ဒါရိုက်တာ မိုက်တီးအား တာမွေရဲစခန်းတွင်သာ ထိန်းသိမ်းထားပြီး၊ မိသားစုနှင့် တွေ့ဆုံခွင့် ရရှိဟုဆို

0
210

(Unicode)

ဒါရိုက်တာ မိုက်တီးအား တာမွေရဲစခန်းတွင်သာ ထိန်းသိမ်းထားပြီး၊ မိသားစုနှင့် တွေ့ဆုံခွင့် ရရှိဟုဆို

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ကဖြင့် ဖမ်းဆီးခံထားရသော ဒါရိုက်တာမိုက်တီးအား တာမွေမြို့နယ် မြို့မရဲစခန်းတွင်သာ ထိန်းသိမ်းထားရှိကြောင်းနှင့် တွေ့ဆုံခွင့်ရရှိကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ဒါရိုက်တာ မိုက်တီးကို မတ်လ ၁၁ ရက် နေ့လည်ပိုင်းအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘောက်ထော်နေအိမ်၌ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး၊ ၎င်းအနေဖြင့် လူမှုကွန်ရက်စာ မျက်နှာပေါ်တွင် ရေးသားတင်ခဲ့သော ပို့စ်တစ်ခုကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းဖြစ်ကြောင်း သိရသည်။

“ လောလောဆယ်ကတော့ တာမွေစခန်းမှာပါဘဲ။ သူက အူမကြီးကင်ဆာရောဂါ ခံစားနေရတော့ အရမ်းစိတ်ပူနေတာ။ သူ့ဆေးတွေက အဆက်အမြတ်သောက်ရတဲ့ ဆေးတွေ ဖြစ်နေတာလေ။ ပုဒ်မ ၅၀၅- ပါဘဲရှင့်။ ကျန်တာတွေကတော့ လျှောက်ပြောကြတာပါဘဲ။ တွေ့ဆုံခွင့်ဆိုတာက ခဏ ခဏ တော့မရဘူး။ ဒါပေမယ် တာ​မွေစခန်းကိုတော့ မိသားစုအနေနဲ့ တွေ့ခွင့်ရဖို့ တောင်းရတာပေါ့” ဟု ဆိုသည်။

လက်ရှိတွင် ဒါရိုက်တာမိုက်တီး၏ မိသားစုဝင်များက အမှု အတွက် ရှေ့နေငှားရန် တိုင်ပင်နေကြကြောင်း သိရသည်။

ဒါရိုက်တာ မိုက်တီးအား ပြီးခဲ့သော ၂၀၂၁ ခုနှစ် ဧပြီလအတွင်း၌ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရာမှ လာရောက်ဖမ်းဆီးခြင်းမရှိဘဲ၊ တစ်နှစ်ပြည့်ခါနီးအချိန်မှ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားဝင်တစ်ဦးက ဆိုသည်။

ဒါရိုက်တာ မိုက်တီးသည် ၂၀၁၈ ခုနှစ်၌ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၆(ဂ)ဖြင့် ဖမ်းဆီးခံခဲ့ရပြီးနောက် အူမကြီးကင်ဆာ ရောဂါခံစားနေရသူဖြစ်သဖြင့် အာမခံဖြင့် ပြန်လည် လွှတ်ပေးခံထားရသူလည်း ဖြစ်သည်။

(Zawgyi)

ဒါ႐ိုက္တာ မိုက္တီးအား တာေမြရဲစခန္းတြင္သာ ထိန္းသိမ္းထားၿပီး၊ မိသားစုႏွင့္ ေတြ႕ဆုံခြင့္ ရရွိဟုဆို

ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅-ကျဖင့္ ဖမ္းဆီးခံထားရေသာ ဒါ႐ိုက္တာမိုက္တီးအား တာေမြၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းတြင္သာ ထိန္းသိမ္းထားရွိေၾကာင္းႏွင့္ ေတြ႕ဆုံခြင့္ရရွိေၾကာင္း မိသားစုဝင္တစ္ဦးက ေျပာသည္။

ဒါ႐ိုက္တာ မိုက္တီးကို မတ္လ ၁၁ ရက္ ေန႔လည္ပိုင္းအခ်ိန္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဘာက္ေထာ္ေနအိမ္၌ လာေရာက္ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္ၿပီး၊ ၎အေနျဖင့္ လူမႈကြန္ရက္စာ မ်က္ႏွာေပၚတြင္ ေရးသားတင္ခဲ့ေသာ ပို႔စ္တစ္ခုေၾကာင့္ ဖမ္းဆီးထိန္းသိမ္းျခင္းျဖစ္ေၾကာင္း သိရသည္။

“ ေလာေလာဆယ္ကေတာ့ တာေမြစခန္းမွာပါဘဲ။ သူက အူမႀကီးကင္ဆာေရာဂါ ခံစားေနရေတာ့ အရမ္းစိတ္ပူေနတာ။ သူ႔ေဆးေတြက အဆက္အျမတ္ေသာက္ရတဲ့ ေဆးေတြ ျဖစ္ေနတာေလ။ ပုဒ္မ ၅၀၅- ပါဘဲရွင့္။ က်န္တာေတြကေတာ့ ေလွ်ာက္ေျပာၾကတာပါဘဲ။ ေတြ႕ဆုံခြင့္ဆိုတာက ခဏ ခဏ ေတာ့မရဘူး။ ဒါေပမယ္ တာ​ေမြစခန္းကိုေတာ့ မိသားစုအေနနဲ႔ ေတြ႕ခြင့္ရဖို႔ ေတာင္းရတာေပါ့” ဟု ဆိုသည္။

လက္ရွိတြင္ ဒါ႐ိုက္တာမိုက္တီး၏ မိသားစုဝင္မ်ားက အမႈ အတြက္ ေရွ႕ေနငွားရန္ တိုင္ပင္ေနၾကေၾကာင္း သိရသည္။

ဒါ႐ိုက္တာ မိုက္တီးအား ၿပီးခဲ့ေသာ ၂၀၂၁ ခုႏွစ္ ဧၿပီလအတြင္း၌ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅-က ျဖင့္ ဖမ္းဝရမ္းထုတ္ခံထားရာမွ လာေရာက္ဖမ္းဆီးျခင္းမရွိဘဲ၊ တစ္ႏွစ္ျပည့္ခါနီးအခ်ိန္မွ လာေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း မိသားဝင္တစ္ဦးက ဆိုသည္။

ဒါ႐ိုက္တာ မိုက္တီးသည္ ၂၀၁၈ ခုႏွစ္၌ မူးယစ္ေဆးဝါးလက္ဝယ္ေတြ႕ရွိမႈ ပုဒ္မ ၁၆(ဂ)ျဖင့္ ဖမ္းဆီးခံခဲ့ရၿပီးေနာက္ အူမႀကီးကင္ဆာ ေရာဂါခံစားေနရသူျဖစ္သျဖင့္ အာမခံျဖင့္ ျပန္လည္ လႊတ္ေပးခံထားရသူလည္း ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here