ဟိုပင်မြို့ရှိ EPC ရုံးအနီးပစ်ခတ်မှုကြောင့် တပ်မတော်အငြိမ်းစားတစ်ဦးကျည်ထိမှန်သေဆုံးခဲ့

0
133

ဟိုပင်မြို့ရှိ EPC ရုံးအနီးပစ်ခတ်မှုကြောင့် တပ်မတော်အငြိမ်းစားတစ်ဦးကျည်ထိမှန်သေဆုံးခဲ့

ကချင်ပြည်နယ်၊ဟိုပင်မြို့၊မြို့မတောင်ရပ်ကွက်ရှိ EPC ရုံးအနီးတွင် မတ် ၁၆ ရက်(ယနေ့)နံနက်ပိုင်းက ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် တပ်မတော်အ ငြိမ်းစားတစ်ဦးကျည်ထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

တပ်မတော်မှ ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည့် ဦးအောင်မျိုးသန့်သည် ၎င်း၏ကားဖြင့် စျေးဝယ်ရန်ထွက်လာစဥ် ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေ ရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သူ့ကားမှာ ကျည်ပေါက်ရာတွေအများကြီးပဲဖြစ်သွားတယ် အချက်ရေတော်တော်များတယ် ဖြစ်စဥ်က မနက် ၁၀ နာရီကျော်လောက်မှာဖြစ်သွားတာပါ ပစ်ခံရတဲ့ကားက AD Van ပါ”ဟုဒေသခံတစ်ဦးကပြောသည်။

အခင်းဖြစ်ပွားရာ‌နေရာအနီးရှိ စျေးဆိုင်ခန်းများမှာလည်း ဖြစ်စဥ်ကြောင့် ပိတ်သိမ်းသွားခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

“အခင်းဖြစ်စဥ်နေရာနားက လူတွေကိုမေးကြည့်တဲ့အခါမှာ အပြန်အလှန်ပစ်တာမဟုတ်ဘဲ တစ် ဖက်ကပဲပစ်တဲ့အသံဖြစ်တယ်လို့ပြောတာရယ် ကားမှာထိမှန်ထားတဲ့ ကျည်ထိချက်တွေကိုစစ် ဆေးကြည့်ချက်အရရယ်ဆိုရင် ကားကိုပဲပစ်တာလို့ ကနဦးကောက်ချက်ချထားတယ်”ဟုလုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အခင်းဖြစ်စဥ်နေရာနှင့်အနီးတစ်ဝိုက်၊လမ်းမများနှင့်ဖြတ်သန်းသွားလာနေသူများအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Zaw Gyi



တပ်မတော်မှ ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည့် ဦးအောင်မျိုးသန့်သည် ၎င်း၏ကားဖြင့် ဈေးဝယ်ရန်ထွက်လာစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေ ရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။


အခင်းဖြစ်ပွားရာ‌နေရာအနီးရှိ ဈေးဆိုင်ခန်းများမှာလည်း ဖြစ်စဉ်ကြောင့် ပိတ်သိမ်းသွားခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။




LEAVE A REPLY

Please enter your comment!
Please enter your name here