ကရင်အမျိုးသားပါတီဥက္ကဋ္ဌကွယ်လွန်မှု နိုင်ငံရေးပါတီများဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့

0
91

ကရင်အမျိုးသားပါတီဥက္ကဋ္ဌကွယ်လွန်မှု နိုင်ငံရေးပါတီများဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့


ကရင်အမျိုးသားပါတီ (KNP) ၏ ပါတီတည်ထောင်သူ ကရင်အမျိုးသားပါတီ၏ ဥက္ကဌဖြစ်သူ မန်းသိန်းရွှေ (၉၂) နှစ် သည် ၂၀၂၂ ခုနှစ်မတ်လ (၁၃) ရက်နေ့တွင် ခရစ်တော်၌ အိပ်ပျော်သွားခဲ့ပါသည်ဟု ကရင်အမျိုးသားပါတီ KAREN NATIONAL PARTY – KNPက ထုတ်ပြန်သည်။

ကရင်အမျိုးသားပါတီ (KNP) ဥက္ကဌ မန်းသိန်းရွှေသည် ကရင်အမျိုးသားပါတီကို ၂၀၁၄ ခုနှစ်ပါတီတည်ထောင်ချိန်မှစ၍ ပါတီတည်ထောင်သူအဖြစ်လည်းကောင်း၊ပါတီဥက္ကဌအဖြစ် ထမ်းရွက်ခဲ့သူတစ်ဦးဖြစ်ကာ မြန်မာ့အရေး၊ကမ္ဘာ့ အရေးနှင့် ကရင်အမျိုးသားတို့၏ အရေးတို့နှင့် ပတ်သက်သော စာအုပ်စာတမ်းများကိုလည်း ရေးသား ပြုစုထုတ်ဝေခဲ့သူလည်းဖြစ်သည်။

ကရင်အမျိုးသားပါတီ (KNP) ဥက္ကဌ မန်းသိန်းရွှေ ကွယ်လွန်သွားခြင်းသည် အမျိုးသားရေးအတွက် အစား ထိုးမရသောဆုံးရှုံးမှုတစ်ရပ်ဟု
ကရင်အမျိုးသားပါတီ (KNP) ဗဟိုအလုပ်အမှုဆောင်ကော်မတီ က ယနေ့၂၀၂၂ခုနှစ်၊ မတ်လ (၁၄) ရက်တွင် ဝမ်းနည်းစကားပြောကြားသည်။

စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ကလည်းမန်းသိန်းရွှေသည် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)နှင့် အတူ တိုင်းရင်းသားလူမျိုးများအရေး၊ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် မူဝါဒချင်း၊ ရည်ရွယ်ချက်ချင်း တူညီသော အင်အားစုပေါင်းစုံနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်၍မန်းသိန်းရွှေ ကွယ်လွန်ခြင်းသည် အစားထိုးမရသည့် တိုင်းရင်းသားခေါင်းဆောင် တစ်ဦး ဆုံးရှုံးရခြင်းပင်ဖြစ်ကြောင်း စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့က မှတ်တမ်းတင် ဂုဏ်ပြုထားသည်ကိုတွေ့ရသည်။

အလားတူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း
ကရင်အမျိုးသားပါတီ ဥက္ကဋ္ဌ မန်းသိန်းရွှေအသက် (၉၂) နှစ် ခရစ်တော်၌ အိပ်ပျော်သွားမှုအပေါ် အထူးဝမ်းနည်းကြေကွဲရကြောင်း သဝဏ်လွှာ ပေးပို့ထားသည်။

ကရင်အမျိုးသားပါတီ (KNP) ၏ ပါတီတည်ထောင်သူ ကရင်အမျိုးသားပါတီ၏ ဥက္ကဌဖြစ်သူ မန်းသိန်းရွှေသည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ရွာသစ်ကြီး၊ စစ်ကိုင်းမြို့တွင် လက်ထောက် ကထိကအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်ဟုသိရသည်။

Zaw Gyi
ကရင္အမ်ိဳးသားပါတီဥကၠ႒ကြယ္လြန္မႈ ႏိုင္ငံေရးပါတီမ်ားဝမ္းနည္းေၾကာင္းသဝဏ္လႊာမ်ားေပးပို႔


