MoU လုပ်သားများအနေဖြင့် သတ်မှတ်ထားသည့် ဝန်ဆောင်စရိတ်ထက် ပိုမိုပေးဆောင်ရပါက တိုင်ကြားနိုင်

0
143

(Unicode)

MoU လုပ်သားများအနေဖြင့် သတ်မှတ်ထားသည့် ဝန်ဆောင်စရိတ်ထက် ပိုမိုပေးဆောင်ရပါက တိုင်ကြားနိုင်

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်အလုပ်သမားများ သွားရောက်ရာတွင် ထိုင်းနိုင်ငံဘက်နှင့်မြန်မာနိုင် ငံဘက်မှသတ်မှတ်ထားသည့် ဝန်ဆောင်စရိတ်ထက် ပိုမိုပေးဆောင်ရပါက တိုင်ကြားနိုင်သည့်ဖုန်းနံပါတ်များအား အလုပ်သမားညွန်ကြားရေးဦးစီးဌာနထုတ်ပြန်မှထုတ်ပြန်ခဲ့သည်။

ကိုဗစ်(၁၉)ရောဂါကာလအတွင်း ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်းလုပ် ငန်းစဉ်အတွက် ကုန်ကျစရိတ်နှင့်စပ်လျဉ်းသည့် ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားခြင်းဖြစ်သည်။

ကိုဗစ်(၁၉)ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဝန်ဆောင်ခနှုန်းထားများနှင့်စပ်လျဉ်း၍ ထိုင်းနိုင် ငံဘက်တွင် ကိုဗစ်(၁၉)ရောဂါနှစ်ကြိမ်ဆေးစစ်ခ၊ကာကွယ်ဆေးမထိုးရသေးသူများဆေးထိုးနှံခ၊ Quarantine ကုန်ကျစရိတ်များအား အလုပ်ရှင်မှကျခံသွားရမည်ဖြစ်သည်။

အဆိုပါ ကုန်ကျစရိတ်များအား အလုပ်သမားများထံမှဖြတ်တောက်မှုမရှိစေရန် အလုပ်ရှင်၊အလုပ် သမား အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာ ချုပ်၌ နောက်ဆက်တွဲအဖြစ် ထည့်သွင်းချုပ်ဆိုသွားမည်ဖြစ်သည်။

MoU လုပ်သားများဘက်မှ ထိုင်းနိုင်ငံ၏ လူမှုဖူ လုံရေးဥပဒေနှင့်အကျုံးဝင်သည့် အလုပ်သမားများသည် ကျန်းမာရေးအာမခံ ၄ လစာအပါအဝင် ၅၃၉၀ ဘတ်၊လူမှုဖူလုံရေးဥပဒေနှင့်အကျုံးဝင်ခြင်းမရှိသည့်(အိမ်တွင်းအထောက် အကူပြုလုပ်ငန်း၊ရာသီသီးနှံလုပ်ငန်း၊စိုက်ပျိုးရေးနှင့်မွေးမြူ ရေးလုပ်ငန်း၊ရေလုပ်သား၊ကုန်တင်/ကုန်ချလုပ် ငန်း၊ဆားချက်လုပ်ငန်း)များမှ အလုပ်သမားများ သည် ကျန်းမာရေးအာမခံ ၂ နှစ်စာအပါအဝင် ၇၆၀၀ ဘတ် ကျခံရမည်ဖြစ်သည်။

ထို့ပြင် ပြည်ပအလုပ်အကိုင်အကျိုးဆောင် (ထိုင်း)လိုင်စင်ရအေဂျင်စီများအနေဖြင့် အလုပ် သမားများထံမှကောက်ခံရမည့် ဝန်ဆောင်ခနှုန်း ထားအား ငွေကျပ် ၃ သိန်းထက်ပိုမိုကောက်ခံခြင်းမပြုရန် ပြည်ပအလုပ်အကိုင်ကြီးကြပ်ရေးကော် မတီမှ ညွှန်ကြားထားကြောင်း သိရသည်။

