သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန်အမိန့်ချမှတ်ခံရ

0
231

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန်အမိန့်ချမှတ်ခံရ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်းသူရဦးအောင်ကိုအား ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင်အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်ဟုသိရသည်။

သူရဦးအောင်ကိုအပေါ် စွဲဆိုထားသည့် အမှုများဖြစ်သည့် ရာဇဝတ်ကြီးမှုအမှတ် ၅/၂၀၂၁၊ ၆/၂၀၂၁၊ ၇/၂၀၂၁ နှင့် ၃၂/၂၀၂၁ တို့အတွက် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီဖြင့် စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် အပြင် Ford Everest Titanium မော်တော်ယာဉ် တစ်စီး၊ ငွေကျပ် သိန်း ၁၀၀ နှင့် ရွှေပန်းကန်ပြားတို့အား ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းစေရန်လည်းအမိန့်ချမှတ်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကပြောဆိုသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုသည် နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ သာသနာ့နုဂ္ဂဟဘွဲ့ တံဆိပ် ၈ မျိုးအား နှစ်စဉ် ချီးမြှင့် ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံမှ ငွေသားကျပ် သိန်း ၁၀၀ နှင့် ငွေကျပ်သိန်း ၃၀၀ တန် Blank Cheque တစ်စောင်အား လက်ခံရယူခဲ့ခြင်း၊ လုပ်ငန်းရှင် တစ်ဦးမှ လုပ်ငန်းများရေရှည်အဆင်ပြေစေရန်အတွက် ပေးအပ်သည့် ငွေကျပ် ၁၀၀၅ သိန်း တန်ဖိုးရှိ Ford Everest Titanium မော်တော်ယာဉ် တစ်စီးကို လက်ခံရယူခဲ့ခြင်း၊ အလေးချိန် ၂၀ ကျပ်သားခန့်ရှိသော ရွှေပန်းကန်တစ်ချပ်အား ကျသင့်တန်ဖိုးပေးချေခြင်းမရှိဘဲ လက်ခံ ရယူခဲ့သည်ဟု စွပ်စွဲပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် ၁၉-၃-၂၀၂၁ ရက်နေ့၌ တရားစွဲဆို တင်ပို့ခဲ့ရာ တိုင်းတရားလွှတ်တော်က ရာဇဝတ်ကြီးမှုအမှတ် ၅/၂၀၂၁၊ ၆/၂၀၂၁၊ ၇/၂၀၂၁ နှင့် ၃၂/၂၀၂၁ တို့ဖြင့် လက်ခံစစ်ဆေးခဲ့သည်ဟုသိရသည်။

၎င်းအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို အား ရာဇဝတ်ကြီးမှုအမှတ် ၅/၂၀၂၁၊ ၆/၂၀၂၁၊ ၇/၂၀၂၁ နှင့် ၃၂/၂၀၂၁ တို့အတွက် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီဖြင့် စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန်နှင့် Ford Everest Titanium မော်တော်ယာဉ် တစ်စီး၊ ငွေကျပ် သိန်း ၁၀၀ နှင့် ရွှေပန်းကန်ပြားတို့အား ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

Zaw Gyi

သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးေဟာင္း သူရဦးေအာင္ကို အလုပ္ႏွင့္ေထာင္ဒဏ္ ၁၂ ႏွစ္ က်ခံေစရန္အမိန႔္ခ်မွတ္ခံရ

သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးေဟာင္းသူရဦးေအာင္ကိုအား ရန္ကုန္တိုင္းေဒသႀကီးတရားလႊတ္ေတာ္က ၂၀၂၂ ခုႏွစ္၊ မတ္လ ၁၄ ရက္ေန႔တြင္အလုပ္ႏွင့္ေထာင္ဒဏ္ ၁၂ ႏွစ္ က်ခံေစရန္ အမိန္႔ခ်မွတ္ခဲ့သည္ဟုသိရသည္။

