အလုံမြို့နယ်ရှိ NLD ပါတီ၏ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်နွယ်နွယ်ဝင်း နေအိမ်တိုက်ခန်းချိတ်ပိတ်ခံရ

0
138

အလုံမြို့နယ်ရှိ NLD ပါတီ၏ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်နွယ်နွယ်ဝင်း နေအိမ်တိုက်ခန်းချိတ်ပိတ်ခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ အလုံမြို့နယ်နေ တိုင်ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဟောင်းဒေါ်နွယ်နွယ်ဝင်း နေအိမ်တိုက်ခန်းသည် မတ် ၁၂ ရက်ကချိတ်ပိတ်ခံခဲ့ရသည်ဟု သိရသည်။

ဒေါ်နွယ်နွယ်ဝင်း၏ ချိတ်ပိတ်ခံခဲ့ရသည့် နေအိမ်တိုက်ခန်းသည် အလုံမြို့နယ်၊စောရန်ပိုင်အနောက်ရပ်ကွက်၊နွယ်သာကီလမ်း၊တိုက်အမှတ်-၂၈၊တတိ ယလွှာ၌ရှိကြောင်း သိရသည်။

“စစ်သားတွေပါ၊မပါကိုတော့သတိမထားမိဘူး ရဲရယ် မြို့နယ်ထွေအုပ်ရယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ် ရပ်ကျေးအဖွဲ့တွေရယ် နေ့လည်ပိုင်းမှာလာပြီး ချိတ်ပိတ်သွားတာ ဗီနိုင်းကပ်သွားတယ်” ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

အဆိုပါ ချိတ်ပိတ်ခံခဲ့ရသည့် နေအိမ်၌ ဒေါ်နွယ်နွယ်ဝင်းအပါအဝင် မိသားစုဝင်များနေထိုင်ခြင်းမရှိသည်မှာကြာမြင့်ပြီဖြစ်ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

“တိုက်ခန်းကိုချိတ်ပိတ်တယ်ဆိုပြီး ကပ်သွားတဲ့ဗီနိုင်းမှာရေးထားတာက အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ပတ်သက်တာကြောင့် ချိတ်ပိတ်တာဖြစ်တယ်လို့ရေးထားတာပဲ ကျန်တာတွေကတော့ကျွန်တော်တို့လည်းမသိဘူး”ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

ဒေါ်နွယ်နွယ်ဝင်း၏ နေအိမ်အားချိတ်ပိတ်ကြောင်း ချိတ်ဆွဲထားသည့်ဗီနိုင်း၌ “တိုက်အ မှတ်-၂၈၊သုံးလွှာ၊နွယ်သာကီလမ်း၊စောရန်ပိုင်အ နောက်ရပ်ကွက်ရှိ ဤတိုက်ခန်းသည် အကြမ်း ဖက်အဖွဲ့အစည်းများနှင့်ဆက်စပ်ပတ်သက်နေသဖြင့် နိုင်ငံတော်ပိုင်သိမ်းဆည်းမည်ဖြစ်သောကြောင့် ချိတ်ပိတ်ဆောင်ရွက်ထားသဖြင့် ဝင်ရောက်နေ ထိုင်ခြင်း၊ရောင်းချခြင်း၊ဝယ်ယူခြင်းမပြုလုပ်ရ” ဟုရေးသားထားသည်။

Zaw Gyi

အလုံၿမိဳ႕နယ္ရွိ NLD ပါတီ၏ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းေဒၚႏြယ္ႏြယ္ဝင္း ေနအိမ္တိုက္ခန္းခ်ိတ္ပိတ္ခံရ

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ပါတီ၏ အလုံၿမိဳ႕နယ္ေန တိုင္ေဒသႀကီးလႊတ္ေတာ္ကိုယ္စား လွယ္ေဟာင္းေဒၚႏြယ္ႏြယ္ဝင္း ေနအိမ္တိုက္ခန္းသည္ မတ္ ၁၂ ရက္ကခ်ိတ္ပိတ္ခံခဲ့ရသည္ဟု သိရသည္။

ေဒၚႏြယ္ႏြယ္ဝင္း၏ ခ်ိတ္ပိတ္ခံခဲ့ရသည့္ ေနအိမ္တိုက္ခန္းသည္ အလုံၿမိဳ႕နယ္၊ေစာရန္ပိုင္အေနာက္ရပ္ကြက္၊ႏြယ္သာကီလမ္း၊တိုက္အမွတ္-၂၈၊တတိ ယလႊာ၌ရွိေၾကာင္း သိရသည္။

“စစ္သားေတြပါ၊မပါကိုေတာ့သတိမထားမိဘူး ရဲရယ္ ၿမိဳ႕နယ္ေထြအုပ္ရယ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွူးရယ္ ရပ္ေက်းအဖြဲ႕ေတြရယ္ ေန႔လည္ပိုင္းမွာလာၿပီး ခ်ိတ္ပိတ္သြားတာ ဗီနိုင္းကပ္သြားတယ္” ဟုရပ္ကြက္ေနသူတစ္ဦးကေျပာသည္။

အဆိုပါ ခ်ိတ္ပိတ္ခံခဲ့ရသည့္ ေနအိမ္၌ ေဒၚႏြယ္ႏြယ္ဝင္းအပါအဝင္ မိသားစုဝင္မ်ားေနထိုင္ျခင္းမရွိသည္မွာၾကာျမင့္ၿပီျဖစ္ေၾကာင္း ရပ္ကြက္ေနသူမ်ားထံမွ သိရသည္။

“တိုက္ခန္းကိုခ်ိတ္ပိတ္တယ္ဆိုၿပီး ကပ္သြားတဲ့ဗီနိုင္းမွာေရးထားတာက အၾကမ္းဖက္အဖြဲ႕အစည္းေတြနဲ႔ပတ္သက္တာေၾကာင့္ ခ်ိတ္ပိတ္တာျဖစ္တယ္လို႔ေရးထားတာပဲ က်န္တာေတြကေတာ့ကၽြန္ေတာ္တို႔လည္းမသိဘူး”ဟုရပ္ကြက္ေနသူတစ္ဦးကေျပာသည္။

ေဒၚႏြယ္ႏြယ္ဝင္း၏ ေနအိမ္အားခ်ိတ္ပိတ္ေၾကာင္း ခ်ိတ္ဆြဲထားသည့္ဗီနိုင္း၌ “တိုက္အ မွတ္-၂၈၊သုံးလႊာ၊ႏြယ္သာကီလမ္း၊ေစာရန္ပိုင္အ ေနာက္ရပ္ကြက္ရွိ ဤတိုက္ခန္းသည္ အၾကမ္း ဖက္အဖြဲ႕အစည္းမ်ားႏွင့္ဆက္စပ္ပတ္သက္ေနသျဖင့္ နိုင္ငံေတာ္ပိုင္သိမ္းဆည္းမည္ျဖစ္ေသာေၾကာင့္ ခ်ိတ္ပိတ္ေဆာင္ရြက္ထားသျဖင့္ ဝင္ေရာက္ေန ထိုင္ျခင္း၊ေရာင္းခ်ျခင္း၊ဝယ္ယူျခင္းမျပဳလုပ္ရ” ဟုေရးသားထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here