ထို့ကြောင့် MoU လုပ်သားများအနေဖြင့် သတ် မှတ်ဝန်ဆောင်စရိတ်ထက်ပိုမိုပေးဆောင်ရပါက ရွှေ့ပြောင်းအလုပ်သမားဌာနခွဲ(၀၆၇-၃၄၃၀၄၄၂ ၊ ၀၆၇-၃၄၃၀၁၈၅)နှင့် Complaint Mechanism (၀၆၇-၃၄၃၀၁၈၄၊၀၆၇-၃၄၃၀၂၈၄၊ ၀၁-၆၅၀၀၈ ၉၊၀၁-၆၅၀၁၈၇ )တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

အလားတူ ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိများဖြစ်သည့် ဦးအောင်ဇော်ကို(ဗန်ကောက်) ၀၉၄၈၈၄၅၄၈၄ ၊ဦးရဲလင်းထက်(ရနောင်း) ၀၆၅၂၂၀၆၉၅၁ ၊ဦးလင်းမြတ်(ဗန်ကောက်) ၀၆၅၂၂၀၆၉၅၂ ၊ဦးပြည့်ဖြိုးအောင်(မဲဆောက်) ၀၆၅၂၂၀၆၉၅၃ နှင့်ဦးအောင်အောင်(ချင်းမိုင်) ၀၉၉၀၅၉၂၃၅၂ တို့သို့လည်း ဆက်သွယ်တိုင် ကြားနိုင်ကြောင်း သိရသည်။

(Zawgyi)

MoU လုပ္သားမ်ားအေနျဖင့္ သတ္မွတ္ထားသည့္ ဝန္ေဆာင္စရိတ္ထက္ ပိုမိုေပးေဆာင္ရပါက တိုင္ၾကားႏိုင္

ထိုင္းႏိုင္ငံသို႔ MoU စနစ္ျဖင့္အလုပ္သမားမ်ား သြားေရာက္ရာတြင္ ထိုင္းႏိုင္ငံဘက္ႏွင့္ျမန္မာႏိုင္ ငံဘက္မွသတ္မွတ္ထားသည့္ ဝန္ေဆာင္စရိတ္ထက္ ပိုမိုေပးေဆာင္ရပါက တိုင္ၾကားႏိုင္သည့္ဖုန္းနံပါတ္မ်ားအား အလုပ္သမားၫြန္ၾကားေရးဦးစီးဌာနထုတ္ျပန္မွထုတ္ျပန္ခဲ့သည္။

ကိုဗစ္(၁၉)ေရာဂါကာလအတြင္း ထိုင္းႏိုင္ငံသို႔ MoU စနစ္ျဖင့္ အလုပ္သမားေစလႊတ္ျခင္းလုပ္ ငန္းစဥ္အတြက္ ကုန္က်စရိတ္ႏွင့္စပ္လ်ဥ္းသည့္ ထုတ္ျပန္ခ်က္၌ ေရးသားေဖာ္ျပထားျခင္းျဖစ္သည္။

ကိုဗစ္(၁၉)ေရာဂါျဖစ္ပြားေနသည့္ ကာလအတြင္း ဝန္ေဆာင္ခႏႈန္းထားမ်ားႏွင့္စပ္လ်ဥ္း၍ ထိုင္းႏိုင္ ငံဘက္တြင္ ကိုဗစ္(၁၉)ေရာဂါႏွစ္ႀကိမ္ေဆးစစ္ခ၊ကာကြယ္ေဆးမထိုးရေသးသူမ်ားေဆးထိုးႏွံခ၊ Quarantine ကုန္က်စရိတ္မ်ားအား အလုပ္ရွင္မွက်ခံသြားရမည္ျဖစ္သည္။

