(၅)နှစ်အမျိုးသားစီမံကိန်းအတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ပျမ်းမျှ ၄ ဒသမ ၃ ရာခိုင်နှုန်းခန့် နစက ရည်မှန်းထား

0
158

(၅)နှစ်အမျိုးသားစီမံကိန်းအတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ပျမ်းမျှ ၄ ဒသမ ၃ ရာခိုင်နှုန်းခန့် နစက ရည်မှန်းထား

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ၏ MRCRO စီးပွားရေးအခြေအနေနှင့် စီးပွားရေးမျှော်မှန်း ချက်အနေဖြင့် နှစ်လယ်လူဦးရေပျမ်းမျှ ခန့်မှန်း ၅၅ ဒသမ ၈ သန်းပေါ်မူတည်၍ ဂျီဒီပီတိုးတက်နှုန်းအား ၃ ဒသမ ၇ ရာခိုင်နှုန်းသို့ နစကက ရည်မှန်းထားကာ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို ကျပ်သန်း ၁၂၃ ၉၃၃ ၇၄၁ ဒသမ ၉အထိ မျှော်မှန်းထားသည်ဟု မတ်လ ၁၅ရက်က ပြုလုပ်သည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)အရသိရသည်။

ကဏ္ဍကြီး အလိုက် ပုံမှန်ဈေးနှုန်းများအရ တိုးတက်မှုနှုန်းအနေဖြင့် လယ်ယာကဏ္ဍကြီး ၂ ဒသမ ၃ ရာခိုင် နှုန်း၊ စက်မှုကဏ္ဍကြီး ၄ ဒသမ ၀ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍကြီး ၄ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ရေး စီးပွားရေးပုံသဏ္ဍာန်ပြောင်းလဲမှုအနေဖြင့် ဂျီဒီပီ၌ ကဏ္ဍကြီး များ၏နှစ်အလိုက် ဈေးနှုန်းများအရပါဝင်မှု အချိုးအစားကို လယ်ယာကဏ္ဍကြီး ၂၂ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၂ ဒသမ ၇ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီး ၃၇ ဒသမ ၁ ရာခိုင်နှုန်းမှ ၃၇ ဒသမ ၁ ရာခိုင်နှုန်းမှ ၃၇ ဒသမ ၄ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၄၀ ဒသမ ၀ ရာခိုင်နှုန်းမှ ၃၉ ဒသမ ၉ ရာခိုင်နှုန်း အသီးသီးပြောင်းလဲဖြစ်ပေါ်ရန် ရည်မှန်း လျာထားသည်ကိုလည်း တွေ့ရသည်။

နစက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပေးပို့လာသည့် အချက်အလက်များနှင့် စာရင်းဇယားများအပေါ်အခြေခံ၍ (၅)နှစ်အမျိုးသား စီမံကိန်း အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ပျမ်းမျှ ၄ ဒသမ ၃ ရာခိုင်နှုန်းခန့်ရည်မှန်ထားကြောင်းပါ သိရသည်။

အမျိုးသားစီမံကိန်းရည်မှန်းချက်များ အပြည့်အဝအကောင်အထည်ဖော်ရာတွင် နိုင်ငံ၏ လူမှုစီးပွားအခြေအနေ များသာမက ပြည်ပသက်ရောက်မှု၊ ကုန်သွယ်ဘက် မိတ်ဆွေနိုင်ငံများ၏ စီးပွားရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့ကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်သတိပြုကြရန် လိုအပ်သကဲ့သို့ FDI ပိုမိုစီးဝင်စေရေး၊ ကုန်သွယ်မှု တိုးမြှင့်စေရေးအပါအဝင် မိတ်ဘက်နိုင်ငံများ နှင့် ဆက်ဆံမှုပြုရာတွင် ဥပဒေ၊ စည်းမျည်း၊ စည်းကမ်းခိုင်မာ အားကောင်းစေရေးနှင့် လုံခြုံတည်ငြိမ်ရေးသည်လည်း အရေးပါသည့် အဓိကအကျုံးဝင်သော အချက်ဖြစ် သည်ကို ဂရုပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်း တာဝန်ရှိသူများက အစည်းအဝေးတွင် လမ်းညွှန်ကြသည်။

နစကဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံ၏ အင်အားသည် စီးပွားရေးအင်အားပေါ်တွင် များစွာမူတည်နေသည့်အတွက် စီးပွားရေး ကောင်းမွန်စေရေးသည် အလွန်အရေး ကြီးပြောသည်။

ယင်းအပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းသည် အမျိုးသားဖွံ့ဖြိုးမှု(၅)နှစ် စီမံကိန်းမူဘောင်ကို အခြေခံပြီးရေးဆွဲ ထားကာ (၅)နှစ် စီမံကိန်း မူဘောင်ကို နှစ်စဉ်စီမံကိန်းများနှင့် ပြန်လည်ချိန် ညှိပြီး ပြင်ဆင်ဆောင် ရွက်ရမည်ဖြစ်သည့် အတွက် နောင်ကာလများတွင် တာဝန်ယူ ဆောင်ရွက်မည့် အစိုးရများက ပြန်လည်သုံးသပ်ဆောင်ရွက်သွားရမည်ဟု ပြောကြားခဲ့ကြောင်းတွေ့ရသည်။

Zaw Gyi

(၅)ႏွစ္အမ်ိဳးသားစီမံကိန္းအတြက္ စီးပြားေရးတိုးတက္မႈႏႈန္းကို ပ်မ္းမွ် ၄ ဒသမ ၃ ရာခိုင္ႏႈန္းခန႔္ နစက ရည္မွန္ထား

၂၀၂၂-၂၀၂၃ ဘ႑ာေရးႏွစ္ ျမန္မာႏိုင္ငံ၏ MRCRO စီးပြားေရးအေျခအေနႏွင့္ စီးပြားေရးေမွ်ာ္မွန္း ခ်က္အေနျဖင့္ ႏွစ္လယ္လူဦးေရပ်မ္းမွ် ခန႔္မွန္း ၅၅ ဒသမ ၈ သန္းေပၚမူတည္၍ ဂ်ီဒီပီတိုးတက္ႏႈန္းအား ၃ ဒသမ ၇ ရာခိုင္ႏႈန္းသို႔ နစကက ရည္မွန္းထားကာ စုစုေပါင္းျပည္တြင္းထုတ္လုပ္မႈႏွင့္ ဝန္ေဆာင္မႈတန္ဖိုးကို က်ပ္သန္း ၁၂၃ ၉၃၃ ၇၄၁ ဒသမ ၉အထိ ေမွ်ာ္မွန္းထားသည္ဟု မတ္လ ၁၅ရက္က ျပဳလုပ္သည့္ အမ်ိဳးသားစီမံကိန္းေကာ္မရွင္ အစည္းအေဝးအမွတ္စဥ္ (၁/၂၀၂၂)အရသိရသည္။

က႑ႀကီး အလိုက္ ပုံမွန္ေဈးႏႈန္းမ်ားအရ တိုးတက္မႈႏႈန္းအေနျဖင့္ လယ္ယာက႑ႀကီး ၂ ဒသမ ၃ ရာခိုင္ ႏႈန္း၊ စက္မႈက႑ႀကီး ၄ ဒသမ ၀ ရာခိုင္ႏႈန္းႏွင့္ ဝန္ေဆာင္မႈက႑ႀကီး ၄ ဒသမ ၁ ရာခိုင္ႏႈန္းတိုးတက္ေရး စီးပြားေရးပုံသ႑ာန္ေျပာင္းလဲမႈအေနျဖင့္ ဂ်ီဒီပီ၌ က႑ႀကီး မ်ား၏ႏွစ္အလိုက္ ေဈးႏႈန္းမ်ားအရပါဝင္မႈ အခ်ိဳးအစားကို လယ္ယာက႑ႀကီး ၂၂ ဒသမ ၉ ရာခိုင္ႏႈန္းမွ ၂၂ ဒသမ ၇ ရာခိုင္ႏႈန္း၊ စက္မႈက႑ႀကီး ၃၇ ဒသမ ၁ ရာခိုင္ႏႈန္းမွ ၃၇ ဒသမ ၁ ရာခိုင္ႏႈန္းမွ ၃၇ ဒသမ ၄ ရာခိုင္ႏႈန္းႏွင့္ ဝန္ေဆာင္မႈက႑ႀကီးတြင္ ၄၀ ဒသမ ၀ ရာခိုင္ႏႈန္းမွ ၃၉ ဒသမ ၉ ရာခိုင္ႏႈန္း အသီးသီးေျပာင္းလဲျဖစ္ေပၚရန္ ရည္မွန္း လ်ာထားသည္ကိုလည္း ေတြ႕ရသည္။

