မတ္တရာမြို့နယ်၌ ကွမ်းယာဆိုင်အနီး၌ထိုင်နေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးသေနတ်ဖြင့်ပစ်သတ်ခံရ

0
339

မတ္တရာမြို့နယ်၌ ကွမ်းယာဆိုင်အနီး၌ထိုင်နေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးသေနတ်ဖြင့်ပစ်သတ်ခံရ

 

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ကံဘဲ့ကျေးရွာအုပ် စု၊ကံဘဲ့ကျေးရွာ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးသည် မတ် ၁၅ ရက်နံနက် ၈ နာရီခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးဝင်းမင်းတိုး(၄၉)နှစ်သည် နေအိမ်မှလမ်းလျှောက်ရန်ထွက်သွားပြီးနောက် ကျေးရွာထိပ်ရှိ ရွှေတစ်ချောင်းမြောင်းဘောင်အနီး၌ ပိတ်ထားသည့်ကွမ်းယာဆိုင်အနီးတွင် ထိုင်၍နားနေစဥ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

အမည်မသိအမျိုးသားနှစ်ဦးမှ စိမ်းပုတ်ရောင် 125 ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဦးဝင်းမင်းတိုးအား သေနတ်ဖြင့်တစ်ချက်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူကအခင်းဖြစ်တဲ့နေရာမှာတစ်ယောက်ထဲထိုင်နားနေတုန်း ရုတ်တရက်ပစ်ခံလိုက်ရတဲ့အနေအ ထားပေါ့ ကျည်ခွံတစ်ခုကိုသိမ်းဆည်းရမိခဲ့တယ် တစ်ချက်ထဲနဲ့သေဆုံးသွားတာပါ တခြားဒဏ်ရာတွေမတွေ့ပါဘူး”ဟုလုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးဝင်းမင်းတိုးသည် ဦးခေါင်းငယ်ထိပ်၌ ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာ ဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Zaw Gyi
မတၱရာၿမိဳ႕နယ္၌ ကြမ္းယာဆိုင္အနီး၌ထိုင္ေနသည့္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေသနတ္ျဖင့္ပစ္သတ္ခံရ

မႏၲေလးတိုင္း၊မတၱရာၿမိဳ႕နယ္၊ကံဘဲ့ေက်း႐ြာအုပ္ စု၊ကံဘဲ့ေက်း႐ြာ၏ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးသည္ မတ္ ၁၅ ရက္နံနက္ ၈ နာရီခန္႔က ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးဦးဝင္းမင္းတိုး(၄၉)ႏွစ္သည္ ေနအိမ္မွလမ္းေလွ်ာက္ရန္ထြက္သြားၿပီးေနာက္ ေက်း႐ြာထိပ္ရွိ ေ႐ႊတစ္ေခ်ာင္းေျမာင္းေဘာင္အနီး၌ ပိတ္ထားသည့္ကြမ္းယာဆိုင္အနီးတြင္ ထိုင္၍နားေနစဥ္ ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရျခင္းျဖစ္သည္။

အမည္မသိအမ်ိဳးသားႏွစ္ဦးမွ စိမ္းပုတ္ေရာင္ 125 ဆိုင္ကယ္ျဖင့္ေရာက္ရွိလာၿပီး ဦးဝင္းမင္းတိုးအား ေသနတ္ျဖင့္တစ္ခ်က္ပစ္ခတ္၍ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူကအခင္းျဖစ္တဲ့ေနရာမွာတစ္ေယာက္ထဲထိုင္နားေနတုန္း ႐ုတ္တရက္ပစ္ခံလိုက္ရတဲ့အေနအ ထားေပါ့ က်ည္ခြံတစ္ခုကိုသိမ္းဆည္းရမိခဲ့တယ္ တစ္ခ်က္ထဲနဲ႔ေသဆုံးသြားတာပါ တျခားဒဏ္ရာေတြမေတြ႕ပါဘူး”ဟုလုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ဦးဝင္းမင္းတိုးသည္ ဦးေခါင္းငယ္ထိပ္၌ က်ည္ေဖာက္ဝင္ဒဏ္ရာတစ္ခ်က္ရရွိကာ အခင္းျဖစ္ေနရာ၌ေသဆုံးသြားခဲ့သျဖင့္ ႐ုပ္အေလာင္းအား မတၱရာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့သည္။

ျဖစ္စဥ္မွျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ပိတ္ဆို႔ရွာ ေဖြစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here