ဒေါ်အောင်ဆန်းစုကြည်ကဦးဖြိုးမင်းသိန်းအနေဖြင့် ​ရွှေနှင့် ဒေါ်လာများပေးခဲ့သည်ဆိုသော အမှုအတွက် အပြစ်မရှိကြောင်း ငြင်းဆို

0
133

(Unicode)

ဒေါ်အောင်ဆန်းစုကြည်ကဦးဖြိုးမင်းသိန်းအနေဖြင့် ​ရွှေနှင့် ဒေါ်လာများပေးခဲ့သည်ဆိုသော အမှုအတွက် အပြစ်မရှိကြောင်း ငြင်းဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဦးဖြိုးမင်းသိန်းပေးခဲ့သည်ဆိုသော ရွှေနှင့်ဒေါ်လာများကို လက်ခံရယူခြင်းလည်းမရှိသည့်အတွက် ၎င်းအနေဖြင့် အပြစ်မရှိကြောင်း ယမန့်နေ (မတ် ၁၄)ရက်ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်ဟု တရားရုံးနှင့်နီးစပ်သူအသိုင်းအဝိုင်း အချို့ထံမှသိရသည်။

ယမန်နေ့ (မတ် ၁၄)ရက်က ယင်းအမှုနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇဗ္ဗူသီရိမြို့နယ်အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး၊ စွပ်စွဲခံရသူဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးက အဓိကစစ်မေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စွပ်စွဲခံရသူ ဘက်မှတရားခံပြသက်သေစာရင်းတင်သွင်းထားခြင်းမရှိသည့်အတွက် အမှုနှင့်ပတ်သက်၍ လာမည့်ရုံးချိန်းတွင်စွဲချက်အမိန့်ချမှတ်ရန် စွပ်စွဲခံရသူဘက်နှင့် တရားလိုဘက်ရှေ့နေများအပြီးသတ်လျောက်လဲချက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအမှုမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ​ဟောင်းဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ပြစီမံကိန်းများနှင့်ပတ်သက်၍ အကောင်အထည်ဖော်မှုအပေါ် အဆင်ပြေစေရန် အကယ်ဒမီအခေါက်ရွှေ ခုနှစ်ပိသာနှင့်အမေရိကန်ဒေါ်လာ ခြောက်သိန်း ပေးခဲ့ရသည်ဆိုသောအမှုကို စစ်ဆေးကြားနာခဲ့ကြခြင်းဖြစ်သည်။

ယနေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဦးဝင်းမြတ်အေးတို့အပေါ်စွဲဆိုထားသော ရဟတ်ယာဥ်ဝယ်ယူသုံးစွဲခြင်းဆိုင်ရာအဂတိအမှုနှင့်ပတ်သက်၍ စစ်ဆေးကြားနာရန်ရှိသည်။

ထို့အပြင် ယနေ့ (မတ်၁၅)ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားသော အဂတိအမှု ၅မှုအတွက် ပယ်ဖျက်ပေးရန် လက်ခံသင့် /မသင့်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာသွားမည်ဖြစ်သည်။

(Zawgyi)

ေဒၚေအာင္ဆန္းစုၾကည္ကဦးၿဖိဳးမင္းသိန္းအေနျဖင့္ ​ေ႐ႊႏွင့္ ေဒၚလာမ်ားေပးခဲ့သည္ဆိုေသာ အမႈအတြက္ အျပစ္မရွိေၾကာင္း ျငင္းဆို

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ ဦးၿဖိဳးမင္းသိန္းေပးခဲ့သည္ဆိုေသာ ေ႐ႊႏွင့္ေဒၚလာမ်ားကို လက္ခံရယူျခင္းလည္းမရွိသည့္အတြက္ ၎အေနျဖင့္ အျပစ္မရွိေၾကာင္း ယမန္႔ေန (မတ္ ၁၄)ရက္႐ုံးခ်ိန္းတြင္ ထြက္ဆိုခဲ့သည္ဟု တရား႐ုံးႏွင့္နီးစပ္သူအသိုင္းအဝိုင္း အခ်ိဳ႕ထံမွသိရသည္။

ယမန္ေန႔ (မတ္ ၁၄)ရက္က ယင္းအမႈႏွင့္ပတ္သက္၍ ေနျပည္ေတာ္ေကာင္စီဝန္းအတြင္းရွိ ဇဗၺဴသီရိၿမိဳ႕နယ္အထူးတရား႐ုံးတြင္ ႐ုံးထုတ္စစ္ေဆးခဲ့ၿပီး၊ စြပ္စြဲခံရသူေဒၚေအာင္ဆန္းစုၾကည္ကို တရား႐ုံးက အဓိကစစ္ေမးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

စြပ္စြဲခံရသူ ဘက္မွတရားခံျပသက္ေသစာရင္းတင္သြင္းထားျခင္းမရွိသည့္အတြက္ အမႈႏွင့္ပတ္သက္၍ လာမည့္႐ုံးခ်ိန္းတြင္စြဲခ်က္အမိန္႔ခ်မွတ္ရန္ စြပ္စြဲခံရသူဘက္ႏွင့္ တရားလိုဘက္ေရွ႕ေနမ်ားအၿပီးသတ္ေလ်ာက္လဲခ်က္ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါအမႈမွာ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ​ေဟာင္းဦးၿဖိဳးမင္းသိန္းက ရန္ကုန္ၿမိဳ႕ျပစီမံကိန္းမ်ားႏွင့္ပတ္သက္၍ အေကာင္အထည္ေဖာ္မႈအေပၚ အဆင္ေျပေစရန္ အကယ္ဒမီအေခါက္ေ႐ႊ ခုႏွစ္ပိသာႏွင့္အေမရိကန္ေဒၚလာ ေျခာက္သိန္း ေပးခဲ့ရသည္ဆိုေသာအမႈကို စစ္ေဆးၾကားနာခဲ့ၾကျခင္းျဖစ္သည္။

ယေန႔တြင္လည္း ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းျမင့္ႏွင့္ ဦးဝင္းျမတ္ေအးတို႔အေပၚစြဲဆိုထားေသာ ရဟတ္ယာဥ္ဝယ္ယူသုံးစြဲျခင္းဆိုင္ရာအဂတိအမႈႏွင့္ပတ္သက္၍ စစ္ေဆးၾကားနာရန္ရွိသည္။

ထို႔အျပင္ ယေန႔ (မတ္၁၅)ရက္တြင္ ေဒၚေအာင္ဆန္းစုၾကည္အေပၚစြဲဆိုထားေသာ အဂတိအမႈ ၅မႈအတြက္ ပယ္ဖ်က္ေပးရန္ လက္ခံသင့္ /မသင့္အတြက္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္တြင္ ၾကားနာသြားမည္ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here