နစက စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနအေနျဖင့္ သက္ဆိုင္ရာ ျပည္ေထာင္စုဝန္ႀကီး ဌာနမ်ားႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားမွ ေပးပို႔လာသည့္ အခ်က္အလက္မ်ားႏွင့္ စာရင္းဇယားမ်ားအေပၚအေျခခံ၍ (၅)ႏွစ္အမ်ိဳးသား စီမံကိန္း အတြက္ စီးပြားေရးတိုးတက္မႈႏႈန္းကို ပ်မ္းမွ် ၄ ဒသမ ၃ ရာခိုင္ႏႈန္းခန႔္ရည္မွန္ထားေၾကာင္းပါ သိရသည္။

အမ်ိဳးသားစီမံကိန္းရည္မွန္းခ်က္မ်ား အျပည့္အဝအေကာင္အထည္ေဖာ္ရာတြင္ ႏိုင္ငံ၏ လူမႈစီးပြားအေျခအေန မ်ားသာမက ျပည္ပသက္ေရာက္မႈ၊ ကုန္သြယ္ဘက္ မိတ္ေဆြႏိုင္ငံမ်ား၏ စီးပြားေရးႏွင့္ ႏိုင္ငံေရးတည္ၿငိမ္မႈတို႔ကို ထည့္သြင္းစဥ္းစား ေဆာင္႐ြက္ရန္သတိျပဳၾကရန္ လိုအပ္သကဲ့သို႔ FDI ပိုမိုစီးဝင္ေစေရး၊ ကုန္သြယ္မႈ တိုးျမႇင့္ေစေရးအပါအဝင္ မိတ္ဘက္ႏိုင္ငံမ်ား ႏွင့္ ဆက္ဆံမႈျပဳရာတြင္ ဥပေဒ၊ စည္းမ်ည္း၊ စည္းကမ္းခိုင္မာ အားေကာင္းေစေရးႏွင့္ လုံၿခဳံတည္ၿငိမ္ေရးသည္လည္း အေရးပါသည့္ အဓိကအက်ဳံးဝင္ေသာ အခ်က္ျဖစ္ သည္ကို ဂ႐ုျပဳေဆာင္႐ြက္ၾကရန္ လိုအပ္ေၾကာင္း တာဝန္ရွိသူမ်ားက အစည္းအေဝးတြင္ လမ္းၫႊန္ၾကသည္။

နစကဥကၠ႒က ႏိုင္ငံတစ္ႏိုင္ငံ၏ အင္အားသည္ စီးပြားေရးအင္အားေပၚတြင္ မ်ားစြာမူတည္ေနသည့္အတြက္ စီးပြားေရး ေကာင္းမြန္ေစေရးသည္ အလြန္အေရး ႀကီးေျပာသည္။

ယင္းအျပင္ ၂၀၂၂-၂၀၂၃ ဘ႑ာေရးႏွစ္ အမ်ိဳးသားစီမံကိန္းသည္ အမ်ိဳးသားဖြံ႕ၿဖိဳးမႈ(၅)ႏွစ္ စီမံကိန္းမူေဘာင္ကို အေျခခံၿပီးေရးဆြဲ ထားကာ (၅)ႏွစ္ စီမံကိန္း မူေဘာင္ကို ႏွစ္စဥ္စီမံကိန္းမ်ားႏွင့္ ျပန္လည္ခ်ိန္ ညႇိၿပီး ျပင္ဆင္ေဆာင္ ႐ြက္ရမည္ျဖစ္သည့္ အတြက္ ေနာင္ကာလမ်ားတြင္ တာဝန္ယူ ေဆာင္႐ြက္မည့္ အစိုးရမ်ားက ျပန္လည္သုံးသပ္ေဆာင္႐ြက္သြားရမည္ဟု ေျပာၾကားခဲ့ေၾကာင္းေတြ႕ရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here