ဘီလီယံချီတန်ဖိုးရှိ မူးယစ်ဆေးဝါးများယခုရက်ပိုင်းအတွင်း ကြောက်ခမန်းလိလိဖမ်းဆီးရမိမှုများရှိလာ

0
89

ဘီလီယံချီတန်ဖိုးရှိ မူးယစ်ဆေးဝါးများယခုရက်ပိုင်းအတွင်း ကြောက်ခမန်းလိလိဖမ်းဆီးရမိမှုများရှိလာ

မြန်မာနိုင်ငံအတွင်း ယခုရက်ထဲနေ့စဉ်ရက်ဆက်ဆိုသလို ငွေကျပ်ဘီလီယံချီတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိခြင်းများရှိနေသည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

မတ်လ၁၁ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စွယ်တော်ကားဝင်းအတွင်း ၂၂ ဘီးတွဲယာဉ်ပေါ် ပြောင်းဖူးအိတ်များဖြင့် ဖုံးအုပ်ထားသည့် ဒေသကာလတန်ဖိုးငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်ကြသည့် အိုက် (မက်သ်အဖက်တမင်း) ၁ ဒသမ ၁၈ တန် နှင့် ကတ်တမင်း ၁၁၁ ကီလိုတို့ သိမ်းဆည်းရမိခဲ့ပြီးနောက် ထိုနေ့မှာပင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်- မော်လမြိုင်သွားကားလမ်း၊ မရမ်းချောင်ပူးပေါင်းစစ်ဆေးရေး စခန်းတွင်ISUZU ၆ ဘီး ကွန်တိန်နာဘောက်ယာဉ် ဒေသကာလတန်ဖိုးငွေကျပ် ၅၂ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများဖြစ်ကြသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၉၉၇ ကီလိုနှင့် ကတ်တမင်း ၇၉၈ ကီလိုများ ထပ်မံသိမ်းဆည်းရမိခဲ့သည့်ဖြစ်စဉ်ပါရှိခဲ့သည်။

“အခုရက်ထဲမှာပဲ ဒီလိုသတင်းတွေဆက်တိုက်ကြားနေရတယ်။နိုင်ငံရေးအခြေအနေကို အသုံးချပြီး လူသားမျိုးနွယ်တစ်ရပ်လုံးအညွှန့်တုန်းစေတဲ့ မူးယစ်ဆေးတွေကို အကြီးအကျယ်လုပ်ဆောင်နေကြတာက အတော်လေးသိတ်ပျက်ဖို့ကောင်းတယ်”ဟု မူးယစ်ဆန့်ကျင်သူတစ်ဦးကပြောသည်။

ကျိုက်ထိုမြို့နယ်၊ ရန်ကုန်- မော်လမြိုင်သွားကားလမ်း၊ မရမ်းချောင်ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ဖမ်းဆီးရမိ ငွေကျပ် ၅၂ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများသည် ရှမ်းပြည်(မြောက်ပိုင်း)မှ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မှတစ်ဆင့် မြန်မာ-ထိုင်းနယ်စပ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းမူးယစ်ရဲကသတင်းထုတ်ပြန်ထားသည်။

Zaw Gyi

ဘီလီယံခ်ီတန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားယခုရက္ပိုင္းအတြင္း ေၾကာက္ခမန္းလိလိဖမ္းဆီးရမိမႈမ်ားရွိလာ

ျမန္မာႏိုင္ငံအတြင္း ယခုရက္ထဲေန႔စဥ္ရက္ဆက္ဆိုသလို ေငြက်ပ္ဘီလီယံခ်ီတန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းမိျခင္းမ်ားရွိေနသည္ဟု မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သိရသည္။

မတ္လ၁၁ရက္ေန႔က မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ စြယ္ေတာ္ကားဝင္းအတြင္း ၂၂ ဘီးတြဲယာဥ္ေပၚ ေျပာင္းဖူးအိတ္မ်ားျဖင့္ ဖုံးအုပ္ထားသည့္ ေဒသကာလတန္ဖိုးေငြက်ပ္ ၂၆ ဒသမ ၉၃ ဘီလီယံတန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ားျဖစ္ၾကသည့္ အိုက္ (မက္သ္အဖက္တမင္း) ၁ ဒသမ ၁၈ တန္ ႏွင့္ ကတ္တမင္း ၁၁၁ ကီလိုတို႔ သိမ္းဆည္းရမိခဲ့ၿပီးေနာက္ ထိုေန႔မွာပင္ မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ ရန္ကုန္- ေမာ္လၿမိဳင္သြားကားလမ္း၊ မရမ္းေခ်ာင္ပူးေပါင္းစစ္ေဆးေရး စခန္းတြင္ISUZU ၆ ဘီး ကြန္တိန္နာေဘာက္ယာဥ္ ေဒသကာလတန္ဖိုးေငြက်ပ္ ၅၂ ဒသမ ၈ ဘီလီယံေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္း ေဆးဝါးမ်ားျဖစ္ၾကသည့္ အိုက္စ္(မက္သ္အဖက္တမင္း) ၉၉၇ ကီလိုႏွင့္ ကတ္တမင္း ၇၉၈ ကီလိုမ်ား ထပ္မံသိမ္းဆည္းရမိခဲ့သည့္ျဖစ္စဥ္ပါရွိခဲ့သည္။

“အခုရက္ထဲမွာပဲ ဒီလိုသတင္းေတြဆက္တိုက္ၾကားေနရတယ္။ႏိုင္ငံေရးအေျခအေနကို အသုံးခ်ၿပီး လူသားမ်ိဳးႏြယ္တစ္ရပ္လုံးအၫႊန္႔တုန္းေစတဲ့ မူးယစ္ေဆးေတြကို အႀကီးအက်ယ္လုပ္ေဆာင္ေနၾကတာက အေတာ္ေလးသိတ္ပ်က္ဖို႔ေကာင္းတယ္”ဟု မူးယစ္ဆန္႔က်င္သူတစ္ဦးကေျပာသည္။

က်ိဳက္ထိုၿမိဳ႕နယ္၊ ရန္ကုန္- ေမာ္လၿမိဳင္သြားကားလမ္း၊ မရမ္းေခ်ာင္ပူးေပါင္းစစ္ေဆးေရး စခန္းတြင္ ဖမ္းဆီးရမိ ေငြက်ပ္ ၅၂ ဒသမ ၈ ဘီလီယံေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္း ေဆးဝါးမ်ားသည္ ရွမ္းျပည္(ေျမာက္ပိုင္း)မွ တနသၤာရီတိုင္း ေဒသႀကီး၊ ထားဝယ္မွတစ္ဆင့္ ျမန္မာ-ထိုင္းနယ္စပ္သို႔ သယ္ေဆာင္ျခင္းျဖစ္ေၾကာင္းမူးယစ္ရဲကသတင္းထုတ္ျပန္ထားသည္။

 


LEAVE A REPLY

Please enter your comment!
Please enter your name here