သူရဦးေအာင္ကိုအေပၚ စြဲဆိုထားသည့္ အမႈမ်ားျဖစ္သည့္ ရာဇဝတ္ႀကီးမႈအမွတ္ ၅/၂၀၂၁၊ ၆/၂၀၂၁၊ ၇/၂၀၂၁ ႏွင့္ ၃၂/၂၀၂၁ တို႔အတြက္ အလုပ္ႏွင့္ ေထာင္ဒဏ္ ၃ ႏွစ္စီျဖင့္ စုစုေပါင္း အလုပ္ႏွင့္ေထာင္ဒဏ္ ၁၂ ႏွစ္ အျပင္ Ford Everest Titanium ေမာ္ေတာ္ယာဥ္ တစ္စီး၊ ေငြက်ပ္ သိန္း ၁၀၀ ႏွင့္ ေ႐ႊပန္းကန္ျပားတို႔အား ျပည္သူ႔ဘ႑ာအျဖစ္သိမ္းဆည္းေစရန္လည္းအမိန႔္ခ်မွတ္ခဲ့ေၾကာင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကေျပာဆိုသည္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္း စစ္ေဆးခဲ့ၿပီး ျပည္ေထာင္စုဝန္ႀကီးေဟာင္း သူရဦးေအာင္ကိုသည္ ႏိုင္ငံေတာ္မွ လူပုဂၢိဳလ္မ်ားသို႔ သာသနာ့ႏုဂၢဟဘြဲ႕ တံဆိပ္ ၈ မ်ိဳးအား ႏွစ္စဥ္ ခ်ီးျမႇင့္ ေပးအပ္ျခင္းႏွင့္စပ္လ်ဥ္း၍ သက္ဆိုင္ရာ ပုဂၢိဳလ္မ်ားထံမွ ေငြသားက်ပ္ သိန္း ၁၀၀ ႏွင့္ ေငြက်ပ္သိန္း ၃၀၀ တန္ Blank Cheque တစ္ေစာင္အား လက္ခံရယူခဲ့ျခင္း၊ လုပ္ငန္းရွင္ တစ္ဦးမွ လုပ္ငန္းမ်ားေရရွည္အဆင္ေျပေစရန္အတြက္ ေပးအပ္သည့္ ေငြက်ပ္ ၁၀၀၅ သိန္း တန္ဖိုးရွိ Ford Everest Titanium ေမာ္ေတာ္ယာဥ္ တစ္စီးကို လက္ခံရယူခဲ့ျခင္း၊ အေလးခ်ိန္ ၂၀ က်ပ္သားခန႔္ရွိေသာ ေ႐ႊပန္းကန္တစ္ခ်ပ္အား က်သင့္တန္ဖိုးေပးေခ်ျခင္းမရွိဘဲ လက္ခံ ရယူခဲ့သည္ဟု စြပ္စြဲၿပီး အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅ အရ ရန္ကုန္တိုင္းေဒသႀကီးတရားလႊတ္ေတာ္တြင္ ၁၉-၃-၂၀၂၁ ရက္ေန႔၌ တရားစြဲဆို တင္ပို႔ခဲ့ရာ တိုင္းတရားလႊတ္ေတာ္က ရာဇဝတ္ႀကီးမႈအမွတ္ ၅/၂၀၂၁၊ ၆/၂၀၂၁၊ ၇/၂၀၂၁ ႏွင့္ ၃၂/၂၀၂၁ တို႔ျဖင့္ လက္ခံစစ္ေဆးခဲ့သည္ဟုသိရသည္။

၎အမႈမ်ားအေပၚ ျပစ္မႈထင္ရွားသျဖင့္ ရန္ကုန္တိုင္းေဒသႀကီးတရားလႊတ္ေတာ္က ၂၀၂၂ ခုႏွစ္၊ မတ္လ ၁၄ ရက္ေန႔တြင္ ျပည္ေထာင္စုဝန္ႀကီးေဟာင္း သူရဦးေအာင္ကို အား ရာဇဝတ္ႀကီးမႈအမွတ္ ၅/၂၀၂၁၊ ၆/၂၀၂၁၊ ၇/၂၀၂၁ ႏွင့္ ၃၂/၂၀၂၁ တို႔အတြက္ အလုပ္ႏွင့္ ေထာင္ဒဏ္ ၃ ႏွစ္စီျဖင့္ စုစုေပါင္း အလုပ္ႏွင့္ေထာင္ဒဏ္ ၁၂ ႏွစ္ က်ခံေစရန္ႏွင့္ Ford Everest Titanium ေမာ္ေတာ္ယာဥ္ တစ္စီး၊ ေငြက်ပ္ သိန္း ၁၀၀ ႏွင့္ ေ႐ႊပန္းကန္ျပားတို႔အား ျပည္သူ႔ဘ႑ာအျဖစ္သိမ္းဆည္းေစရန္ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္သည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here