ပင်လုံမြို့တွင် ဆေးကြောင်နေသည့်သားဖြစ်သူက မိဘနှစ်ပါးအားသတ်ဖြတ်

0
273

ပင်လုံမြို့တွင် ဆေးကြောင်နေသည့်သားဖြစ်သူက မိဘနှစ်ပါးအားသတ်ဖြတ်

ရှမ်းပြည်(တောင်ပိုင်း)၊ပင်လုံမြို့၊ရပ်ကွက်(၃)တွင် ဆေးကြောင်နေသည့်သားဖြစ်သူက မိဘနှစ်ပါးအား သတ်ဖြတ်ခဲ့မှုဖြစ်ပွားခဲ့သည်ဟု လူမှုကူညီရေးအသင်းများမှ သိရသည်။

“ဘယ်နေ့ထဲကသတ်ထားတာလဲတော့မသိဘူး အ လောင်းလာသယ်ဖို့ ရဲစခန်းကဖုန်းဆက်လို့သွားသယ်ပေးခဲ့တာပါ ဆေးကြောင်နေတာ ဆိုင်ကယ်ဝယ်မပေးလို့သတ်လိုက်တာလို့သိထားတယ် နှစ်ယောက်လုံးကိုဓားနဲ့ပဲသတ်ထားတာ”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သားဖြစ်သူ၏ သတ်ဖြတ်ခြင်းအား ခံခဲ့ရသည့် မိ ဘနှစ်ပါးအနက် ဖခင်ဖြစ်သူ၏ ရုပ်အလောင်းအား နေအိမ်အိပ်ခန်းအတွင်းရှိ ခုတင်ဘေးမှတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

” ၁၂ ရက်နေ့က အဖေဖြစ်သူရဲ့အလောင်းကိုသွားသယ်ခဲ့ပြီး ဆေးရုံကရင်ခွဲရုံကိုပို့လိုက်ပြီ အမေရဲ့အလောင်းကတော့မသယ်ရသေးဘူး ခြံဝင်းထဲကထင်းပုံအောက်မှာမြှုတ်ထားတယ်လို့စစ်ဆေးချက်အရသိရတယ်”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မိဘနှစ်ပါးအားသတ်ဖြတ်ခဲ့သည့် အသက်(၂၆) နှစ်အရွယ်ခန့်ရှိ သားဖြစ်သူအား ပင်လုံမြို့မရဲ စ ခန်းမှတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Zaw Gyi
ပင္လုံၿမိဳ႕တြင္ ေဆးေၾကာင္ေနသည့္သားျဖစ္သူက မိဘႏွစ္ပါးအားသတ္ျဖတ္

ရွမ္းျပည္(ေတာင္ပိုင္း)၊ပင္လုံၿမိဳ႕၊ရပ္ကြက္(၃)တြင္ ေဆးေၾကာင္ေနသည့္သားျဖစ္သူက မိဘႏွစ္ပါးအား သတ္ျဖတ္ခဲ့မႈျဖစ္ပြားခဲ့သည္ဟု လူမႈကူညီေရးအသင္းမ်ားမွ သိရသည္။

“ဘယ္ေန႔ထဲကသတ္ထားတာလဲေတာ့မသိဘူး အ ေလာင္းလာသယ္ဖို႔ ရဲစခန္းကဖုန္းဆက္လို႔သြားသယ္ေပးခဲ့တာပါ ေဆးေၾကာင္ေနတာ ဆိုင္ကယ္ဝယ္မေပးလို႔သတ္လိုက္တာလို႔သိထားတယ္ ႏွစ္ေယာက္လုံးကိုဓားနဲ႔ပဲသတ္ထားတာ”ဟုလူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာသည္။

သားျဖစ္သူ၏ သတ္ျဖတ္ျခင္းအား ခံခဲ့ရသည့္ မိ ဘႏွစ္ပါးအနက္ ဖခင္ျဖစ္သူ၏ ႐ုပ္အေလာင္းအား ေနအိမ္အိပ္ခန္းအတြင္းရွိ ခုတင္ေဘးမွေတြ႕ရွိခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

” ၁၂ ရက္ေန႔က အေဖျဖစ္သူရဲ႕အေလာင္းကိုသြားသယ္ခဲ့ၿပီး ေဆး႐ုံကရင္ခြဲ႐ုံကိုပို႔လိုက္ၿပီ အေမရဲ႕အေလာင္းကေတာ့မသယ္ရေသးဘူး ၿခံဝင္းထဲကထင္းပုံေအာက္မွာျမႇဳတ္ထားတယ္လို႔စစ္ေဆးခ်က္အရသိရတယ္”ဟုလူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာသည္။

မိဘႏွစ္ပါးအားသတ္ျဖတ္ခဲ့သည့္ အသက္(၂၆) ႏွစ္အ႐ြယ္ခန္႔ရွိ သားျဖစ္သူအား ပင္လုံၿမိဳ႕မရဲ စ ခန္းမွတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီး၍စစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here