေသူ များအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here