မျှဝေခံစားတွဲလက်များ ပရဟိတ လူငယ်များအဖွဲ့က သုံးရေအခက်အခဲဖြစ်နေသော အထပ်မြင့်အဆောက်အဦးများ၏ ရေချိုးခန်းအရောက် အခမဲ့ရေပေးဝေ

0
152

မျှဝေခံစားတွဲလက်များ ပရဟိတ လူငယ်များအဖွဲ့က သုံးရေအခက်အခဲဖြစ်နေသော အထပ်မြင့်အဆောက်အဦးများ၏ ရေချိုးခန်းအရောက် အခမဲ့ရေပေးဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ မဟာမြိုင်အိမ်ယာဝန်းအတွင်း မတ် ၁၅ ရက် ညပိုင်းတွင် မျှဝေခံစားတွဲလက်များ ပရဟိတလူငယ်များအဖွဲ့က ရေပေးဝေလှူဒါန်းခဲ့ကြောင်းသိရသည်။

ယင်းသို့ အခမဲ့ ရေပေးဝေရာတွင်အထပ်မြင့်တိုက်ခန်းများ၏ ရေချိုးခန်းများအထိအရောက် ရေပုံးများဖြင့်ထမ်းကာ ပေးဝေခဲ့ကြခြင်းဖြစ်သည်။

ယနေ့ညတွင် ရေအခက်အခဲ ရှိသူများရေဖူလုံမှု ရရှိစေရေးအတွက် တစ်ပိုင်တနိုင်ရေကားများဖြင့် လာရောက်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

” ဒီလို ပရဟိတစိတ်ရှိတဲ့လူငယ်တွေရှိတော့ ကျေနပ်မိတယ်။ ရေကိုလာပို့ရုံတင်မဟုတ်ဘူး ပထမထပ်ကစလို့ ဟိုးအမြင့်ဆုံးငါးလွှာက ရေချိုးခန်းအရောက် ကာယအားသုံး
ပြီး အပြည့်ဖြည့်ပေးကြတာ။ သာဓုခေါ်ပါတယ်”ဟု ယင်းအိမ်ယာတွင်းနေ သူအချို့ကဆိုသည်။

ပူပြင်းလာပြီဖြစ်သော နွေရာသီကိုရောက်ရှိလာပြီဖြစ်သောကြောင့် သုံးရေရှားပါးခြင်း၏ ပြသနာအချို့ ရန်ကုန်မြို့ မြို့နယ်အတော်များများတွင် ကြုံတွေ့နေကြရကြောင်းသိရသည်။

Zaw Gyi








LEAVE A REPLY

Please enter your comment!
Please enter your name here