ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုအား တ ရားစွဲဆိုထားသည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မအတွက် စတင်စစ်ဆေး

0
136

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုအား တ ရားစွဲဆိုထားသည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မအတွက် စတင်စစ်ဆေး

ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မဖြင့် ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၈ ရက်က တရားစွဲဆိုခံခဲ့ရသည့် ရခိုင် ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့်စည်ပင်ဝန်ကြီးဟောင်းဦးမင်းအောင်တို့အား ယနေ့ရုံး ချိန်း၌စတင်စစ်ဆေးခဲ့ကြောင်း ရှေ့နေအသိုင်းအ ဝိုင်းမှသိရသည်။

ဦးညီပုနှင့်ဦးမင်းအောင်တို့အား စစ်တွေအကျဥ်းထောင်တွင်းအထူးတရားရုံးတွင် စတင်ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ကာ နောက်ရုံးချိန်းအား မတ် ၂၂ ရက်သို့ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

“ဒီနေ့ရုံးချိန်းကတော့ ဦးညီပုနဲ့ဦးမင်းအောင်တို့ကိုစစ်တာပါ နောက်ရုံးချိန်းကြရင် သူတို့နှစ်ယောက်ဖက်ကသတ်သေတွေကိုစစ်မယ်လို့သိရတယ် နှစ်ယောက်လုံးရဲ့ကျန်းမာရေးအခြေအနေကတော့ ကောင်းကြတာကိုတွေ့ရတယ်”ဟုရှေ့နေတစ်ဦးကပြောသည်။

ဦးညီပုနှင့်ဦးမင်းအောင်တို့အား ရခိုင်ပြည်နယ်၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒု-ညွှန်ကြားရေးမှူးတစ်ဦးမှ တရားလိုပြုလုပ်၍ တိုင်ကြားတရား စွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)ဖြင့် ဦးညီပုနှင့်ဦးမင်းအောင်တို့အား တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ ဦးမင်းအောင်ကိုမူ အားပေးကူညီမှုဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၀၉ ဖြင့်ထပ်တိုးတရားစွဲဆိုထားကြောင်း သိရသည်။

“မတ် ၃ ရက်က ဒီအမှုအတွက် စွဲချက်တင်သင့်၊မတင်သင့်ကို နှစ်ဖက်ရှေ့နေတွေက လျှောက်လဲ ချက်တွေပေးခဲ့ကြပေမယ့်လည်း တရားစွဲဆိုခံလိုက်ရတာပါပဲ”ဟုရှေ့နေတစ်ဦးကပြောသည်။

Zaw Gyi

ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္းဦးညီပုအား တ ရားစြဲဆိုထားသည့္ ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒပုဒ္မအတြက္ စတင္စစ္ေဆး

ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒပုဒ္မျဖင့္ ၂၀၂၁ ခုႏွစ္၊ဒီဇင္ဘာ ၈ ရက္က တရားစြဲဆိုခံခဲ့ရသည့္ ရခိုင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္းဦးညီပုႏွင့္စည္ပင္ဝန္ႀကီးေဟာင္းဦးမင္းေအာင္တို႔အား ယေန႔႐ုံး ခ်ိန္း၌စတင္စစ္ေဆးခဲ့ေၾကာင္း ေရွ႕ေနအသိုင္းအ ဝိုင္းမွသိရသည္။

ဦးညီပုႏွင့္ဦးမင္းေအာင္တို႔အား စစ္ေတြအက်ဥ္းေထာင္တြင္းအထူးတရား႐ုံးတြင္ စတင္႐ုံးထုတ္စစ္ေဆးခဲ့ျခင္းျဖစ္ကာ ေနာက္႐ုံးခ်ိန္းအား မတ္ ၂၂ ရက္သို႔ျပန္လည္ခ်ိန္းဆိုခဲ့ေၾကာင္း သိရသည္။

“ဒီေန႔႐ုံးခ်ိန္းကေတာ့ ဦးညီပုနဲ႔ဦးမင္းေအာင္တို႔ကိုစစ္တာပါ ေနာက္႐ုံးခ်ိန္းၾကရင္ သူတို႔ႏွစ္ေယာက္ဖက္ကသတ္ေသေတြကိုစစ္မယ္လို႔သိရတယ္ ႏွစ္ေယာက္လုံးရဲ႕က်န္းမာေရးအေျခအေနကေတာ့ ေကာင္းၾကတာကိုေတြ႕ရတယ္”ဟုေရွ႕ေနတစ္ဦးကေျပာသည္။

ဦးညီပုႏွင့္ဦးမင္းေအာင္တို႔အား ရခိုင္ျပည္နယ္၊ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမွ ဒု-ၫႊန္ၾကားေရးမႉးတစ္ဦးမွ တရားလိုျပဳလုပ္၍ တိုင္ၾကားတရား စြဲဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရာဇသတ္ႀကီးဥပေဒပုဒ္မ-၁၃၀(က)ျဖင့္ ဦးညီပုႏွင့္ဦးမင္းေအာင္တို႔အား တရားစြဲဆိုခဲ့ျခင္းျဖစ္ကာ ဦးမင္းေအာင္ကိုမူ အားေပးကူညီမႈျဖင့္ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၁၀၉ ျဖင့္ထပ္တိုးတရားစြဲဆိုထားေၾကာင္း သိရသည္။

“မတ္ ၃ ရက္က ဒီအမႈအတြက္ စြဲခ်က္တင္သင့္၊မတင္သင့္ကို ႏွစ္ဖက္ေရွ႕ေနေတြက ေလွ်ာက္လဲ ခ်က္ေတြေပးခဲ့ၾကေပမယ့္လည္း တရားစြဲဆိုခံလိုက္ရတာပါပဲ”ဟုေရွ႕ေနတစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here