ကရင္အမ်ိဳးသားပါတီ (KNP) ၏ ပါတီတည္ေထာင္သူ ကရင္အမ်ိဳးသားပါတီ၏ ဥကၠဌျဖစ္သူ မန္းသိန္းေ႐ႊ (၉၂) ႏွစ္ သည္ ၂၀၂၂ ခုႏွစ္မတ္လ (၁၃) ရက္ေန႔တြင္ ခရစ္ေတာ္၌ အိပ္ေပ်ာ္သြားခဲ့ပါသည္ဟု ကရင္အမ်ိဳးသားပါတီ KAREN NATIONAL PARTY – KNPက ထုတ္ျပန္သည္။

ကရင္အမ်ိဳးသားပါတီ (KNP) ဥကၠဌ မန္းသိန္းေ႐ႊသည္ ကရင္အမ်ိဳးသားပါတီကို ၂၀၁၄ ခုႏွစ္ပါတီတည္ေထာင္ခ်ိန္မွစ၍ ပါတီတည္ေထာင္သူအျဖစ္လည္းေကာင္း၊ပါတီဥကၠဌအျဖစ္ ထမ္း႐ြက္ခဲ့သူတစ္ဦးျဖစ္ကာ ျမန္မာ့အေရး၊ကမာၻ႔ အေရးႏွင့္ ကရင္အမ်ိဳးသားတို႔၏ အေရးတို႔ႏွင့္ ပတ္သက္ေသာ စာအုပ္စာတမ္းမ်ားကိုလည္း ေရးသား ျပဳစုထုတ္ေဝခဲ့သူလည္းျဖစ္သည္။

ကရင္အမ်ိဳးသားပါတီ (KNP) ဥကၠဌ မန္းသိန္းေ႐ႊ ကြယ္လြန္သြားျခင္းသည္ အမ်ိဳးသားေရးအတြက္ အစား ထိုးမရေသာဆုံးရႈံးမႈတစ္ရပ္ဟု
ကရင္အမ်ိဳးသားပါတီ (KNP) ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ က ယေန႔၂၀၂၂ခုႏွစ္၊ မတ္လ (၁၄) ရက္တြင္ ဝမ္းနည္းစကားေျပာၾကားသည္။

စည္းလုံးညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားမဟာမိတ္အဖြဲ႕ကလည္းမန္းသိန္းေ႐ႊသည္ စည္းလုံးညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားမဟာမိတ္(UNA)ႏွင့္ အတူ တိုင္းရင္းသားလူမ်ိဳးမ်ားအေရး၊ ဒီမိုကေရစီအေရး၊ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ေရးတို႔အတြက္ မူဝါဒခ်င္း၊ ရည္႐ြယ္ခ်က္ခ်င္း တူညီေသာ အင္အားစုေပါင္းစုံႏွင့္ လက္တြဲပူးေပါင္း ေဆာင္႐ြက္ခဲ့သူတစ္ဦး ျဖစ္၍မန္းသိန္းေ႐ႊ ကြယ္လြန္ျခင္းသည္ အစားထိုးမရသည့္ တိုင္းရင္းသားေခါင္းေဆာင္ တစ္ဦး ဆုံးရႈံးရျခင္းပင္ျဖစ္ေၾကာင္း စည္းလုံးညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားမဟာမိတ္အဖြဲ႕က မွတ္တမ္းတင္ ဂုဏ္ျပဳထားသည္ကိုေတြ႕ရသည္။

အလားတူ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကလည္း
ကရင္အမ်ိဳးသားပါတီ ဥကၠ႒ မန္းသိန္းေ႐ႊအသက္ (၉၂) ႏွစ္ ခရစ္ေတာ္၌ အိပ္ေပ်ာ္သြားမႈအေပၚ အထူးဝမ္းနည္းေၾကကြဲရေၾကာင္း သဝဏ္လႊာ ေပးပို႔ထားသည္။


ကရင္အမ်ိဳးသားပါတီ (KNP) ၏ ပါတီတည္ေထာင္သူ ကရင္အမ်ိဳးသားပါတီ၏ ဥကၠဌျဖစ္သူ မန္းသိန္းေ႐ႊသည္ ျပည္ေထာင္စုတိုင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးေရးတကၠသိုလ္၊ ႐ြာသစ္ႀကီး၊ စစ္ကိုင္းၿမိဳ႕တြင္ လက္ေထာက္ ကထိကအျဖစ္ တာဝန္ ထမ္းေဆာင္ခဲ့သူလည္းျဖစ္သည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here