တရားမဝင် မြန်မာနိုင်ငံသားများ ထိုင်းတွင် ဖမ်းဆီးခံရ

0
164

(Unicode)

တရားမဝင် မြန်မာနိုင်ငံသားများ ထိုင်းတွင် ဖမ်းဆီးခံရ

 ယနေ့ မတ်လ ၁၅ ရက် နံနက်က တရားမဝင် မြန်မာနိုင်ငံသား ၃၆ ဦး ဖမ်းဆီးခံရကာ ယခုအခါ မဲ့ဆောက်ရဲစခန်းသို့ရောက်ရှိနေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

“ဒီနေ့ မနက် ၄ နာရီ ခွဲလောက်က မြန်မာနဲ့ ထိုင်း နယ်စပ် မဲ့ဆောက်ခရိုင်အတွင်းဘက် မှာ ဖမ်းမိတာ၊ ကား ၂ စီး နဲ့ လမ်းပြ နဲ့ အားလုံးကို ဖမ်းမိတာ။အခုက အဖမ်းခံရတာကို သိသိနဲ့လည်း နေ့တိုင်းလာနေကြတယ်” ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ကိုင်နေသူတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားမှာ အမျိုးသား ၂၆ ဦး ၊ အမျိုးသမီး ၁၀ ဦး ဖြစ်ပြီး ယင်းတို့အား ထိုင်းနိုင်ငံသား လမ်းပြ ၂ ဦး ၊ ကား နှစ်စီးနှင့်အတူ ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် တစ်ဦးလျှင် ပွဲစားခ ၁၈၀၀၀ ဘတ်ပေးဆောင်ရကြောင်း၊ဖမ်းဆီးမိသူများအား ATK ဖြင့် ကိုဗစ်ကျန်းမာရေးစစ်ဆေးမှု လုပ်ဆောင်ကာ တတ်ခရိုင် မဲ့ဆောက်ရဲစခန်းတွင် ဖမ်းဆီးပို့ဆောင်ထားကြောင်း သိရသည်။

(Zawgyi)

တရားမဝင္ ျမန္မာႏိုင္ငံသားမ်ား ထိုင္းတြင္ ဖမ္းဆီးခံရ

 ယေန႔ မတ္လ ၁၅ ရက္ နံနက္က တရားမဝင္ ျမန္မာႏိုင္ငံသား ၃၆ ဦး ဖမ္းဆီးခံရကာ ယခုအခါ မဲ့ေဆာက္ရဲစခန္းသို႔ေရာက္ရွိေနေၾကာင္း ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအေရးလုပ္ကိုင္ေနသူမ်ားထံမွ သိရသည္။

“ဒီေန႔ မနက္ ၄ နာရီ ခြဲေလာက္က ျမန္မာနဲ႔ ထိုင္း နယ္စပ္ မဲ့ေဆာက္ခ႐ိုင္အတြင္းဘက္ မွာ ဖမ္းမိတာ၊ ကား ၂ စီး နဲ႔ လမ္းျပ နဲ႔ အားလုံးကို ဖမ္းမိတာ။အခုက အဖမ္းခံရတာကို သိသိနဲ႔လည္း ေန႔တိုင္းလာေနၾကတယ္” ဟု ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအေရးလုပ္ကိုင္ေနသူတစ္ဦးကေျပာသည္။

ဖမ္းဆီးခံရေသာ ျမန္မာႏိုင္ငံသားမွာ အမ်ိဳးသား ၂၆ ဦး ၊ အမ်ိဳးသမီး ၁၀ ဦး ျဖစ္ၿပီး ယင္းတို႔အား ထိုင္းႏိုင္ငံသား လမ္းျပ ၂ ဦး ၊ ကား ႏွစ္စီးႏွင့္အတူ ဖမ္းဆီးမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ရန္ တစ္ဦးလွ်င္ ပြဲစားခ ၁၈၀၀၀ ဘတ္ေပးေဆာင္ရေၾကာင္း၊ဖမ္းဆီးမိသူမ်ားအား ATK ျဖင့္ ကိုဗစ္က်န္းမာေရးစစ္ေဆးမႈ လုပ္ေဆာင္ကာ တတ္ခ႐ိုင္ မဲ့ေဆာက္ရဲစခန္းတြင္ ဖမ္းဆီးပို႔ေဆာင္ထားေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here