ကုန်စိမ်းကားအတွင်း ပုန်း၍လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၅၃ ဦး တက်ခ်ခရိုင်တွင် ထပ်မံဖမ်းဆီးခံရ

0
172

ကုန်စိမ်းကားအတွင်း ပုန်း၍လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၅၃ ဦး တက်ခ်ခရိုင်တွင် ထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊တက်ခ်ခရိုင်၊မဲဆောက်မြို့ရှိ စစ်ဆေးရေးဂိတ်တွင် ကုန်စိမ်းကားအတွင်းပုန်း၍လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၅၃ ဦးအား မတ် ၁၄ ရက်(ယနေ့)နံနက်အစောပိုင်းတွင် ထိုင်းနိုင်ငံတာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့သည်။

မဲဆောက်မြို့ရှိ စစ်ဆေးရေးဂိတ်သို့ဝင်ရောက်လာသည့် ကုန်စိမ်းကားတစ်စီးအား ထိုင်းနိုင်ငံတာဝန်ရှိသူများက စစ်ဆေးရာမှ မြန်မာနိုင်ငံသား အမျိုးသား ၃၁ ဦး၊အမျိုးသမီး ၂၂ ဦး(စုစုပေါင်း ၅၃ ဦး)အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများနှင့်အတူ ထိုင်းနိုင်ငံသားကုန်စိမ်းကားမောင်းသူ ထိုင်းနိုင်ငံသားကိုလည်း ထိုင်းနိုင်ငံတာဝန်ရှိသူများက ဖမ်းဆီးခဲ့သည်။

 

“ကုန်စိမ်းကားထဲမှာပုန်းပြီးလိုက်လာရတဲ့ဒုက္ခကအတော်ဆိုးတယ် အချိန်ခနလေးတော့စောင့်စေချင်တယ်ဗျာ အခုဆိုရင် ထိုင်းကိုတရားဝင်လာပြီး အလုပ်လုပ်နိုင်ဖို့လုပ်နေကြပြီလေ အခုလိုဖမ်းခံရတော့ သူတို့အတွက်ဆိုးကျိုးတွေပဲဖြစ်လာမှာ”ဟုထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးဆောင်ရွက်နေသူတစ်ဦးကပြောသည်။

Zaw Gyi






ဖမ်းဆီးရမိသူများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ကာ ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် မဲဆောက်မြို့ရဲစခန်းသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here