အဆိုပါ ကုန္က်စရိတ္မ်ားအား အလုပ္သမားမ်ားထံမွျဖတ္ေတာက္မႈမရွိေစရန္ အလုပ္ရွင္၊အလုပ္ သမား အလုပ္ခန္႔ထားမႈဆိုင္ရာသေဘာတူစာ ခ်ဳပ္၌ ေနာက္ဆက္တြဲအျဖစ္ ထည့္သြင္းခ်ဳပ္ဆိုသြားမည္ျဖစ္သည္။

MoU လုပ္သားမ်ားဘက္မွ ထိုင္းႏိုင္ငံ၏ လူမႈဖူ လုံေရးဥပေဒႏွင့္အက်ဳံးဝင္သည့္ အလုပ္သမားမ်ားသည္ က်န္းမာေရးအာမခံ ၄ လစာအပါအဝင္ ၅၃၉၀ ဘတ္၊လူမႈဖူလုံေရးဥပေဒႏွင့္အက်ဳံးဝင္ျခင္းမရွိသည့္(အိမ္တြင္းအေထာက္ အကူျပဳလုပ္ငန္း၊ရာသီသီးႏွံလုပ္ငန္း၊စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴ ေရးလုပ္ငန္း၊ေရလုပ္သား၊ကုန္တင္/ကုန္ခ်လုပ္ ငန္း၊ဆားခ်က္လုပ္ငန္း)မ်ားမွ အလုပ္သမားမ်ား သည္ က်န္းမာေရးအာမခံ ၂ ႏွစ္စာအပါအဝင္ ၇၆၀၀ ဘတ္ က်ခံရမည္ျဖစ္သည္။

ထို႔ျပင္ ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္ (ထိုင္း)လိုင္စင္ရေအဂ်င္စီမ်ားအေနျဖင့္ အလုပ္ သမားမ်ားထံမွေကာက္ခံရမည့္ ဝန္ေဆာင္ခႏႈန္း ထားအား ေငြက်ပ္ ၃ သိန္းထက္ပိုမိုေကာက္ခံျခင္းမျပဳရန္ ျပည္ပအလုပ္အကိုင္ႀကီးၾကပ္ေရးေကာ္ မတီမွ ၫႊန္ၾကားထားေၾကာင္း သိရသည္။

ထို႔ေၾကာင့္ MoU လုပ္သားမ်ားအေနျဖင့္ သတ္ မွတ္ဝန္ေဆာင္စရိတ္ထက္ပိုမိုေပးေဆာင္ရပါက ေ႐ႊ႕ေျပာင္းအလုပ္သမားဌာနခြဲ(၀၆၇-၃၄၃၀၄၄၂ ၊ ၀၆၇-၃၄၃၀၁၈၅)ႏွင့္ Complaint Mechanism (၀၆၇-၃၄၃၀၁၈၄၊၀၆၇-၃၄၃၀၂၈၄၊ ၀၁-၆၅၀၀၈ ၉၊၀၁-၆၅၀၁၈၇ )တို႔သို႔ ဆက္သြယ္တိုင္ၾကားႏိုင္ေၾကာင္း သိရသည္။

အလားတူ ထိုင္းႏိုင္ငံရွိ အလုပ္သမားသံအရာရွိမ်ားျဖစ္သည့္ ဦးေအာင္ေဇာ္ကို(ဗန္ေကာက္) ၀၉၄၈၈၄၅၄၈၄ ၊ဦးရဲလင္းထက္(ရေနာင္း) ၀၆၅၂၂၀၆၉၅၁ ၊ဦးလင္းျမတ္(ဗန္ေကာက္) ၀၆၅၂၂၀၆၉၅၂ ၊ဦးျပည့္ၿဖိဳးေအာင္(မဲေဆာက္) ၀၆၅၂၂၀၆၉၅၃ ႏွင့္ဦးေအာင္ေအာင္(ခ်င္းမိုင္) ၀၉၉၀၅၉၂၃၅၂ တို႔သို႔လည္း ဆက္သြယ္တိုင္ ၾကားႏိုင္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here