မြန်မာတွင်ထုတ်လုပ်မည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား “Myanco pharm” အမည်ပေးထား၊ထုတ်လုပ်မှုများစတင်တော့မည်

0
164

မြန်မာတွင်ထုတ်လုပ်မည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား “Myanco pharm” အမည်ပေးထား၊ထုတ်လုပ်မှုများစတင်တော့မည်


မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနမြန်မာ့ဆေးဝါးလုပ်ငန်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Sinopharm CNBG ဆေးဝါးကုမ္ပဏီတို့ ပူးပေါင်း၍ ပြည်တွင်း၌ပင် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ချက်သည် မကြာမှီ အကောင်အထည်ပေါ်လာတော့မည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား မြန်မာနိုင်ငံပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ Sinopharm CNBG ဆေးဝါး စက်ရုံနှင့် ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ဆောင်ရွက်ခဲ့ပြီးနောက် ပေါ်ထွက်လာတော့မည့် ရလဒ်ကောင်းတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် ထုတ်လုပ်မည့် ကိုဗစ်ကာကွယ်ဆေးက ပုလင်းသွင်းဖြည့်တင်းရန်အဆင့် ကာကွယ်ဆေး (RTF Bulk)ဝယ်ယူ၍ ပုလင်းသွင်းဖြည့်တင်းခြင်း (Fill/ Finish) ဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်သည်။

အဆိုပါလုပ်ငန်းစဉ်သည် ကမ္ဘာပေါ်ရှိနိုင်ငံတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိပါ။ အာဆီယံဒေသတွင်း၌ပင် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၌သာ (Fill/Finish) ကို အောင်မြင်စွာဆောင်ရွက်နိုင် ကြောင်း တွေ့ရှိရသည်ဟု ဒေါက်တာအောင်ဇော်(စက်မှု/ဆေးဝါး)၏ ကာကွယ်ဆေးထုတ်လုပ်မှုမှတ်တိုင်အသစ် Myanco pharmတွင် ဖော်ပြထားသည်။

ရေရှည်စီမံကိန်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ထုတ်လုပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ် နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အနေဖြင့် ဆောင်ရွက်နေဆဲဖြစ်ပြီး ယခုအချိန်အထိ သုတေသန ပြုစမ်းသပ်ဆဲအဆင့်သာဖြစ်ကြောင်း တွေ့ရှိရကြောင်းလည်းဖော်ပြသည်။

မြန်မာတွင် ကာကွယ်ဆေးအား (Fill/Finish) အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ဆေး ထုတ်လုပ်မှုနည်းပညာများကို လွှဲပြောင်းရုံသာမက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပညာရှင်နှစ်ဦးသည် မြန်မာနိုင်ငံသို့လာရောက်ပြီး ကာကွယ်ဆေး ထုတ်လုပ်မှုနည်းပညာများကို သင်ကြားလေ့ကျင့်ပေးခြင်းနှင့်ထုတ်လုပ်မှုကိုကြီးကြပ်ပေးခြင်းများဆောင်ရွက်ပေးခဲ့ကြသည်။

မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား “Myanco pharm” အမည်ဖြင့် ထုတ်လုပ်သွားမည်ဖြစ်ပြီး ကာကွယ်ဆေး တစ်ပုလင်းလျှင် လူငါးဦး ထိုးနှံနိုင်သည်ဟုသိရသည်။

Zaw Gyi

ျမန္မာတြင္ထုတ္လုပ္မည့္ ကိုဗစ္-၁၉ေရာဂါကာကြယ္ေဆးအား “Myanco pharm” အမည္ေပးထား၊ထုတ္လုပ္မႈမ်ားစတင္ေတာ့မည္

ျမန္မာႏိုင္ငံ စက္မႈဝန္ႀကီးဌာနျမန္မာ့ေဆးဝါးလုပ္ငန္းႏွင့္ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ Sinopharm CNBG ေဆးဝါးကုမၸဏီတို႔ ပူးေပါင္း၍ ျပည္တြင္း၌ပင္ ကိုဗစ္ကာကြယ္ေဆးထုတ္လုပ္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ခ်က္သည္ မၾကာမွီ အေကာင္အထည္ေပၚလာေတာ့မည္ျဖစ္သည္။

ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးအား ျမန္မာႏိုင္ငံျပည္တြင္း၌ ထုတ္လုပ္ႏိုင္ေရးအတြက္ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံ Sinopharm CNBG ေဆးဝါး စက္႐ုံႏွင့္ ေဆြးေႏြးညႇိႏႈိင္းမႈမ်ားကို ၂၀၂၁ ခုႏွစ္ ဇူလိုင္လအတြင္း ေဆာင္႐ြက္ခဲ့ၿပီးေနာက္ ေပၚထြက္လာေတာ့မည့္ ရလဒ္ေကာင္းတစ္ခုျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ထုတ္လုပ္မည့္ ကိုဗစ္ကာကြယ္ေဆးက ပုလင္းသြင္းျဖည့္တင္းရန္အဆင့္ ကာကြယ္ေဆး (RTF Bulk)ဝယ္ယူ၍ ပုလင္းသြင္းျဖည့္တင္းျခင္း (Fill/ Finish) ေဆာင္႐ြက္သည့္ လုပ္ငန္းစဥ္ျဖစ္သည္။

အဆိုပါလုပ္ငန္းစဥ္သည္ ကမာၻေပၚရွိႏိုင္ငံတိုင္း ေဆာင္႐ြက္ႏိုင္ျခင္းမရွိပါ။ အာဆီယံေဒသတြင္း၌ပင္ ထိုင္းႏိုင္ငံ၊ အင္ဒိုနီးရွား ႏိုင္ငံ၊ မေလးရွားႏိုင္ငံႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔၌သာ (Fill/Finish) ကို ေအာင္ျမင္စြာေဆာင္႐ြက္ႏိုင္ ေၾကာင္း ေတြ႕ရွိရသည္ဟု ေဒါက္တာေအာင္ေဇာ္(စက္မႈ/ေဆးဝါး)၏ ကာကြယ္ေဆးထုတ္လုပ္မႈမွတ္တိုင္အသစ္ Myanco pharmတြင္ ေဖာ္ျပထားသည္။


ေရရွည္စီမံကိန္းအေနျဖင့္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးအား ထုတ္လုပ္ႏိုင္ေရးအတြက္ ထိုင္းႏိုင္ငံ၊ အင္ဒိုနီးရွားႏိုင္ငံ၊ ဗီယက္နမ္ ႏိုင္ငံ၊ စင္ကာပူႏိုင္ငံႏွင့္ မေလးရွားႏိုင္ငံတို႔အေနျဖင့္ ေဆာင္႐ြက္ေနဆဲျဖစ္ၿပီး ယခုအခ်ိန္အထိ သုေတသန ျပဳစမ္းသပ္ဆဲအဆင့္သာျဖစ္ေၾကာင္း ေတြ႕ရွိရေၾကာင္းလည္းေဖာ္ျပသည္။

ျမန္မာတြင္ ကာကြယ္ေဆးအား (Fill/Finish) ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္ရန္အတြက္ ကာကြယ္ေဆး ထုတ္လုပ္မႈနည္းပညာမ်ားကို လႊဲေျပာင္း႐ုံသာမက တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွ ပညာရွင္ႏွစ္ဦးသည္ ျမန္မာႏိုင္ငံသို႔လာေရာက္ၿပီး ကာကြယ္ေဆး ထုတ္လုပ္မႈနည္းပညာမ်ားကို သင္ၾကားေလ့က်င့္ေပးျခင္းႏွင့္ထုတ္လုပ္မႈကိုႀကီးၾကပ္ေပးျခင္းမ်ားေဆာင္႐ြက္ေပးခဲ့ၾကသည္။

ျမန္မာႏိုင္ငံ စက္မႈဝန္ႀကီးဌာန ျမန္မာ့ေဆးဝါးလုပ္ငန္းမွ ကိုဗစ္-၁၉ေရာဂါကာကြယ္ေဆးအား “Myanco pharm” အမည္ျဖင့္ ထုတ္လုပ္သြားမည္ျဖစ္ၿပီး ကာကြယ္ေဆး တစ္ပုလင္းလွ်င္ လူငါးဦး ထိုးႏွံႏိုင္သည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here