ထိုင်းမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား၁၀၀ကျော်နေရပ်သို့ ပြန်လည်ပို့ဆောင်

0
100

ထိုင်းမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား၁၀၀ကျော်နေရပ်သို့ ပြန်လည်ပို့ဆောင်

ရှမ်းပြည်နယ်( အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ နေရပ်သို့ပြန်လာကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား (၁၂၁)ဦးကို မတ်လ (၁၃)ရက်နေ့၊ နံနက် (၁၁) နာရီအချိန်က မော်တော်ယာဉ်များဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

နေရပ်ပြန်များသည် မတ်(၁)ရက်နေ့က မြန်မာ- ထိုင်းချစ်ကြည်ရေး အမှတ် (၂) တံတားမှပြန်လည်ဝင်ရောက်လာကြသူများဖြစ်ပြီး စံလင်းဖြိုး Quarantine Centre တွင်( ၁၄)ရက်ထားရှိကာ နှာခေါင်းနှင့်အာခေါင်တို့ဖတ်( ၃)ကြိမ်ရယူ၍ RTD စက်ဖြင့် စစ်ဆေးပြီးရောဂါပိုးကင်းရှင်းသောတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အမျိုးသား(၁၀၉)ဦး၊အမျိုးသမီး (၁၂)ဦး၊ စုစုပေါင်း (၁၂၁)ဦးနှင့်ဒေသတွင်းမှအမျိုးသား(၂၄)ဦး၊အမျိုးသမီး (၁၂)ဦး၊ စုစုပေါင်း(၃၆)တို့ကိုပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်သည်။

ထိုသို့ RTD စက်ဖြင့် (၃) ကြိမ်မြောက် ကျန်းမာရေးစစ်ဆေးခဲ့ရာတွင် အမျိုးသား အမျိုးသမီးစုစုပေါင်း( ၁၈) ဦး ကိုဗစ်- ၁၉ ရောဂါပိုးထပ်မံတွေ့ရှိရသဖြင့်( ၁၁)ရက် ဆက်လက်နေထိုင်ရမည်ဖြစ်ကာကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။

ဓါတ်ပုံ-SENA-YS

Zaw Gyi





ဓါတ်ပုံ-SENA-YS


LEAVE A REPLY

Please enter your comment!
Please enter your name here