မန္တလေးမြို့ရှိ သိပ္ပံလမ်းထောင့်မီးပွိုင့်တွင် လုံခြုံ ရေးပူးပေါင်းအဖွဲ့ လက်လုပ်မိုင်းဖြင့်ပစ်ခတ်ခံရ ဒဏ်ရာရသူများရှိ

0
104

မန္တလေးမြို့ရှိ သိပ္ပံလမ်းထောင့်မီးပွိုင့်တွင် လုံခြုံ ရေးပူးပေါင်းအဖွဲ့ လက်လုပ်မိုင်းဖြင့်ပစ်ခတ်ခံရ ဒဏ်ရာရသူများရှိ

မန္တလေးမြို့၊ ၆၁ လမ်းနှင့်သိပ္ပံလမ်းထောင့်တွင် တာဝန်ကျနေသည့် လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များ မတ် ၁၄ ရက်(ယနေ့)နံနက်ပိုင်းက လက်လုပ်မိုင်းဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု မန္တလေးမြို့နေသူ များထံမှ သိရသည်။

၆၁ လမ်းနှင့်သိပ္ပံလမ်းထောင့်မီးပွိုင့်၌ လုံခြုံရေးတာဝန်ကျနေသည့် ပူးပေါင်းအဖွဲ့ဝင်များအား စစ် ဆေးမှုများပြုလုပ်စဥ် လက်လုပ်မိုင်းဖြင့်ပစ်ခတ်ခံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဒဏ်ရာရတဲ့လူတွေရှိတယ် လူနာတင်ကားတွေလာပြီးတင်သွားတာတွေ့တယ် ဘယ်နားကနေမိုင်းနဲ့ပစ်သွားတာလဲဆိုတာတော့မသိဘူးပေါ့ အခုထက်ထိတော့ စစ်ဆေးတာတွေကိုတင်းတင်းကြပ်ကြပ်လုပ်နေတယ်”ဟုမန္တလေးမြို့ခံတစ်ဦးကပြောသည်။

လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခံရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့၏ ယာဥ်ထိန်းရဲ၊မီးသတ်တပ်ဖွဲ့ဝင်နှင့်အခြားအမျိုးသားများ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သူများအား ဆေးရုံသို့လူမှုကူညီရေးအသင်းကားများဖြင့် ဆေးကုသမှုခံယူရန်(စိုးရိမ်ရ)လူနာများအဖြစ် ပို့ဆောင်ခဲ့ရသည်။

လုံခြုံရေးပူးပေါင်းအဖွဲ့အား ဒေသကာကွယ်ရေးအဖွဲ့များဖြစ်သည့် Mandalay Black King Scorpion ၊ Guerilla Force of Mandalay နှင့် Mandalay Ranger Force – PDF တို့ပူးပေါင်း၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များမှထုတ်ပြန်ထားသည်။

Zaw Gyi

မႏၲေလးၿမိဳ႕ရွိ သိပၸံလမ္းေထာင့္မီးပြိဳင့္တြင္ လုံၿခဳံ ေရးပူးေပါင္းအဖြဲ႕ လက္လုပ္မိုင္းျဖင့္ပစ္ခတ္ခံရ ဒဏ္ရာရသူမ်ားရွိ

မႏၲေလးၿမိဳ႕၊ ၆၁ လမ္းႏွင့္သိပၸံလမ္းေထာင့္တြင္ တာဝန္က်ေနသည့္ လုံၿခဳံေရးပူးေပါင္းအဖြဲ႕ဝင္မ်ား မတ္ ၁၄ ရက္(ယေန႔)နံနက္ပိုင္းက လက္လုပ္မိုင္းျဖင့္ပစ္ခတ္ခံခဲ့ရသည္ဟု မႏၲေလးၿမိဳ႕ေနသူ မ်ားထံမွ သိရသည္။

၆၁ လမ္းႏွင့္သိပၸံလမ္းေထာင့္မီးပြိဳင့္၌ လုံၿခဳံေရးတာဝန္က်ေနသည့္ ပူးေပါင္းအဖြဲ႕ဝင္မ်ားအား စစ္ ေဆးမႈမ်ားျပဳလုပ္စဥ္ လက္လုပ္မိုင္းျဖင့္ပစ္ခတ္ခံခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

“ဒဏ္ရာရတဲ့လူေတြရွိတယ္ လူနာတင္ကားေတြလာၿပီးတင္သြားတာေတြ႕တယ္ ဘယ္နားကေနမိုင္းနဲ႔ပစ္သြားတာလဲဆိုတာေတာ့မသိဘူးေပါ့ အခုထက္ထိေတာ့ စစ္ေဆးတာေတြကိုတင္းတင္းၾကပ္ၾကပ္လုပ္ေနတယ္”ဟုမႏၲေလးၿမိဳ႕ခံတစ္ဦးကေျပာသည္။

လက္လုပ္မိုင္းျဖင့္ ပစ္ခတ္ခံရသျဖင့္ လုံၿခဳံေရးပူးေပါင္းအဖြဲ႕၏ ယာဥ္ထိန္းရဲ၊မီးသတ္တပ္ဖြဲ႕ဝင္ႏွင့္အျခားအမ်ိဳးသားမ်ား မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိခဲ့သူမ်ားအား ေဆး႐ုံသို႔လူမႈကူညီေရးအသင္းကားမ်ားျဖင့္ ေဆးကုသမႈခံယူရန္(စိုးရိမ္ရ)လူနာမ်ားအျဖစ္ ပို႔ေဆာင္ခဲ့ရသည္။

လုံၿခဳံေရးပူးေပါင္းအဖြဲ႕အား ေဒသကာကြယ္ေရးအဖြဲ႕မ်ားျဖစ္သည့္ Mandalay Black King Scorpion ၊ Guerilla Force of Mandalay ႏွင့္ Mandalay Ranger Force – PDF တို႔ပူးေပါင္း၍ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ယင္းအဖြဲ႕မ်ားမွထုတ္ျပန္ထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here